Wednesday, May 7, 2014

ကေအိုင်အေကို တိုက်ဖို့ တရုတ်က မီးစိမ်းပြလိုက်ပြီလား?

 အမေရိကန်လုပ် စနိုက်ပါများဖြင့် လေ့ကျင့်နေတဲ့ KIA တပ်ဖွဲ့ဝင်များ
ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်နေရာ
ကနေ ဗြုန်းဆို အမေရိကန်ကို ရောက်
သွားခဲ့တဲ့ KIA ကဂွမ်မော် တစ်ယောက် ပြန်လာတော့ 
အချိုးတွေ ပြောင်းခဲ့ပါပြီ။ တပ်မတော်ရဲ့ 
ထိုးစစ်တွေအောက်မှာ နဂိုကမှ တိုက်ရည်ခိုက်ရည် မရှိ။ လူထု ထောက်ခံမှုမရှိ။ ရပ်တည်ချက်မရှိဘဲ လက်နက်ကိုင်ပြီး စီးပွားရေးလုပ်စားနေတဲ့ ကေအိုင်အေတွေ အလူးအလဲခံခဲ့ရတာ အားလုံးအသိပါ။ နောက်ဆုံး လိုင်ဇာ သာ ကျန်တော့တဲ့ အထိ အခြေအနေဆိုးခဲ့တာလည်း အားလုံးအသိ။ လိုင်ဇာပဲ ကျန်တော့တဲ့ အချိန်မှာ တပ်မတော်က ထိုးစစ်မဆင်အောင် အရပ်သားတွေအားလုံးကိုလိုင်ဇာထဲခေါ်ဒုက္ခသည်အယောင်ဆောင် ခိုင်းပြီး လူသားတံတိုင်းလုပ်ခဲ့တာလဲ အကုန်လုံးအသိ။ဒီနောက်ပိုင်းမှာ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှု ကို အကြီးအကျယ် စစ်ရှုံးနေတဲ့ကေအိုင်အေတို့ မငြင်းနိုင်တော့ပဲ ဆွေးနွေးမှုတွေ  ပြုလုပ်လာပါတယ်။
  နဂိုတည်းက ခံယူချက်မရှိ တိုက်ရည် ခိုက်ရည် မရှိတဲ့ ကေအိုင်အေတို့ ဒီနည်းလမ်းပဲ လိုက်တော့မယ် ဆိုတာ သိပြီးသားပါ။ သူတို့ နောက်မှာ အားကိုးရမဲ့ တရုတ်ကလည်းမထောက်ပံ့တော့လို့ ကေအိုင်အေ မှာ ရွေးချယ်စရာ ကုန်နေခဲ့ပါပြီ။ ဒါပေမဲ့ တလောကအမေရိကန် ကို ဂွမ်မော်တစ်ယောက် သွားပြီး ပြန် လာတော့ အချိုးတွေ က တစ်မျိုး ပြောင်းသွားပြန်တယ်။ ခုပဲ ငြိမ်းချမ်းရေး လက်မှတ်ထိုးတော့မလိုလို၊ ဟိုအချက်လေး အကြောင်းပြ ဒီအချက်လေး အကြောင်းပြနဲ့ အချိန်ဆွဲနေတဲ့ ကေအိုင်အေတို့ ဘာလို့ အချိန်ဆွဲလဲဆိုတာအမေရိကန် ခရီးစဉ်က သက်သေပဲလေ။ ကေအိုင်အေတို့ အားကိုးအသစ်ရသွားတော့
အာခံလာတာပေါ့။ အမေရိကန် ခရီးစဉ်မှာ ဂွမ်မော်နဲ့ အမေရိကန်တို့ ဘာတွေ ဆွေးနွေးခဲ့လဲ
ဘာတွေ လျှို့ဝှက် သဘောတူခဲ့လဲ။ လက်နက်အထောက်အပံ့တွေ ပေးလိုက်လား ဘယ်သူမှ မသိပါဘူး။  တခြားခေါင်းစဉ်အကြောင်းပြပြီးပဲခရီးစဉ်အကြောင်း ရှင်းလင်းခဲ့တယ်။ အဲတာတွေရဲ့ နောက်ကွယ်က လျှို့ဝှက်ဆွေးနွေးမှုတွေကဘယ်သူမှ မသိတဲ့ ကိစ္စတွေပါ။

ဂွမ်မော် အမေရိကန်က ပြန်လာလာချင်း ဘာပြောခဲ့လဲ သိကြလား။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အမေရိကန်ပါဝင်ပေးဖို့ ဂွမ်မော်က တိုက်တွန်းလိုက်ပါတယ်တဲ့။ ဒီစကားဟုတ်မဟုတ် RFA မှာ ပြော ခဲ့တာ သွားဖတ်နိုင်ပါတယ်။ ကိုယ့်တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို ကိုယ်တိုင်မလုပ်ဘဲ ကြားလူကို အားကိုး လိုက်တာ ကေအိုင်အေအနေနဲ့ ဘယ်ခြေလှမ်း လှမ်းနေလဲ မှန်းဆလို့ရပါတယ်။ အားကိုးလိုက်တာကလည်း အမေရိကန်။ ဒီစကားမပြောခင်က သွားခဲ့တာကလည်း အမေရိကန်။ စဉ်းစား သာကြည့်။ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့တွေကဘာအသံမှ မထွက်ဘဲ ကေအိုင်အေက အမေရိကန် က ပြန်လာလာချင်း အမေရိကန်ကိုအားကိုးလိုက်တဲ့ လေသံထွက်လာတာ ထူးဆန်းလွန်း ပါတယ်။ နောက်ကွယ်ကနေ အမေရိကန်က ဘယ်လိုသွေးထိုးပေးပြီး ဘာတွေ လက်ဝါးရိုက်ထားလဲ ဆိုတာတော့ သွားခဲ့တဲ့ဂွမ်မော်သာ အသိဆုံးနေမှာပါ။ ဒီကြားထဲ အမေရိကန်ကို ပြေးကပ်လိုက်တဲ့ ဂွမ်မော်လုပ်ရပ်အကျိုးရှိတယ်လို့ ပြောရပါမယ်။ ဘာလို့ လဲဆို တော့ ဂွမ်မော်အပြန် အိတ်ကပ်ထဲ အမေရိကန်ဒေါ်လာ ၅ သန်းပါလာတယ်လေ။ ဒါကို ဘယ်သူမှ မသိဘူး။ ဂွမ်မော့်ကို တိတ်တိတ်လေးပေး လိုက်တာ။ ဂွမ်မော်ကလည်း ခရီးကပြန်လာတော့ ဒီအကြောင်းဘယ်သူမှ မပြောဘူး။ သတင်းမ ထုတ်ပြန်ဘူး။ ဘယ်ကသိသွားလဲဆို တရုတ် စပိုင်တွေကနေတဆင့် သိကုန်ကြတာ။ တရုတ်စပိုင်တွေဆီ ဒီသတင်းလာတာ။ ဒါကို တရုတ်ကလည်း အတည်ပြုဖို့ လိုက်နေတယ်။  ခုဆို ကေအိုင်အေထဲ ဒီဒေါ် လာတွေကိစ္စနဲ့ ဘာမှ မရှင်းလင်းလို့မကျေမနပ်တွေ ဖြစ်ကုန်ပြီ။ တရုတ်ကျေးဇူးတွေပေါ့။

တရုတ်က ကေအိုင်အေကို မကြည်တော့ဘူး။ သူ့နယ်စပ်မှာ ယူကရိန်းလို ဖြစ်မှာ စိုးရိမ်နေတယ်။ ယူကရိန်းလိုတော့ သူ့နယ်မြေတွေ မဆုံးရှုံးနိုင်ပါဘူး။ ဒါပေမဲ့သူ့နယ်စပ်မှာ မတည်မငြိမ်ဖြစ် ပြီး   သူ့ စီးပွားရေးတွေ ထိခိုက်မှာ အရမ်းစိုးရိမ်နေတယ်။ တရုတ်ဆိုတာကလည်း စီးပွားရေးဆို အထိအခိုက် မခံတဲ့ အမျိုး။ ဒါကြောင့် လည်း  ပေါက်ဖော်တွေက  သူတို့ မကြည်တော့တဲ့ ကေအိုင်အေအပေါ် သတိ ထားစောင့်ကြည့်လာတယ်။ ဒါကြောင့်လဲ  ဒီ ဒေါ်လာ ၅ သန်းကိစ္စတွေ ထွက်လာတာပေါ့။

အမေရိကန် အားကိုးနဲ့ အတင့်ရဲလာတဲ့ ကေအိုင်အေကို တရုတ်ကလည်း အပြတ်တိုက်စေချင်နေ ပြီ။ ကေအိုင်အေက ပြောတယ် မြန်မာ့တပ်မတော်နဲ့ တခြားနိုင်ငံက တပ်မတော်ချင်း ပတ်သက်မှုကို စိုးရိမ်မိတယ်တဲ့။ ဒဲ့ပြောရမယ်ဆို ကြောက်တာပေါ့။ ခုလိုအခြေအနေတောင် သူတို့ခမျာ အလူးအလဲ ခံနေရတာ။ သူတို့သာ အမေရိကန်နဲ့ ပေါင်းချင်ပေါင်းမယ်။ မြန်မာ့တပ်မတော် ကိုတော့ ပေါင်း မှာ ကြောက်နေတာကိုကြည့်ရတာ ရယ်တောင်ရယ်ချင်တယ်။ တရုတ်ကလည်း ကေအိုင်အေကို ဘယ်လောက်ပြုတ်စေချင်လဲဆို အဲလိုပြောပြီး မကြာခင်မှာ  မြန်မာနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု ကိုအစွမ်းကုန် မြှင့်တင်ချင်ပါသတဲ့။ ကဲ ဘယ်လောက်တောင်တိုက်စေချင်နေသလဲ ကြည့်တော့။ မယုံရင် ဒီလင့်မှာ သွားကြည့် http://english.peopledaily.com.cn/90883/8618696.html 

ခုဆို တိုက်ပွဲတွေ ပြန်ဖြစ်နေတာလဲ သတင်းတွေဖတ်ရတယ်။ဆွေးနွေးပွဲတွေ ကြည့်ရတာလည်း
ကေအိုင်အေ က အားကိုးရှိလို့ မာနေတဲ့ ပုံစံမျိုး။ အစိုးရနဲ့ ဆွေးနွေးတာတွေကို တင်းခံပြီးတိုက်ပွဲကို ပဲ ဦး တည် မယ်လို့ ကေအိုင်အေက ဆုံးဖြတ်ရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။ သူ့ဘာသာ အမေရိ ကန်အားကိုးယုံမကလို့ ဘာပဲဖြစ်ဖြစ် တကယ်တိုက်မယ်ဆို တရုတ်ထဲ ၀င်ပြေးမှ လွတ်တော့မယ်။ ဒါပေမဲ့ တရုတ်ကလည်း ကေအိုင်အေကို တိုက်ချင်သလောက်တိုက် သူ့ဘက်ထဲ ကေအိုင်အေ၀င်လာရင် ပစ်မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အနီးကပ်ရှိနေတဲ့ သူ့ကို အားမကိုးဘဲ အဝေးက အမေရိကန်ကြီး ပြေး အားကိုးတော့ သူ လည်းဘယ်ကြည်မလဲ။
မကြာခင် ကေအိုင်အေက မြစ်ကြီးနားမှာ လာဆွေးနွေးဖို့ အစိုးရနဲ့ ထပ်ဆွေးနွေးတော့မယ်။
ကေအိုင်အေ ဘာလုပ်မလဲ ဆိုတာကတော့ စောင့်ကြည့်ရမှာပဲ။ အခြေအနေမကောင်းရင်တော့
ကေအိုင်အေတော့ ငြိမ်းချမ်းရေး လက်မှတ်ထိုးဖို့ လူမရှိဘဲ ဖြစ်သွားလိမ့်မယ်။   မြန်မာနဲ့ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကိုအစွမ်းကုန် မြှင့်တင်ချင်ပါသတဲ့ လို့ပြောသွားတာ တရုတ်ကအရိပ်အကဲပြ လိုက် တာ။ နက်နက်နဲနဲတွေးကြည့်ရင် ဒါ ကေအိုင်အေကို အပြုတ်တိုက်ဖို့ မြန်မာအစိုးရကို မီးစိမ်းပြလိုက် တာ လားဆိုတာ ......

အောင်ဂျာ(မြစ်ကြီးနား)

No comments:

Post a Comment