Thursday, May 15, 2014

ခဲယမ်း၊ ဗုံးသီးများ သိမ်းဆည်း ရမိ

နေပြည်တော် မေ ၁၃
တာချီလိတ် မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ်ဖွဲ့ ဝင်များ ပူးပေါင်း၍နယ်မြေ လုံခြုံရေးတာဝန် ထမ်းဆောင်စဉ် မေ ၁ဝ ရက် မွန်းလွဲပိုင်းက စံဖူးကျေးရွာအနီး တောင်စောင်း ရှိ မြေကြီးအောက် အနက် ၁ ပေခန့်မှ အပြာရောင်နှင့် အနက်ရောင် ပလတ်စတစ် ပုံး နှစ်ပုံး တွေ့ရှိရပြီး ၎င်း ပလတ်စတစ်ပုံး နှစ် ပုံးအတွင်းမှ အာပီဂျီ တင့်ဖျက် ဗုံးသီး ၂၄ လုံး၊ ၎င်းပို့ကျည် ၃၅ တောင့်၊ အမ်-၂၂ (၇ ဒသမ ၆၂) မမ ကျည် ၅၄၅ဝ တောင့်နှင့် ၂၆ မမ အချက်ပြ ကျည် ၈ဝ တောင့် တို့အား သိမ်းဆည်း ရမိပြီး သက်ဆိုင်ရာသို့ စနစ်တကျ အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment