Friday, May 23, 2014

၅၉(စ)ပြင်ရန် လိုက်လျောပါက လူထုအားနှင့် ကန့်ကွက်မည်ဟု တစည ပြော

အောင်ကိုဦး| ကြာသပတေးနေ့၊ မေလ ၂၂ ရက် ၂၀၁၄ ခုနှစ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါသည့် ပုဒ်မ ၅၉(စ)ကို လွှတ်တော်က ပြင်ဆင်ပေးရန်လိုက်လျောပါ က မိမိတို့က လူထုနှင့်ကန့်ကွက်သွားမည်ဖြစ်ပြီး ယခုအချိန်သည် ပုဒ်မ၅၉(စ)ပြင်ရန် လမ်းပေါ်ထွက် ကန့်ကွက်စရာမလိုသေးကြောင်းတစညပါတီ၏ 
 ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက အခမ်းအနားအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“အသွင်ကူးပြောင်းရေးကာလကို သွားနေတယ်။ သုံးနှစ်ဆိုတဲ့ သက်တမ်းက နုနယ်သေးတော့ တကယ်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ရှိဖို့လိုသေးတယ်။ လမ်းကျဉ်းတဲ့ နိုင်ငံရေးမျိုး၊ တစ်ဖက်ပိတ်နိုင် ငံရေးကို မသွားဘဲ ဒီမိုကရေစီစနစ်ကို လက်ခံရမယ်။ PR စနစ်ကို လက်ခံရမယ်” ဟု ၎င်းက ပြော သည်။
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ(တစည) ဗဟိုကော်မတီ ဥက္ကဋ္ဌက မန္တလေးတိုင်းအတွင်းရှိ ပါတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲကို မေလ ၂၀ ရက်က ယူတိုးပီးယားခန်းမတွင် ပြုလုပ်ရာ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ ညောင်ဦးခရိုင်နှင့် မိတ္တီလာခရိုင်စသည်တို့မှ ပါတီဝင် ၄၅၀ ကျော် တက်ရောက်သည်။
“ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲကို ပြိုင်မယ်ဆိုရင်တော့ နိုင်အောင်လုပ်ရမယ်။ မျှော်မှန်း ချက် ကို ထားရမယ်။ ဘာမဆို လုပ်လို့ရတယ်။ ၀င်မလား မ၀င်ဘူးလား ၀င်မယ်ဆိုရင်တော့ နိုင်အောင် လုပ်ဖို့ လိုတယ်။ ရပ်ကျေးကနေ မြို့ရွာ ခရိုင်တိုင်းအထိ စည်းရုံးရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင် ဖို့လိုပါတယ်” ဟု ပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးသန်းတင်က ပြောသည်။
မြို့နယ်များတွင် ပါတီအမာခံများရှိရန် လိုကြောင်း အမာခံမစုစည်းနိုင်လျှင်တော့ သံသရာလည်နေ မည်ဖြစ်ကြောင်းနှင့် ပါတီက မြို့နယ်ရပ်ကျေးကို အခြေခံဖွဲ့စည်း စည်းရုံးရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ထို့အပြင်ကျေးရွာများရှိ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီးလူငယ်များအား ရွေးကောက် ပွဲကြေညာစာတမ်းပါ အချက်များကို အဆင့်ဆင့်ရှင်းပြရမည်ဖြစ်ကြောင်း၊ ပြည်သူကို ထိပ်ပေါ် တင်ပြီးတကယ်အောင်မြင်ချင်လျှင်တော့တကယ်လုပ်နိုင်မှသာ တွေ့ကြုံနေသည့်အခက်များကို 
 ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုသည်။
ဗဟိုကော်မတီဥက္ကဋ္ဌသည် ပါတီရုံးစိုက်ရာ ပြည်နယ်နှင့် တိုင်းများသို့လည်း သွားရောက်တွေ့ ဆုံ မည် ဟု ဆိုသည်။

No comments:

Post a Comment