Saturday, May 17, 2014

telenor က မြန်မာစာစနစ်ပါဝင်သည့်ဟန်းဆက်ထုတ်လုပ်ရန် HTC နှင့် Huawei ကုမ္ပဏီနှစ်ခုကိုရွေးချယ်

telenor ကုမ္ပဏီက မြန်မာစာစနစ်ပါဝင်သည့်
 ဟန်းဆက်ထုတ်လုပ်ရန်အတွက် HTC ကုမ္ပဏီနှင့်Huawei ကုမ္ပဏီ နှစ်ခုကို Partner အဖြစ် ရွေးချယ်ထားပြီး အင်တာနက်အ သုံးပြု ရာတွင်လည်း မြန်မာဘာသာဖြင့် အသုံးပြုနိုင် မည် ဖြစ်ကြောင်း တယ်လီနောကုမ္ပဏီမှ သိရသည်။
တယ်လီနောကုမ္ပဏီမှမိုဘိုင်းဆင်းမ်ကတ် များအပြင် မိုဘိုင်းဟန်းဆက်များကိုပါ ထုတ် လုပ်ရောင်းချပေးသွားမည်ဖြစ်ပြီး မိုဘိုင်းဖုန်း များ အသုံးပြုရာတွင်လည်း 2G Network နှင့် 3G Net work ကို ထောက်ပံပေးနိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။


“အဓိကက အင်တာနက် အသုံးပြုတဲ့နေရာမှာ မြန်မာစာနဲ့လွယ်ကူစွာ အသုံးပြုနိုင်ဖို့အတွက် HTC ကုမ္ပဏီကို ရွေးချယ်လိုက်တာပါ။ အခုဆိုရင် တယ်လီနောက ဟန်းဆက်ထုတ်လုပ်ဖို့အတွက် HTC နဲ့ Huawei ကို Partner အဖြစ် ရွေးထားပါတယ်။ ပြီးတော့ ဟန်းဆက်တွေကို ရောင်းချတဲ့အခါမှာလည်း အတတ်နိုင်ဆုံး ဈေးနှုန်းသက်သာအောင် လုပ်ပေးသွားမှာပါ”ဟု တယ်လီနောမြန်မာ ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တယ်လီနောကုမ္ပဏီမှ လိုင်စင်ရရှိပြီး ရှစ်လအကြာတွင် မိုဘိုင်းဆင်းကတ်များကို ရောင်းချသွားမည်ဖြစ်ပြီး ဆင်းမ်ကက်များကို ကျပ် ၁၅ဝဝ ထက် မပိုသည့်ဈေးနှုန်းဖြင့် ရောင်းချမည်ဖြစ်သည်။ မိုဘိုင်းဖုန်း ခေါ်ဆိုခများကို တစ်မိနစ်လျှင် ကျပ်မည်မျှနှုန်းဖြင့် ကောက်ခံသွားမည်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။ ထို့ပြင် ဆင်းကတ်မျာ စတင်ရောင်းချချိန်တွင် ကြို တင်စာရင်းပေးသွင်းသူများကို ဦးစားပေး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဆင်းမ်ကတ်များ ရောင်းချနိုင်ရန် မိုဘိုင်းတာဝါတိုင်များကို တည်ဆောက်နေပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် အခြားနယ်မြို့များတွင်လည်း မိုဘိုင်းနက်ဝပ်များ လွှမ်းခြုံနိုင်အောင် လုပ်ကိုင်သွားမည် ဖြစ်သည်။ လက်ရှိတွင် တယ်လီနောမြန်မာအနေဖြင့် ဝန်ထမ်းပေါင်း ၂ဝဝ ကျော်ကို အလုပ်ခန့်အပ်လျက်ရှိပြီး နောက်ပိုင်းတွင်လည်း ဝန်ထမ်းများကို ဆက်လက်အလုပ်ခန့်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုဘိုင်းနက်ဝပ်များ တည်ဆောက်ရန်အတွက်လည်း အခြားပြည်ပကုမ္ပဏီများနှင့်လည်း ပူးပေါင်းရွေးချယ် လုပ်ကိုင်သွားမည် ဖြစ်သည်။

စောရည်နန္ဒာ

ရန်ကင်းမြို့နယ်ရှိ telenor ကုမ္ပဏီ ရုံးခွဲကိုတွေ့ရစဉ် (ဓာတ်
ပုံ-နေမျိုးထွန်း)

No comments:

Post a Comment