Monday, May 12, 2014

မြန်မာအမျိုးသမီးအသင်း ကမ္ဘာ့ဖလား ၀င်ခွင့်အတွက် ယုံကြည်မှုရှိဟု နည်းပြချုပ်ပြောကြား

မြန်မာ အမျိုးသမီး အသင်း လက်ရွေးစင်အသင်း နည်းပြချုပ် ကုမာဒါက လာမည့် ၂၀၁၄ အာရှ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲမှ တဆင့် ကမ္ဘာ့ဖလား ၀င်ခွင့်အတွက် ယုံကြည်မှုရှိကြောင်း 2014 AFC Women's Asian Cup ပြိုင်ပွဲလက်ခံ ကျင်းပမည့် အိမ်ရှင် ဗီယက်နမ်နိုင်ငံ သို့ မထွက်ခွာမီ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြောကြားခဲ့သည်။
ကုမာဒါက " မြန်မာ အမျိုးသမီး အသင်းအနေနဲ့ ၂၀၁၄ အာရှ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်း တွေ ကို အနိုင်ရယူဖို့ မလွယ်သလို ပြိုင်ဘက်အသင်းတွေ ကလည်း ကျွန်တော်တို့ အသင်းကို အလွယ်တကူ အနိုင်ယူဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲမှာ အကောင်းဆုံး
စွမ်းဆောင်ရည်ရဖို့ ကျွန်တော်အနေနဲ့ ကစားသမားတွေ ကို motivate လုပ်တဲ့အခါမှာ ဆီးဂိမ်းစ်က ရတဲ့ သင်ခန်းစာတွေကို အသုံးပြုပြီးတော့ လုပ်သွားမှာ ဖြစ်ပါတယ်။" ဟု ဆိုခဲ့သည်။
2014 AFC Women's Asian Cup ပြိုင်ပွဲကို အုပ်စု နှစ်စုခွဲ၍ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာ အမျိုးသမီး အသင်းမှာအုပ်စု (B) တွင် ဒေသတွင်း မဟာပြိုင်ဘက် ထိုင်းအမျိုးသမီး အသင်းနှင့် အတူ အာရှအင်အားကြီး အသင်းများ ဖြစ်သည့် တောင်ကိုရီးယား ၊ တရုတ် အသင်းတို့နှင့် အတူ ပါဝင်လျက်ရှိသည်။ အုပ်စု (A) တွင် ဗီယက်နမ်၊ သြစတြေးလျ၊ ဂျပန်၊ ဂျော်ဒန်အမျိုးသမီး အသင်းများ ပါဝင်လျက်ရှိသည်။ 2014 AFC Women's Asian Cup ပြိုင်ပွဲ တွင် ဆီမီး ဖိုင်နယ်အဆင့် အထိ တက်ရောက်နိုင်သည့် အသင်းများနှင့်အတူ အုပ်စုတစ်ခုချင်း စီမှ တတိယနေရာ ရသည့် အ သင်းများ play-off ကစားပြီး နိုင်သည့်အသင်း တို့မှာ ၂၀၁၅ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ရရှိမည် ဖြစ်သည်။
2014 AFC Women's Asian Cup ပြိုင်ပွဲကို ၂၀၁၄၊ မေလ (၁၄) မှ (၂၅) ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပသွားမည် ဖြစ်သည်။ မြန်မာအသင်းမှာ မေလ (၁၅) ရက်နေ့တွင်တောင်ကိုရီးယား အသင်းနှင့် အုပ်စု (B) အဖွင့်ပွဲစဉ် အဖြစ် ယှဉ်ပြိုင်ကစား ကြမည် ဖြစ်သည်။

No comments:

Post a Comment