Tuesday, May 20, 2014

ထိုင်းနိုင်ငံတွင် ၁၉ ကြိမ်မြောက် အာဏာသိမ်း

မြန်မာအတိုက်အခံခေါင်းဆောင်
များက အရေးအခင်းလုပ်ဖို့ တိုက်
တွန်းနေစဉ်မှာပင် အိမ်နီးချင်း
ထိုင်းနိုင်ငံ၌ ၁၉ ကြိမ်မြောက်
 စစ်တပ်မှ အာဏာသိမ်းဆည်း
ခဲ့ကြောင်း သတင်းရရှိပါတယ်။
ထိုင်းနိုင်ငံမှာတော့ စစ်တပ်ပိုင်

ရုပ်မြင် သံကြားတွေကနေ 
စစ်တပ်ကနေ စစ်အုပ်ချုပ်ရေး
 ကြေညာ လိုက်ပါတယ်။ ဒါဟာ 
 ထိုင်းပြည်သူအားလုံးအတွက်

 နိုင်ငံတည်ငြိမ်အေးချမ်းစေဖို့စစ်အုပ်ချုပ်ရေး ကြေညာ တာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံတွင်း ၀န်ကြီးချုပ်ယင်းလတ်ရှင်န၀ပ် ပြုတ်ကျဖို့ ဆန္ဒပြတောင်းဆိုမှုတွေနဲ့ မငြိမ်မသက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အခုလို စစ်အုပ်ချုပ်ရေးကြေညာလိုက်တာပါ။
ဒီကနေ့ မနက်လင်းအားကြီးပိုင်းမှာ ဘန်ကောက်မြို့က အရေးပါတဲ့နေရာအတော်များများမှာ စစ်တပ်က နေရာယူချထားတယ်လို့ သိရပါတယ်။ စစ်တပ်ပိုင် Channel 5 ရုပ်သံဌာနကလွဲပြီး ကျန်ရုပ်သံတွေအားလုံး ရပ်နားထားတယ်လို့ဆိုပါတယ်။ အဲဒီနေရာမှာ Channel 5 ရဲ့ လွှင့်ထုတ်ချက်ကိုပဲ ပြန်ပြနေပါတယ်။ ဝန်ထမ်းတွေကိုလည်း ရုံးပြန်တက်ဖို့ ထိုင်းစစ်တပ်က အမိန့်ပေးထားပါတယ်။
ဝန်ကြီးချုပ် ယင်းလတ်ကိုတော့ ဖွဲ့စည်းပုံအ ခြေခံဥပဒေခုံရုံးကနေ အဂတိလိုက်စားမှုစွဲချက်နဲ့ ရာထူးကနေ အခု လအစောပိုင်း ဖယ်ရှားခဲ့ပါတယ်။
ဒါပေမယ့် ၀န်ကြီးချုပ်ယင်းလတ်ဦးဆောင်တဲ့ ပါတီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ဆန္ဒပြမှုတွေဟာ အကြမ်းဖက်မှုတွေအထိ တိုးလာခဲ့ပါတယ်။ ထိုင်းနိုင်ငံတွင်းမှာစစ်တပ်ဟာ မကြာမကြာ အာဏာသိမ်းလေ့ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ ၈၁ နှစ်တာ သမိုင်းအတွင်း စစ်တပ်က အကြိမ်ပေါင်း ၁၈ ကြိမ် အာဏာသိမ်းခဲ့ဖူးတာပါ။ 

 မြန်မာနိုင်ငံတွင်လည်း လူထုလမ်းပေါ်ထွက်ကာ ၂၀၁၄ အရေးအခင်း မကြာခင်မှာ ကျင်းပတော့မှာဖြစ်ပြီး မြန်မာစစ်တပ်အနေနဲ့ ထိုင်းစစ်တပ်ကို အတုယူ သင့်ကြောင့် မြန်မာ့အရေး ကျွမ်းကျင်သူများက ဝေဖန်နေကြပါတယ်။
.. www.MyanmarExpress.net

No comments:

Post a Comment