Saturday, May 17, 2014

မန္တလေးမှ စင်ကာပူသို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲမည်

မြန်မာနိုင်ငံ၏ ဒုတိယ အဖွံ့ဖြိုးဆုံး မြို့တော်ဖြစ်သော မန္တလေးမြို့ တံတားဦး အပြည်ပြည် ဆိုင်ရာ လေဆိပ်မှ စင်ကာပူသို့ ပြေးဆွဲမည့် ဒုတိယမြောက် တိုက်ရိုက် လေကြောင်းလိုင်းကို ဇွန်လ ၁၀ ရက်နေ့တွင် စတင်ပြေးဆွဲမည် ဖြစ်ကြောင်း Silk Air (Singapore Airlines) လေကြောင်းလိုင်း Passenger Sales Officer ဒေါ်အေးနွဲ့ကြည်က ပြောကြားသည်။
ခရီးသည် ၂၀၀ နီးပါး စီးနင်း လိုက်ပါနိုင်မည့် MI533 လေယာဉ် အမျိုးအစားဖြင့် မန္တလေး-စင်ကာပူ တိုက်ရိုက် လေကြောင်းလိုင်းသစ်ကို ဇွန်လ ၁၀ ရက်နေ့တွင် စတင်ပြေးဆွဲမည် ဖြစ်ပြီး တစ်ပတ်လျှင် သုံးရက် (အင်္ဂါ၊ ကြာသပတေး၊ စနေနေ့) ပြေးဆွဲသွားမည်ဖြစ်ကာ ခရီးစဉ် တစ်ကြောင်းစာအတွက် အမေရိကန် ၂၅၃ ဒေါ်လာ အနည်းဆုံး ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

အဆိုပါ မန္တလေး-စင်ကာပူ တိုက်ရိုက် လေကြောင်းလိုင်းသစ်ဖြစ်သော Silk Airline သည် Singapore Airlines နှင့် ဖက်စပ်လေကြောင်းလိုင်း ဖြစ်ကာ မန္တလေးမှ စင်ကာပူသို့ မွန်းလွဲ ၃ နာရီ ၅၅ မိနစ်တွင် စတင် ထွက်ခွာ မည် ဖြစ်ကြောင်း Silk Airline တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဘန်ကောက်၊ ကူမင်း၊ စင်ကာပူနိုင်ငံများသို့ တိုက်ရိုက်ပြေး ဆွဲ နေပြီး Silk Airline (Singapore Airlines) မှာ စင်ကာပူသို့ တိုက်ရိုက် လေကြောင်းလိုင်း ထပ်မံပြေး ဆွဲခြင်း ဖြစ်သည်။

မန္တလေးမြို့နှင့် စင်ကာပူတို့အကြား လေကြောင်း ပြေးဆွဲခြင်းကို မန္တလေး-ရန်ကုန်-စင်ကာပူ ခရီးစဉ်အဖြစ် Golden Myanmar လေကြောင်းလိုင်းက ၂၀၁၃ ခုနှစ်အတွင်း စတင်ပြေးဆွဲခဲ့သည်။

No comments:

Post a Comment