Thursday, May 15, 2014

မန္တလေးဘူတာကြီးတွင် မိုဘိုင်းဖုန်းဖြင့် စာပေဖတ်ရူနေကြပြီ

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်
သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ အနေဖြင့် ပြည်သူ့များ အလွယ်တကူစာပေဖတ်ရူ့နိုင်ရန် စာပေရေချမ်းစင်များ၊ မိုဘိုင်း Library များအား ဘူတာကြီး၊ဆေးရုံ၊ ကားဂိတ်၊ လေဆိပ်၊ 
သင်္ဘောဆိပ်၊ ဈေး၊ ရုံး များသို့ထားရှိပေးခဲ့ရာ ယခုအခါ Public Digital Library Service စက် များတပ်ဆင်ပေးလျက်ရှိရာ မေ ၁၂ ရက်
မွန်းလွဲပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးဘူတာကြီးတွင် တပ်ဆင်၍ ပြည်သူများ ဗဟုသု တရ ရှိရေးအတွက် ထားရှိ ဆောင်ရွက်ပေးထားသည်။

''ခုလိုလူအများနဲ့ သက်ဆိုင်တဲ့ ဘူတာကြီးလိုနေရာမျိုးမှာ ထားပေးတဲ့အတွက် အဆင်ပြေတာပေါ့၊ ရထားစောင့်ရင်းဖတ်ရတာ၊ ဗဟုသုတလည်းရတာပေါ့၊ လိုင်းကလည်းအဆင်ပြေတယ်၊ Download ဆွဲရင်လည်း ခဏပဲ၊ အင်တာနက်လိုင်းဖွင့်စရာမလိုတော့ ပိုက်ဆံလည်းမကုန်ဘူး၊ ဖတ်စရာစာအုပ်တွေအများကြီးပါပြီး အလွယ်တကူဖတ်လို့ရတော့ အဆင်ပြေတာပေါ့၊ ဒါမျိုးတွေထားပေးတာ အလွန်ကောင်းပါတယ်'' လို့ ခရီးသွားပြည်သူတစ်ဦးမှ ပြောကြားသည်။

အဆိုပါ Public Digital Library Service များသည် အင်တာနက်လိုင်းမလိုအပ်ဘဲ တပ်ဆင် ပေးထား သည့်စက်နှင့် အတားအဆီးမရှိပါက ပေ ၆၅၀ အကွာအထိ ၀ိုင်ဖိုင်စနစ်ဖြင့် မိုဘိုင်းဖုန်း၊ ကွန်ပျူတာများကို အသုံးပြုကာ စာပေဖတ်ရူ့လေ့လာနိုင်မည်ဖြစ်ကြောင်းသိရသည်။ မေ ၉ ရက် ကလည်း ကုတင် (၃၀၀) ဆံ့သင်ကြားရေးဆေးရုံးကြီးနှင့် အရိုးအထူးကုဆေးရုံကြီးတွင်လည်း တပ်ဆင်ပေးခဲ့ရာ လူအများနှင့် သက်ဆိုင်သောနေရာများတွင် ဆက်လက်တပ်ဆင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်

No comments:

Post a Comment