Monday, May 12, 2014

တောင်တရုတ်ပင်လယ်ကို ဘာကြောင့်လု

တောင်တရုတ်ပင်လယ်ထဲမှာ ခန်.မှန်းခြေ ရေနံစည်ပေါင်း ၇ ဘီလီယံ၊. သဘာဝဓာတ်ငွေ.ကုဗပေ
၉၀၀ ထရီလီယံထိရှိနိုင်ပြီး သဘာဝသယံဇာတတန်ဖိုးဟာ အမေရိကန်ဒေါ်လာ (၁)ထရီလီယံအထိ ရှိနိုင်တယ်လို. ခန်.မှန်းထားကြပါတယ်။ ဒါ့ကြောင့် တောင်တရုတ်ပင်လယ်ကြီးကို တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း (၅)နိုင်ငံကအပြိုင်လုနေကြပါတယ်။တရုတ် ကတော့ အငြင်းပွါးနေတဲ့နိုင်ငံတွေထဲမှာ အင်အားအကြီးဆုံးဆိုတော့ တောင်တရုတ်ပင်လယ်တစ်ခုလုံးကို သူပိုင်တယ်ဆိုပြီး ကြေငြာထားပါတယ်။
"မျောက်တွေကြောက်သွားအောင် ကြက်တစ်ကောင်သတ်ပြရသည်။ တောင်တရုတ်ပင်လယ်တွင် ဒုက္ခပေးနေသောနိုင်ငံများထဲမှ အသံအထွက်ဆုံးဖြစ်သော ဗီယက်နမ်နဲ. ဖိလစ်ပိုင်ကို ဦးတည်တိုက် ခိုက်ရမည်၊ တောင်တရုတ်ပင်လယ်အတွက် လိုအပ်ရင် စစ်အင်အားသုံးရမည်" ဆိုပြီးတရုတ်သတင်း စာတွေက ရေးသားဖူးပါတယ်။တရုတ်နိုင်ငံရဲ့ ရေကြောင်းကနေတင်သွင်းတဲ့ ရေနံနဲ. ပြည်ပကုန်
သွယ်မှုအားလုံးရဲ့ ၈၀%ဟာ တောင်တရုတ်ပင်လယ်ထဲကနေ ဖြတ်လာရတာဖြစ်တဲ့ အတွက် တောင် တရုတ်ပင်လယ်ဟာ တရုတ်တို.အတွက် မဟာဗျူဟာအရေးကြီးနယ်မြေဖြစ်နေပါတယ်။
နောက်ပြီး တရုတ်ရဲ့ရည်ရွက်ချက်က စီးပွါးရေးအတွက်သာမဟုတ်ဘဲ စစ်ရေးအတွက်ပါကြိုတင်
မျှော်တွေးပြီး တောင်တရုတ်ပင်လယ်ကို အပိုင်စီးချင်နေတာပါ။ ဘာကြောင့်လည်း ဆိုတော့ တောင် တရုတ်ပင်လယ်ထဲမှာ စပရက်တလေဆိုတဲ့ ကျွန်းစုလေးတွေရှိတယ်။ အဲကျွန်းစုလေးတွေပေါ် တရုတ်တွေက မဟာဗျူဟာမြောက်ဒုံးပျံစခန်းတွေ ထားချင်တယ်။ အဲနေရာမှာသာ တပ်စွဲခွင့်ရခဲ့ရင် သူ.ရဲ့ဒုံးပျံတွေနဲ. အရှေ.တောင်အာရှဒေသကြီးတစ်ခုလုံးကိုကောင်းကောင်းကြီးခြိမ်းခြောက်နို င်လို . ဖြစ်ပါတယ်။
ကျန်တဲ့နိုင်ငံတွေကလည်း တရုတ်ကို ဒီတိုင်းမယှဉ်နိုင်တော့ အမေရိကန်ကို အားကိုးလာကြပါတယ်။ ကြီးကြီးမားမားထိပ်တိုက်ရင်ဆိုင်မှုတွေမဖြစ်လာသေးပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ တရုတ်နဲ. ဗီယက်နမ်သင်္ဘောတွေ ထိပ်တိုက်တွေ.ဆုံမှုဖြစ်ခဲ့ပြီး ရေပိုက်နဲ. အပြန်အလှန်ထိုးမှုတွေဖြစ်ပွါးခဲ့ပြီး ဗီယက်နမ် တော်တော်များမျာ ဒဏ်ရာရသွားခဲ့တယ်လို. ဆိုပါတယ်။ တရုတ်ကတော့တောင်တ ရုတ် ပင်လယ်ထဲမှာတင်မဟုတ်ဘဲ အရှေ.တရုတ်ပင်လယ်မှာလည်း ဂျပန်နဲ. နယ်မြေလုရင်း ပြဿ နာတွေ တက်နေပါတယ်။

ထိုက်သူ

 

No comments:

Post a Comment