Friday, May 16, 2014

ဘန်ကောက်ရှိ ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်း ဗုံးဖြင့် တိုက်ခိုက်မှု လူသုံးဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ

Photo: ဘန်ကောက်ရှိ ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်း ဗုံးဖြင့် တိုက်ခိုက်မှု လူသုံးဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ
Friday, May 16, 2014 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ အစိုးရ ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် လူသုံးဦး သေဆုံးသွားပြီး ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ဘန်ကောက်ရှိ ဒီမိုကရေစီ အထိမ်းအမှတ် ကျောက်တိုင်နေရာတွင် စခန်းချထားသော ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်းတွင် ကြာသပတေးနေ့ အစောပိုင်းက ပေါက်ကွဲသံ၊ သေနတ်သံများ ကြားရကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။

လက်ရှိအချိန်တွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ပြုတ်ကျသွားခဲ့ပြီ ဖြစ်သော်လည်း ဝန်ကြီးချုပ် နေရာကို ယင်းလပ် အစိုးရအဖွဲ့ဝင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက တာဝန်ယူထားရာ ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများက အစိုးရအဖွဲ့ကို ရွေးချယ်ခန့်အပ်သူများဖြင့် အစားထိုးရန် ထိုင်းဆီးနိတ်လွှတ်တော်ကို ဖိအားပေးလျက် ရှိသည်။

ထို့ပြင် ရွေးကောက်ပွဲ ကျင်းပမည့်ရက် သတ်မှတ်ရေးနှင့် ပတ်သက်၍ ထိုင်းယာယီအစိုးရ အဖွဲ့နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့၏ တွေ့ဆုံ ဆွေနွေးပွဲကိုလည်း ဖျက်သိမ်းရန် ယင်းလပ်ဆန့်ကျင်ရေး ဆန္ဒပြသူများက ကြာသပတေးနေ့တွင် ဖိအားပေးလျက် ရှိသည်။

အတိုက်အခံ ခေါင်းဆောင် ဆူသတ် ဦးဆောင်သော ယင်းလပ်ဆန့်ကျင်ရေး အင်အားစုများသည် ယာယီဝန်ကြီးချုပ် နဝတ်သန်ရောင်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ အစည်းအဝေး ပြုလုပ်နေသည့် လေတပ်အခြေစိုက် စခန်းတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။

“အစည်းအဝေး ပြီးသွားပါပြီ၊ ဝန်ကြီးချုပ်လည်း ထွက်ခွာသွားပါပြီ။ အစည်းအဝေး ဆက်လုပ်လို့ မရတော့ဘူး” ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်းကို အချိန်ရွှေ့ဆိုင်းရန် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ယခုကဲ့သို့ ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများကို တိုက်ခိုက်ခြင်းသည် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဆိုင်ရာ တရားရုံးက အာဏာ အလွဲသုံးစားမှုဖြင့် ဝန်ကြီးချုပ် ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို ကြာသပတေးနေ့ အစောပိုင်းတွင် လက်ပစ်ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သေနတ်ဖြင့်လည်း ပစ်ခတ်ခံရကြောင်း၊ ဒဏ်ရာရရှိသူများတွင် ဗုံးစများ ထိမှန်ထားသည်ကို တွေ့ရကြောင်း ဘန်ကောက်ရှိ အရေးပေါ်စင်တာမှ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ယခု တိုက်ခိုက်မှု ပြုလုပ်ခြင်းကို မည်သည့်အဖွဲ့ကမျှ ထုတ်ဖော်ဝန်ခံခြင်း မရှိသော်လည်း ယင်းလပ်ဆန့်ကျင်သူနှင့် ယင်းလပ်ထောက်ခံသူ နှစ်ဖွဲ့စလုံး တွင် သဘောထား တင်းမာသော လက်နက်ကိုင်များ ရှိနေကြသည်။

The Voice Weeklyထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ အစိုးရ 
ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်
စခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံ
ရခြင်းကြောင့် လူသုံးဦး သေဆုံးသွားပြီး 
၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း
 BBC သတင်းတွင် ဖော်ပြထားသည်။
ဘန်ကောက်ရှိ ဒီမိုကရေစီ အထိမ်း အမှတ် ကျောက်တိုင်နေရာတွင် စခန်းချ ထားသော ယင်းလပ် ဆန့် ကျင်ရေး ဆန္ဒပြသူများ၏ သပိတ်စခန်းတွင် ကြာသပတေးနေ့ အစော ပိုင်း က ပေါက်ကွဲသံ၊ သေနတ်သံများ ကြားရကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။
လက်ရှိအချိန်တွင် ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ပြုတ်ကျသွားခဲ့ပြီ ဖြစ်သော်လည်း ဝန်ကြီး ချုပ် နေရာကို ယင်းလပ် အစိုးရအဖွဲ့ဝင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက တာဝန်ယူထားရာ ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူ များက အစိုးရအဖွဲ့ကို ရွေးချယ်ခန့်အပ်သူများဖြင့် အစားထိုးရန် ထိုင်းဆီးနိတ်လွှတ်တော်ကို ဖိအားပေးလျက် ရှိသည်။
ထို့ပြင် ရွေးကောက်ပွဲ ကျင်းပမည့်ရက် သတ်မှတ်ရေးနှင့် ပတ်သက်၍ ထိုင်းယာယီအစိုးရ အဖွဲ့နှင့်   ရွေးကောက် ပွဲ ကော်မရှင်တို့၏ တွေ့ဆုံ ဆွေနွေးပွဲကိုလည်း ဖျက်သိမ်းရန် ယင်းလပ်ဆန့် ကျင်ရေး ဆန္ဒပြသူ များက ကြာသပတေးနေ့တွင် ဖိအားပေးလျက် ရှိသည်။
အတိုက်အခံ ခေါင်းဆောင် ဆူသတ် ဦးဆောင်သော ယင်းလပ်ဆန့်ကျင်ရေး အင်အားစုများသည် ယာယီ ဝန်ကြီးချုပ် နဝတ်သန်ရောင်နှင့် ရွေးကောက်ပွဲ ကော်မရှင်တို့ အစည်းအဝေး ပြုလုပ်နေ သည့် လေတပ် အခြေစိုက် စခန်းတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
“အစည်းအဝေး ပြီးသွားပါပြီ၊ ဝန်ကြီးချုပ်လည်း ထွက်ခွာသွားပါပြီ။ အစည်းအဝေး ဆက်လုပ်လို့ မရတော့ဘူး” ဟု ထိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံရေး အခြေအနေ မတည်မငြိမ် ဖြစ်နေခြင်းကြောင့် ရွေးကောက်ပွဲ ကျင်းပခြင်းကို အချိန်ရွှေ့ဆိုင်း ရန် ထိုင်းရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းခဲ့ကြောင်း အေအက်ဖ်ပီ သတင်း တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများကို တိုက်ခိုက်ခြင်းသည် ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကို ထိုင်းဖွဲ့စည်းပုံ အခြေခံဆိုင်ရာ တရားရုံးက အာဏာ အလွဲသုံးစားမှုဖြင့် ဝန်ကြီးချုပ် ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းလပ် ဆန့်ကျင်သော ဆန္ဒပြသူများ၏ သပိတ်စခန်းကို ကြာသပတေးနေ့ အစောပိုင်းတွင် လက် ပစ် ဗုံးများဖြင့် တိုက်ခိုက်ခံခဲ့ရပြီး သေနတ်ဖြင့်လည်း ပစ်ခတ်ခံရကြောင်း၊ ဒဏ်ရာရရှိသူများတွင် ဗုံးစများ ထိမှန် ထားသည်ကို တွေ့ရကြောင်း ဘန်ကောက်ရှိ အရေးပေါ်စင်တာမှ ဆရာဝန်တစ်ဦး က ပြောကြားသည်။
ယခု တိုက်ခိုက်မှု ပြုလုပ်ခြင်းကို မည်သည့်အဖွဲ့ကမျှ ထုတ်ဖော်ဝန်ခံခြင်း မရှိသော်လည်း ယင်းလပ် ဆန့် ကျင်သူနှင့် ယင်းလပ်ထောက်ခံသူ နှစ်ဖွဲ့စလုံး တွင် သဘောထား တင်းမာသော လက်နက် ကိုင်များ ရှိနေကြသည်။

No comments:

Post a Comment