Thursday, May 15, 2014

မြစ်ဆုံ စီမံကိန်းအပြီးသတ်ရပ်ဆိုင်းရေး ဆန္ဒပြအဖွဲ့အား မန္တလေးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးပညာဝံသ မှ မောင်းထုတ်

      မေလ ၁၀ ရက်နေ့ မြစ်ကြီးနားမြို့ ၊
 ရှမ်းစုတောင် ရပ်ကွက်တွင်တည်
ရှိသော မန္တလေးကျောင်းတိုက် ၌
ညအိပ်ရပ်နားသည့် ဧရာဝတီမြစ်ဆုံ
စီမံကိန်း အပြီးသတ်ရပ်ဆိုင်းရေး 
လမ်းလျှောက်ဆန္ဒဖော်ထုတ်
တဲ့အဖွဲ့အားမန္တလေးကျောင်းတိုက်ကျောင်း
ထိုင်ဆရာတော် ဦးပညာဝံသ မှ မောင်းထုတ်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံလုံး ဆိုင်ရာအကျဉ်းသားဟောင်းများ အစည်းအရုံး မှ အထွေထွေအတွင်းရေးမှူး ဦးရဲထွဋ်ခေါင်ဦးဆောင်တဲ့အဖွဲ့ကို ကျောင်းထိုင်ဆရာတော် က ဘာကြောင့် မောင်း ထုတ်သလဲ ဆိုတာကိုသိရှိနိုင်ရန်ရပ်ကွက်နေသူတစ်ဦးဖြစ်သည့်ဘုန်းကြီးကျောင်းတွင် ဝေယျာဝစ္စလုပ်
ကိုင်ပေးနေသူတစ်ဦးအားမေးမြန်းကြည့်ရာ
“အကျဉ်းသားဟောင်းအဖွဲ့ဆိုလားဘာလားတော့မသိဘူး ၊ လမ်းလျှောက်ဆန္ဒပြတဲ့အဖွဲ့က လိုက်ထ ရပ်ကားတွေနဲ့ ဦးပညာဝံသ ဆီမှာ ညအိပ်ရပ်နားဖို့ ခွင့်တောင်းတယ်။ အစ ကတော့ ကျောင်း ထိုင် ဆရာတော်ကြီးလည်း ခွင့်ပြုပါတယ်။ ခန ကြာတော့ အဲ့အဖွဲ့တွေက ဘုန်းကြီးကျောင်းအတွင်းမှာ အရက် သေစာတွေ သောက်စားပြီး ၊ အော်ဟစ်ဆဲဆိုပြီး အချင်းချင်း တွေ ရန်ဖြစ်တာမှ အကြီးအ ကျယ်ပဲ။ ဆရာတော်ကြီးလည်း အစက သည်းခံပေးမယ့်နောက်ပိုင်းတော့ ပြောမရ တာ နဲ့ အကုန်မောင်း ထုတ် လိုက်တာ”  ဟုဆိုသည်။
ထို့နောက် ၎င်းလမ်းလျောက်ဆန္ဒပြသည့် လိုက်ထရပ်ကားများအဖွဲ့သည် မန္တလေးကျောင်းတိုက်မှ
မောင်းထုတ်ခံရပြီးနောက်အထက်မော်ထောင်းကျေးရွာရှိသစ္စာဝါဒီဘုန်းကြီးကျောင်းသို့သွားရောက် ခွင့်တောင်း သော်လည်း ထိုကျောင်းမှ လက်မခံသဖြင့် ပြန်လည်ထွက်ခွါသွားခဲ့ရကြောင်းသတင်း ရရှိပါသည်။



မေခင်နွယ်(မြစ်ကြီးနား)

No comments:

Post a Comment