Saturday, May 24, 2014

ယင်လတ်ရှင်နာဝပ်ထရာ နှင့် မိသားစုဝင်များကို စစ်အစိုးရမှ ထိန်းသိမ်း

" စစ်တပ်မှ အလုံးစုံအာဏာသိမ်းယူလိုက်သည် ဟု ကြေငြာပြီးနောက် ထိုင်း နိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်နာ ဝပ်ထရာ နှင့် ၄င်း၏ မိသားစုဝင် အများ အပြားကို အာဏာရှင် စစ်အစိုးရမှ ထိန်းသိမ်း လိုက်ပြီ ဖြစ်ပါတယ် ။
ထိုင်းစစ်တပ်ပိုင်းမှ ထိပ်တန်းအရာရှိကြီး တစ်ဦး က ယင်လပ် နှင့် တစ်ကွ သူ၏ညီမဖြစ် သူနှင့် ၄င်း၏ ယောက်ျားဖြစ် သူတို့ ကို ပါ ထိန်းသိမ်း ထားလိုက်ပြီဖြစ်ကြောင်း ရိုက်တာ သတင်းဌာနသို့ ပြောကြားသွားသည် ။
ဘီဘီစီ သတင်းဌာန ၏ ပြောကြားချက်အရ စစ်အုပ်ချုပ်ရေးခေါင်းဆောင် Gen Prayuth Chan-Och သည် ထိုင်းနိုင်ငံ ၏ ဝန်ကြီးချုပ်နေရာတွင် ဝင်ရောက်အုပ်ချုပ်မည်ဖြစ်ပြီး ရွေးကောက် ပွဲပြန်လည် ကျင်းပနိုင်သော အခြေအနေထိ စစ်အစိုးရမှ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ဆောင် ရွက်သွား မည် ဖြစ်ကြောင်းပြောကြားသွားခဲ့သည် ။
ထိုင်းနိုင်ငံ ၏ စစ်အစိုးရအာဏာသိမ်းမှုအပေါ် အမေရိကန်အစိုးရဘက်မှ ကန့် ကွက်ရှုတ်ချ ခဲ့ခြင်း များ ရှိနေသော်လည်း အာဆီယံဥက္ကဌမြန်မာနိုင်ငံဘက်မှစောင့်ကြည့်နေအုံးမည် ဟုသာသတင်း ထွက်ပေါ်ခဲ့သည် ။
မြန်မာနိုင်ငံတွင် ၈၈ အရေးအခင်းအပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် စစ်အစိုးရမှ ထိန်းသိမ်း လိုက်သော ( N.L.D ) အမျိုးသားဒီမိုကရေစီအဖွဲ့  ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်  ၏ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ် ထိန်းသိမ်းခံလိုက်ရသော သတင်းအပေါ် မည်သို့ သော လူအ ခွင့် အရေးဆိုင်ရာ တုန့် ပြန်မှု များဖြင့် ကမ္ဘာသို့ အကျယ်တဝင့်ချပြမည် ဆိုသည်မှာလည်း အလွန် တရာ စိတ်ဝင်စားစရာ ကောင်းသော ကမ္ဘာ့နိုင်ငံရေး စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပေသည် ။
စိုးမင်းထွဋ် ( L.S.O )

No comments:

Post a Comment