Friday, May 16, 2014

ပြည်ထောင်စု မူဆလင်ညီလာခံပြုလုပ်ရန် NLD ပါတီမှ ပံ့ပိုးကူညီမည်ဟု ဆို May 15, 2014

Friday, May 9, 2014
ပထမဆုံးအကြိမ် "ပြည်ထောင်စု တိုင်းရင်းသား မွတ်စလင် များ" ပြည်လုံးကျွတ် ညီလာခံကို လာမယ့် စက်တင်ဘာလအတွင်း ကျင်းပသွားမှာဖြစ်ကြောင်း ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျင်းပရေးကော်မတီက ထုတ်ပြန်ခဲ့ပြီးနောက် ယင်းလုပ်ငန်းစဉ်ကိုတော်ဝင်နှင်း ဆီ ဦးစိုးညွန့်နှင့် NLD ပါတီမှ  ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း သိရသည်။
     ည်ီလာခံ၏ ဦးတည်ချက်အကြောင်း ရှင်းလင်းရာတွင် "ပြည်ထောင်စု သားတွေရဲ့ တာဝန်နဲ့  ပြည်ထောင် စုသားတွေရဲ့ အခွင့်အရေးကို အပြည့်အဝရရှိချင်တယ်၊ လွတ်လပ်စွာ ယုံကြည်ကိုး ကွယ် မှုရှိတဲ့အတိုင်း အပြည့်အဝ ကိုးကွယ်ခွင့်ကို ရရှိချင်တယ်၊ နိုင်ငံတော်မှာရှိတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးအဲဒီလိုနယ်ပယ်တွေမှာလည်းကျနော်တို့အရည်အချင်းနဲ့ပါဝင်ဆောင် ရွက်ချင်တယ်၊ ဆောင်ရွက်ခွင့်လည်းရှိသင့်တယ်၊ နောက်ပြီးတော့ ဖိနှိပ်မှုတွေ၊ လူနည်းစု အခွင့် အရေးတွေကိုလည်း ထိပါးတာတွေကိုလည်း နိုင်ငံတော်အနေနဲ့ အလေးထားပြီး ပြန်လည်ဆောင် ရွက်ပေးစေချင်တယ်၊ ဒီရည်ရွယ်ချက်နဲ့လုပ်တာပါ" ဟု ပြည်ထောင်စု တိုင်းရင်းသား မွတ်စလင် များ ပြည်လုံးကျွတ် ညီလာခံ ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး တရား လွှတ်တော်ရှေ့နေ  ဦးအုန်းမောင်က မေလ ၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်း ပြော ကြား ခဲ့သည်။
ထိုအစည်းအဝေးကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်၌ ပြုလုပ်ခဲ့ရာ ပိုင်ရှင်ဖြစ်  သူ ဦးစိုးညွန့်က ခန်းမကြေး မယူဘဲ အခမဲ့ ပံ့ပိုးကူညီပေးခဲ့သည့် အပြင် မေလ ၃ ရက်နေ့ တွင် ပြုလုပ်ခဲ့သော အစည်းအဝေးသို့ တော်ဝင်နှင်းဆီ ဦးစိုးညွန့် ဦးဆောင်သည့် NLD ခေါင်းဆောင် အချို့နှင့် အတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မူဆလင်ကိုယ်စားလှယ် ၃၅၀ ဦးခန့် တက်ရောက်ခဲ့ပြီး သတင်းမီဒီယာများ ၀င်ခွင့် မပြုခဲကြောင်း သိရသည်။
ဦးစိုးညွန့် ဦးဆောင်သော NLD ခေါင်းဆောင်(၄)ဦးသည် မူဆလင် ပြည်လုံးကျွတ်ညီလာခံ ဦးဆောင် သူများဖြစ်သော ဦးကျော်ဝင်း၊ ဟာဂျီ ဦးမြင့်ဝေ(မြစ်ကြီးနား)၊ ဦးသိန်းလှိုင်၊ ဦးအောင်တင်၊ ဦးကျော်စွာ၊ ဦးမျိုးဝင်း၊ ဦးအုန်းမောင်တို့ ပဏာမညှိနှိုင်းအစည်းအဝေးတစ်ခု ပြု လုပ်ပြီး မှ ထိုအစည်းအဝေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

  တစ်နိုင်ငံလုံးရှိ မူဆလင်ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေးတွင် လူမျိုးစု အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ ရရှိနိုင်ရန်နှင့် လူမျိုးရေးအရ နစ်နာစေအောင် ဒုက္ခပေးနေခြင်းများကို မည်သို့တုံ့ပြန်ရမည်ကို ညီလာခံတစ်ရပ် ပြုလုပ်ရန် လိုအပ်လာကြောင်း၊ အရေးကြီး ပြဿနာများကို ဖြေရှင်းရန်အတွက် ည်ီလာခံပြုလုပ်ရခြင်း ဖြစ်ကြောင်း၊ ညီလာခံကျင်းပရေးကော်မတီကို တတိသိပညာရှင်များနှင့် ဖွဲ့စည်းသွားမည် ဖြစ်ကာ ညီလာခံဖွဲ့စည်းပုံစည်းမျဉ်းများကို ခေါင်းဆောင်များက ဦးဆောင် ရမည် ဖြစ်ကြောင်း၊
တော်ဝင်နှင်းဆီဦးစိုးညွန့်နှင့် NLD ပါတီခေါင်းဆောင်များက နောက်ကွယ်မှ ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း၊ ဦးစိုးညွန်တို့အနေဖြင့် NLD ပါတီ၏ ညီလာခံများကို တာဝန်ယူဆောင်ရွက်ခဲ့သူများ များစွာ ရှိနေ၍ အတွေ့အကြုံ ရှိပြီး ကောင်းစွာ ကူညီပံ့ပိုးနိုင်မည် ဖြစ်ကြောင်း ဦးဆောင်သူ ဦးသိန်းလှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

    အလားတူ မူဆလင်ခေါင်းဆောင်တစ်ဦး ဖြစ်သော ဦးအောင်တင်ကလည်း မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းတွင် မူဆလင်လူမျိုးများ ပါဝင်ခဲ့ကြောင်း၊ ဖြစ်ပေါ်နေသော ပဋိပက္ခများကို အဖြေရှာရမည် ဖြစ်ကြောင်း၊ မူဆလင်များ တိုင်းရင်းသားမျိုးနွယ်စုများတွင် ပါဝင်ခဲ့သည်မှာ မငြင်းနိုင်ကြောင်း၊ ဒီမိုကရေစီ ရရှိရေးတိုက်ပွဲများတွင်လည်း တော်ဝင်နှင်းဆီ ဦးစိုးညွန့်တို့အပါအ၀င် NLD ပါတီနှင့် ပူးပေါင်းပါဝင်ကာ ဆောင်ရွက်ခဲ့ကြသည်မှာ အထင်အရှား ဖြစ်ကြောင်း၊ ယနေ့ အစည်းအဝေး ပြုလုပ်ရေးအတွက် ဦးစိုးညွန့်က စေတနာဖြင့် ကူညီခဲ့ကာ ညီလာခံပြုလုပ်ရေးကိုလည်း အင်တိုက်အားတိုက် ပါဝင်ကူညီမည် ဖြစ်ကြောင်း၊ NLD ပါတီနှင့် မိမိတို့သည် တစ်သွေးတည်း တစ်သားတည်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

    NLD ပါတီမှ တော်ဝင်နှင်းဆီ ဦးစိုးညွန့်ကလည်း မိမိတို့ပါတီသည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးအတွက် နှစ်ရှည်လများ တိုက်ပွဲဝင်ခဲ့ကြသူများ ဖြစ်ကြောင်း၊ မိမိတို့တိုင်းရင်းသားမျိုးနွယ်စုများကို ဖိနှိပ်ခြင်း တိုက်ခိုက်ခြင်းများကို မိမိတို့ ပါတီက လက်မခံကြောင်း၊ အချို့သော အခြေအနေများတွင် လူသိထင်ရှား ပေါ်ပေါ်ထင်ထင် ရပ်တည်ပေး၍ မရသည်ကို နားလည်သဘောပေါက်ကြစေလိုကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် နိုင်ငံရေးအခြေအနေ
ပြောင်းလဲလာပါက မိမိတို့ ပါတီအနေဖြင့် အပြောင်းအလဲများ ပြုလုပ်နိုင်မည် ဟု မျှော်မှန်းထားကြောင်း၊ မိမိတို့အကြား တည်ဆောက်ထားပြီးသော ယုံကြည်မှုကို ထိန်းသိမ်းသွားရန် အရေးကြီး ကြောင်း၊ NLD ပါတီသည် လူမျိုး ဘာသာ မခွဲခြားသော ပါတီကြီး ဖြစ်ကြောင်း၊ မိမိတို့ ပါတီဥက္ကဌ ဆိုလျှင် ကုလား ဟု ခွဲခြား ခေါ်ဝေါ် သည်ကိုပင် လက်မခံသူ ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိအခြေအနေတွင် အစစအရာရာ သတိထားနေရကြောင်း၊ ဤသည်ကိုလည်း နားလည်ကြစေလိုကြောင်း၊ မိမိဆိုလျှင် မူဆလင်များဘက်မှ ရပ်တည်ပေးသည့် သံဃာများကို ရှာဖွေချဉ်းကပ်ကာ ဤစားသောက်ဆိုင်မှာပင် ဟောပြောပွဲများ ပြုလုပ်ပေးခဲ့ကြောင်း၊ မူဆလင် လူမျိုးများဘက်မှ မိမိတို့ တတ်နိုင်သမျှ ရပ်တည်ပေးလျက် ရှိကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တော်ဝင်နှင်းဆီ ဦးစိုးညွန့်က ဆက်လက် ဆောင်ရွက်မည့် အစီအမံများတွင် NLD ပါတီအနေဖြင့် လူသိထင်ရှား ကူညီပံ့ပိုးခြင်း မပြုသော်လည်း နောက်ကွယ်မှ လိုအပ်သည်များ အားလုံး ကူညီသွားမည် ဖြစ်ကြောင်း၊ ခန်းမ အသုံးပြုမှု အပါအ၀င် အခြားသော ကုန်ကျစရိတ်များကို မိမိတို့ဘက်မှ တတ်နိုင်သမျှ ပံ့ပိုးကူညီမည် ဖြစ်ကြောင်း၊ မူဆလင်များအနေဖြင့် မိမိတို့ NLD ပါတီဝင်များ အပေါ် ကျေးဇူးများစွာ ရှိခဲ့ကြောင်း၊ စစ်အစိုးရလက်ထက်တွင် မူဆလင် ကုသိုလ်ဖြစ်ဆေးရုံသည် မိမိတို့ NLD ပါတီဝင်များ ခိုကိုးရာ ဖြစ်ခဲ့ကြောင်း၊ မိမိတို့ NLD ပါတီကို မူဆလင်ကုသိုလ်ဖြစ်ဆေးရုံက မားမားမတ်မတ် ရပ်တည်ကာ ကူညီခဲ့ကြောင်း၊ NLD ရုံးချုပ် မလှုပ်နိုင်သည့်အချိန်တွင် မူဆလင်ကုသိုလ်ဖြစ်ဆေးရုံက ဌာနချုပ်သဖွယ် ရပ်တည် ဆောင်ရွက် ပေးခဲ့ကြောင်း၊ ဤကျေးဇူးကို မိမိတို့ မမေ့ကြောင်း၊ ထို့ကြောင့် NLD ပါတီသည်သာလျှင် မိတ်ဆွေတို့၏ မိတ်ဖက်ဖြစ်သည်ကို သိရှိထားရန် ပြောကြားလိုကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မြန်မာနိုင်ငံတွင် ဘင်္ဂလီလူမျိုး၁ သန်း ၃ သိန်းခန့်ရှိပြီး ရခိုင်ပြည်နယ်မှလွဲ၍
ကျန်ပြည်နယ်များအား သန်းခေါင်စာရင်း ကောက်ခံရာတွင် ၃ သိန်းကျော် ရရှိထားပြီဟု လတ်တလော ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Civil Power

No comments:

Post a Comment