Friday, May 9, 2014

တပ်မတော်နှင့် စကားကြီးလေးခွန်း

တပ်မတော်သည် မြန်မာ့လွတ်လပ်ရေး
ထက်ပင် ဖွားသက် စောသည်။ 
ထိုသို့ ရှေ့သို့ရောက်နေနှင့်သော 
တပ်မတော်နှင့်ပတ်သက်ပြီးဆိုစ
မှတ်ပြုရလောက်သော စကားခွန်း
 အကြီး၊ အငယ်များ အစဉ်အဆက်
 ပေါ်ထွက် ခဲ့သည်သာ။ ထိုစကား
အခွန်း အသွယ်သွယ်တို့ကတပ်မတော်၏ 
ပကတိ အရှိတရားများကို အနည်းနှင့်အများ ထင်ဟပ်ပြသနိုင်စွမ်းရှိသည်မှာ များစွာ သေချာသည်။
၁။ ”စစ်တပ်ဆိုတာ သေနတ်ကိုမိုးပေါ် ထောင်မပစ်ဘူး။ ပစ်ရင် မှန်အောင် ပစ်တယ်” (Army would have to be called and I would like to declare from here that if the army shoots it has no tradition of shooting into the air. It would shoot straight to hit.) ဟူသည့် စကားရပ်ရှိခဲ့သည်။ အဆိုပါစ

ကားရပ်ကို ပြောကြားခဲ့သည့် ပုဂ္ဂိုလ်သည် မြန်မာ့တပ်မတော်၏ တတိယမြောက် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ကို ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်းပင် ဖြစ်သည်။

အဆိုပါစကားကို ပြောကြားခဲ့သည့်အချိန်ကာလတွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် စစ်ဘက်မှ ပါတီ ဘက်သို့ ကူးပြောင်းနေပြီဖြစ်သော်လည်း ၎င်းရည်ညွှန်းသော စကားရပ်တွင် တပ်မတော်၏ ဓလေ့ ကို ဖော်ညွှန်း ပြသခဲ့သည်ကိုတော့ ငြင်းကွယ်၍ ရနိုင်မည်မထင်။ နိုင်ငံ၏ တည်ငြိမ်ရေးကို ပျက်ပြားအောင် ကြံရွယ်သူများ၊ အုပ်စုများကို ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သော်လည်း နောက် ပိုင်းတွင် ရပ်တည်ချက်၊ ရှုထောင့်အသီးသီးမှ ကွဲပြားခြားနားသော နားလည်ချက်၊ ဖွင့်ဆိုချက်များ ရှိခဲ့သည်။ မည်သို့ပင်ဆိုစေ စစ်တပ်သည် မိုးပေါ်ထောင်ပစ် ခဲ့ခြင်း မရှိပါ။ ပစ်မှတ်ရန်သူဟု သတ် မှတ် ယူဆခြင်း ခံရသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမှန်သမျှကို ထိမှတ်အောင် ပစ်ခတ်ခဲ့သည်သာဖြစ် သည်။တပ်မတော်၏မနော၊တပ်မတော်၏သဘောကိုထိုစကားရပ်ကသက်သေ ကောင်းကောင်းကြီး ထူခဲ့ သည်ဟု နားလည်ရသည်။
တပ်မတော်သည် ၎င်းတို့ကြံရွယ်ထားသော မဟာဗျူဟာ အစီအစဉ်၊ အစီအမံများကိုစိတ်ရှည်လက် ရှည် ဖြင့် ဖြစ်မြောက်အောင် ဆောင်ရွက်စီမံနိုင်ခဲ့သည်သာ။ အသိသာဆုံးနှင့်အမြင်သာ ဆုံး ပြယု ဂ်နှစ်ခု ကို ထုတ် နုတ်ရလျှင် နိုင်ငံရေး လမ်းပြမြေပုံ (Road Map) နှင့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥ ပဒေ(2008 Constitution)) တို့ပင် ဖြစ်သည်။
၂။ ”စစ်တပ်ကို စိတ်နဲ့တောင်မပြစ်မှားနဲ့” (must not think back or sin against the army even in your minds) ဟူသော စကားရပ်က နိုင်ငံရေးလောကတွင် အတော်ကို ဂယက်ရိုက် ခဲ့သည်။ ခေတ်စ ကားဖြင့်ပြောရလျှင် အလွန် ‘ပေါက်’ခဲ့သည်။ ထိုစကားတစ်ခွန်းကကာယကံရှင်ဖြစ်သူ သခင်အောင်ကြီး(ပေါင်းတည်)ကိုပင် နိုင်ငံရေးဘဝမှေးမှိန်ပပျောက်သွားစေခဲ့သည်အထိမုန်တိုင်း

ထန်ခဲ့သည်။ သို့သော်အဆိုပါ စကားရပ်ကို သမိုင်းသင်ခန်းစာအဖြစ် ရက်ရက်စက်စက် သင်ခန်းစာယူကြည့်လျှင် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးတွင် သော့ချက်ကျလွန်းသော လမ်းညွှန်ချက်ဖြစ်သည်ကို သုံးသပ်တွေ့ရှိရပါလိမ့်မည်။

ထိုစဉ်က နိုင်ငံရေးအင်အားစုအသီးသီး၏ တပ်မတော်အပေါ်ထားရှိသော အမြင်များသည် တိမ်လွန်း ခြင်း၊ ပေါ့ဆခဲ့ခြင်းတို့က ၁၉၈၈ ခုနှစ်အလွန် မြန်မာ့နိုင်ငံရေး သားကြောပြတ်ခြင်းကို ပြဋ္ဌာန်းစေခဲ့သည်လား ဟုပင် မေးခွန်းထုတ်ချင်စရာဖြစ်ခဲ့သည်။ တပ်မတော်ကို မည်သည့်နေရာ၊ မည်သည့်အခန်းကဏ္ဍ၊ မည်သည့် နယ်ပယ်တွင် ပြန်လည်နေရာချမည်နည်းဟူသော ဗျူဟာမြောက်စဉ်းစားချက်တို့က ထိုစဉ်ကာလကရေပန်းစား ခဲ့ဟန်မတူပေ။ များသောအားဖြင့် စစ်တပ်ကို စစ်တန်းလျားသို့ ပြန်လည်ပို့ဆောင်ရေးကိုသာ ရိုးရိုးလေးစဉ်း စားခဲ့သည်။ သို့သော်နောက်ပိုင်းဖြစ်ရပ်မှာ ၎င်းတို့ တွေးထင်ခဲ့သလို မရိုးရှင်းခဲ့သည်မှာ သမိုင်းဖြစ်ရပ်များက သက်သေကောင်းကောင်း
ထူခဲ့ပြီဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သောစကားနှစ်ခွန်းသည် မြန်မာ့တပ်မတော်၏ ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပုဂ္ဂိုလ်များဖြစ်ခဲ့သည်ကို သတိပြုမိမည်ထင်သည်။

၂ဝ၁ဝ ပြည့်နှစ် ဝန်းကျင်ကာလတွင် ဖြစ်မည်ထင်သည်။ စစ်တပ်အသိုင်းအဝိုင်းနှင့်နီးစပ်သူ (၎င်း၏ မိဘနှစ်ပါးစလုံးသည် စစ်တက္ကသိုလ်တွင် စာပေသင်ကြားရေးတာဝန်ကိုနှစ်ရှည်လများ တာဝန် ထမ်းဆောင် ခဲ့သည်။) ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ် ချောမွေ့စေရန် အပေါ်လွင်ဆုံးနှင့်အ ထွန်းတောက်ဆုံး ကူညီသယ် ပိုးပေးခဲ့သည့် မြန်မာအီဂရက်စ်ကိုထူထောင်သည့် ဆရာနေ ဝင်းမောင်၏ စကားတစ်ရပ်ကလည်း တပ်မတော်၏ သရုပ်သကန်ကို အထိမိဆုံးပေါ်လွင်အောင် ပုံဖော်နိုင်ခဲ့သည်ဟုထင်သည်။

၃။ ”လက်များ မြှောက်ထားသည့်တိုင်အောင် သေနတ်များဖြင့်ချိန်ရွယ်ထားဆဲ”ဟု ၎င်း၏ စာ တစ် ပုဒ်တွင် ရေးသားတင်ပြဖူးသည်။
ရန်သူ တပ်မတော်သားများကလက်နက်ချ အရှုံးပေးသည့်တိုင်အောင်၊ ရန်သူ့တပ်စခန်းကို သိမ်း ပိုက် ရရှိအောင်မြင်သည့်တိုင်အောင်တပ်မတော်၏ သဘော၊ သဘောဝမှာ မိမိတို့၏လက်နက်ကို ကိုယ်နှင့်တစ်ပါ တည်း ကိုင်ဆောင်သည်သာမက မိမိတို့လက်နက်ဖြင့် ရန်သူသုံ့ပန်းတို့ကို ချိန်ရွယ်ခြိမ်းခြောက်နိုင်မှ လုံခြုံသည်ဟု ခံစားနားလည်လေ့ရှိပါသည်။ ဤသည်မှာ မြန်မာ့တပ် မတော်မှ မဟုတ်၊ နိုင်ငံတကာအသီးသီးရှိ တပ်မတော်အားလုံး၏ခံယူချက်၊ အမူ အကျင့်တို့မှာ ထိုနည်းနှင်နှင်ပင် ဖြစ်သည်။လုံခြုံရေး၏အနှစ်သာရ၊စစ်ရေးသတိသည်အရာရာကို ဖြစ်တန်ရာသော ယုတ္တိဗေဒဖြင့်အခြေခံ၍သံသယဖြင့်ရှုမြင်ခြင်းပင်ဖြစ်သည်။ထိုသို့ရှုမြင်တတ်လာအောင် နှစ်ကာလ

များစွာလေ့ကျင့်ပျိုးထောင်ပေးရသည်မှာတပ်မတော်၏ ပင်မ အသက်သွေးကြော ပင် ဖြစ်သည်။

အကယ်၍ တပ်မတော်၏ အခန်းကဏ္ဍကို နိုင်ငံရေးနယ်ပယ်တွင်လျှော့ချလိုလျှင်၊ ဥပဒေပြုရေး နယ် ပယ်တွင် လျှော့ချလိုလျှင်၊ အုပ်ချုပ်ရေးနယ်ပယ်တွင် လျှော့ချလိုလျှင်တပ်မတော်၏ ဓလေ့၊ ထုံးတမ်း၊ ယဉ်ကျေး မှုလိုဖြစ်နေသော သံသယကို လျှော့ချနိုင်ဖို့ လိုအပ်ပါလိမ့်မည်။

၎။ ”တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်” (The Tatmadaw shall never betray the NationalCause) ဟူသော ဆောင်ပုဒ်ရှိသည်။ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် ထွန်းတောက်သော ပေးဆပ်မှု များစွာကိုသော်လည်းကောင်း၊ ပြည်တွင်း စစ်မက် ကာလ တွင်လည်း သူမတူအောင်စွန့်လွှတ်စွန့်စားမှုများစွာဖြင့်လည်းကောင်း နိုင်ငံတော် တည်ငြိမ်ရေးကိုထိန်းမတ်ပေးနိုင်ခဲ့သည်။ ထိုနည်းတူမြန်မာ့တပ်မတော်၏ ထူးခြားချက်မှာ အိမ်စောင့် အစိုးရ၊တော်လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီအစိုးရ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့်တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင် စီအစိုးရ စသည့် အစိုးရငါးဖွဲ့ကို ဖွဲ့စည်းတည်ထောင်ပေးနိုင်ခဲ့သည်။ ထို့ပြင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စသည့် နိုင်ငံရေးပါတီကြီး သုံးခုကို မွေးဖွားပျိုးထောင်ပေးနိုင်ခဲ့သည်။ အဆိုပါအစဉ်အလာ အဖြစ်အပျက်များကို ကြည့်လျှင် တပ်မတော်သည် အမျိုးသား နိုင်ငံရေးအခန်းကဏ္ဍတွင်ဦးဆောင်ပါဝင်မှု မည်မျှကြီးမားသည်ကို တွေ့နိုင်မည်ဖြစ်သည်။ အစိုးရငါးဖွဲ့နှင့် နိုင်ငံရေးပါတီ သုံးခုကိုသန္ဓေတည်ပေးလိုက်သော မြန်မာ့တပ်မတော် သည် တပ်မတော်၏ပုံရိပ်၊ ဥပဓိ၊ ကျင့်စဉ်၊ လမ်းစဉ်ကိုမူမည်သို့မျှ သွေဖီခံမည် မဟုတ်ပေ။

တပ်မတော်သည် သမိုင်းလိုအပ်ချက်အရ သို့မဟုတ် နိုင်ငံရေးကျိန်စာအရ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင်ပတ်သက်ရခဲ့သည့်တိုင်တပ်မတော်သည် တပ်မတော်သာဖြစ်သည်။

လက်ရှိကာလတွင် အာဏာရပါတီအဖြစ် ရပ်တည်နေသည့်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် တပ်မတော်ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့်တိုင် တပ်မတော်ကို ကိုယ်စားပြုသည်ဟု မသတ်မှတ်နိုင်ပေ။ ထိုအချက်ကို ပါတီနှင့် တပ်မတော်ပါအပြတ်အသတ်ငြင်း
ပယ်ပါလိမ့်မည်။ ထို့ပြင် ယခင် တပ်မတော်အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားခဲ့သောတိုင်းရင်းသား စည်းလုံးညီညွတ်ရေး(တစည) ပါတီသည် လည်း ထိုနည်းတူပင်။

ရောက်လွယ်အောင် ပြောရလျှင်တပ်မတော်သည် တပ်မတော်သာဖြစ်သည်။

မြန်မာ့စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးတွင် မြန်မာ့တပ်မတော်၏ ဓလေ့ထုံးတမ်း ( tradition) အပေါ် နားလည်ချက်၊ မြန်မာ့တပ်မတော်၏ဥပဓိရုပ် (Identity) ကို လေးလေးစားစား အသိအမှတ်ပြုရေး၊ မြန်မာ့ တပ်မတော်၏ ယုတ္တိဗေဒ အခြေခံသံသယ (reasonable doubt) ကိုလျှော့ချချေဖျက်ရေးတို့က မတောင်းမီ ပေးနှင့်ဖို့ လိုအပ်သည့် အရာများဖြစ်ပါလိမ့်မည်။

မြန်မာ့သမိုင်းတွင် မြန်မာ့တပ်မတော်သည် မိုးပေါ် ထောင်မပစ်ခဲ့။ မှန်အောင်ပစ်ခဲ့သည်။ စစ်တပ်ဖြစ် သော်လည်း စစ်တန်းလျားတွင် မနေခဲ့ရ။ နိုင်ငံရေးအထူးတန်း ပွဲကြည့်စင်တွင် နေခဲ့ရသည်။ စစ်မက်ကာလတွင် သေနတ်မောင်းခလုတ် တင်ရန် လက်မတွန့်၊ စစ်မဲ့ကာလတွင်မောင်းတံဖြုတ်ရန် ဝန်မလေး၊ ထိုသို့သော ဝိရောဓိ များစွာရှိနေသောတပ်မတော်သည် ကျွန်ုပ်တို့၏မြန်မာ့တပ်မတော်
ပင်ဖြစ်သည်။

ကိုဇန်

No comments:

Post a Comment