Wednesday, May 14, 2014

ဧရာဝတီမြစ်ရေ ရုတ်တရက်တိုးမည် မြစ်ရိုးတစ်လျှောက် နေထိုင်သူများ သတိထားရန်လို

မေလ ၁၁ ရက် ၂၀၁၄ ခုနှစ်
ဧရာဝတီမြစ်ရေ ရုတ် တရက်တိုးလာနိုင်ကြောင်း မိုး လေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ သတိပေးချက် ထုတ်ပြန်ပြီး မြစ်တွင်းသွား ရေ ယာဉ်များနှင့် မြစ်နှင့်အနီးတစ် ဝိုက်နေထိုင်သူများ ဂရုပြုနေထိုင် ကြရန် သတိပေးချက်ထုတ်ပြန် လိုက်သည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက အဆိုပါ ထုတ်ပြန်ချက်ကို မေလ ၁၀ ရက် က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်း နေ့တွင် တိုင်းထွာချက်အရ ဧရာ ဝတီမြစ်ရေသည် မြစ်ကြီးနားမြို့ ၌ ၆၈၂ စင်တီမီတာသို့ ရောက် ရှိနေပြီး ၂၄ နာရီအတွင်း ၁၃ ပေ ခန့် မြင့်တက်ခဲ့သည်။ နောက်နှစ်ရက်မှ သုံးရက်အတွင်း ဗန်းမော် မြို့နှင့် ကသာမြို့တို့၌ လက်ရှိ ရေမှတ်များအထက်ကိုးပေမှ ၁၀ ပေခန့်အထိ မြင့်တက်နိုင်ကြောင်း ခန့်မှန်းချက်ထုတ်ပြန်ထားသည်။
ထို့အပြင် နောက်လေးရက်မှ ခြောက်ရက်အတွင်း မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့၌ လက်ရှိ ရေမှတ်များအထက်ရှစ်ပေမှ ကိုးပေခန့် မြင့် တက်နိုင်ကြောင်းလည်း ခန့်မှန်း ထားသည်။
‘‘ဒီရက်ပိုင်း အထက်ပိုင်းမှာ မိုးက သဲသဲမဲမဲရွာနေပြီး ဧရာဝတီ မြစ်ရေ ရုတ်တရက် တက်နိုင်တာ ကြောင့် သတိပေးချက် ထုတ်ပြန် လိုက်တာပါ။ မိုးကတော့ ဆက် ရွာနေဦးမယ်လို့ ခန့်မှန်းထား တယ်’’ဟု မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုး ဦးက ပြောသည်။
သတိပေးချက်ထုတ်ပြန်မှု များထဲတွင် ချောက်မြို့၊ မင်းဘူး မြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတ မြို့နှင့် ဇလွန်မြို့တို့လည်း ပါဝင် ပြီး အဆိုပါမြို့များတွင် နောက် ခုနစ်ရက်မှ ၁၂ ရက်အတွင်း လက်ရှိ ရေမှတ်များ အထက်ခုနစ်ပေ မှ ရှစ်ပေခန့် မြင့်တက်နိုင်ကြောင်း လည်း ထုတ်ပြန်ထားသည်။
သို့ဖြစ်၍ ရေယာဉ်၊ လှေ၊ သင်္ဘောများအနေဖြင့် ဂရုပြုသင့် ကြောင်းနှင့် မြစ်ရေနည်းစဉ် သဲ သောင်ခုံများတွင် စိုက်ပျိုးသူများ၊ နေထိုင်ကြသူများအနေဖြင့်လည်း မြစ်ရေရုတ်တရက်တိုးလာနိုင်မှု ကို ဂရုပြုနေထိုင်သင့်ကြောင်း မိုး လေဝသနှင့် ဇလဗေဒ ညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန် သည်။ ယခုရက်ပိုင်း ရွာသွန်းနေ သောမိုးသည် မုတ်သုံမိုးမဟုတ်ဘဲ ဘင်္ဂလားပင်လယ်အော်ရှိ မုန် တိုင်းငယ်၏ အရှိန်ကြောင့် ရွာ နေခြင်းဖြစ်ပြီး အထက်ပိုင်းဒေသ ကချင်ပြည်နယ်မှသည် တောင် ပိုင်းရှိ ရခိုင်ပြည်နယ်အပါအဝင် ဒေသအနှံ့ မိုးထစ်ချုန်း ဆက်လက်ရွာနိုင်ကြောင်း မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က သတိ ပေးထားသည်။

No comments:

Post a Comment