Friday, May 23, 2014

ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာ့တပ်မတော်နှင့် RSO အဖွဲ့တိုက်ပွဲဖြစ်ပွားမှုများတွင် RSO အဖွဲ့မှ ၉ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိ

မကြာသေးမီ ရက်ပိုင်းအတွင်း မောင်တောပတ်ဝန်းကျင် တွင် ဖြစ်ပွားခဲ့သည့် မြန်မာ့တပ်မတော်နှင့် RSO ကုလားဆိုးသောင်းကျမ်းသူအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ RSO အဖွဲ့မှ ၆ ဦးကျဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာအပြင်း အထန်ရရှိ ခဲ့ကြောင်း  ဒဏ်ရာရရှိသူ ၇ ဦးမှ ၄ ဦးမှာ အဆိုပါဒဏ် ရာဖြင့်ပင်ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်း သေဆုံးသွားကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးမှ ပြောကြားခဲ့သည်။ ၎င်းမှ ပထမ တိုက်ပွဲဖြစ်တာက မေလ ၁၃ ရက်နေ့ ကပါ။ မြန် မာ့တပ်မတော်က တပ်ခွဲတစ်ခွဲနဲ့  မြန်မာနိုင်ငံထဲခိုးဝင်ဖို့ ကြိုးစားနေတာ RSO ၅၀ လောက် နဲ့ တိုက်ပွဲဖြစ်တယ်။   RSO က ၆ ယောက်သေတယ်။ ၇ ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာရှိတဲ့ အစ္စလာမ်အစွန်းရောက်အဖွဲ့တွေ က ထောက်ပံ့ထားတဲ့ ဆေးရုံမှာ ကုသတယ်လို့ ကျွန်တော်တို့ပြန်ကြားရတယ်ဟု ပြောဆိုခဲ့သည်။

 မေလ ၁၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးမှုနှင့် ပတ်သက်၍ ၎င်းမှ မေလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျွန်တော်တို့ နယ်ခြားစောင့်ရဲက မိုင်တိုင် ၅၃ နား နယ်စပ် ခြံစည်းရိုးအတိုင်းလုံခြုံရေးလုပ်နေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကနေ RSO အင်အား၆၀ လောက်စောင့်ပြီး တော့ပစ်ခဲ့ပါတယ်။ ဒီလို ခြောင်းမြောင်းပစ် ခတ်ခဲ့ တဲ့အတွက် ကျွန်တော်တို့ဆီက ရဲတပ်သား ၄ ဦးကျဆုံးခဲ့ပါတယ်။ ဒါပေမယ့် တိုက်ပွဲ ဖြစ်ပြီး မိနစ် ၂၀ လောက်မှာ တပ်က စစ်ကူရောက်လာပြီး ပြန် လည်တိုက်ခိုက်ခဲ့တဲ့အတွက် RSO ၃ ဦး သေ ဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ဒဏ်ရာရသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း တောထဲမှာ ဆရာ ၀န်ခေါ် ကုသနေတဲ့အကြောင်း ကျွန်တော်တို့သတင်းပေးတွေ ကတဆင့် သိရပါတယ်ဟု ပြောဆို သွားသည်။
          ၎င်းမှ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသတွင် နယ်ခြားစောင့်ရဲတပ်ရင်းများကို တာဝန်ချ ထားသော်လည်း ရဲတပ်ဖွဲ့ဝင်များမှာ တိုက်ပွဲအတွေ့အကြုံနည်းပါးခြင်းတို့ကြောင့် ယခုကဲ့ သို့ စောင့်ကြိုတိုက်ခိုက်ခံရကာ ၄ ဦး ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အကောင်းဆုံး တုန့်ပြန်နိုင်တာကတော့ တပ်ကပေါ့ဗျာ။ စစ်တပ်က ကျွန်တော်တို့ထက် အများကြီး စစ်မြေပြင် အတွေ့အကြုံရှိတယ် အဲဒီတော့ တပ်မတော်နဲ့ RSO တိုက်ပွဲဖြစ် လိုက်ရင် RSO ဘက်က အကျအဆုံး များတယ်။ တပ်က ထိခိုက်မှု သိပ်မရှိခဲ့ဘူး။ ကျွန်တော်တို့လည်း RSO သတင်းပေါ် လာ ရင် တပ်ကိုပဲ အားကိုးနေရတယ်ဟု ပြောဆိုသွားသည်။

No comments:

Post a Comment