Friday, May 9, 2014

မြန်မာ ယူ-၁၉ အသင်း အင်ဒို ယူ- ၁၉ အသင်းနှင့် ဒုတိယ ခြေစမ်းပွဲတွင် ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရ

Photo: မြန်မာ ယူ-၁၉ အသင်း အင်ဒို ယူ- ၁၉ အသင်းနှင့် ဒုတိယ ခြေစမ်းပွဲတွင် ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရ
Friday, May 9, 2014

၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၉ရက်မှ ၂၃ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် အာရှ အသက် ၁၉နှစ်အောက် ဘောလုံးပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ ယူ- ၁၉ အသင်းသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ ၌ အင်ဒို ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားလျက်ရှိရာ ဒုတိယ ခြေစမ်းပွဲ ၂ ဂိုး- ၁ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

မေ ၅ ရက်က အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ ယှဉ်ပြိုင် ကစားခဲ့သည့် ပထမခြေ စမ်းပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၁၉ အသင်းနှင့် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုတိယ အကျော့ပွဲစဉ် တွင် အိမ်ရှင် အင်ဒိုအသင်းက ပထမပိုင်းပွဲ ချိန် ၄၅မိနစ်တွင် ပြစ်ဒဏ်ဘော Ilham Udin သွင်းဂိုးဖြင့် ၁ ဂိုး- ဂိုးမရှိဖြင့် ဦး ဆောင် နေခဲ့ပြီး မြန်မာအတွက် ဒုတိယပိုင်း ရောက်မှသာ ချေပဂိုးနှင့် အနိုင်ဂိုး သွင်းယူ နိုင်ခဲ့ခြင်းဖြစ်ကာ ကွင်းလယ်ဒိုင် Tariq Al Katiri က မြန်မာနှင့် အင်ဒို ကစား သမား တစ်ဦးစီအား အနီကတ်ပြ ထုတ်ပယ် ခဲ့သဖြင့် ၁ဝ ဦးစီဖြင့်သာ ဒုတိယပိုင်းကို ယှဉ်ပြိုင် ကစားခဲ့ရ ကြောင်း အင်ဒိုနီးရှား မီဒီယာများ၏ ရေးသား ဖော်ပြချက် အရ သိရှိ ခဲ့ရကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၈၉မိနစ်တွင် မောင်မောင်စိုးက သွင်းယူပေးခဲ့ပြီး နောက်ကျ အနိုင်ဂိုးကို ပွဲချိန် ၉၁မိနစ်တွင် နန္ဒကျော်က သွင်းယူကာ အင်ဒို နီးရှား ယူ-၁၉အသင်းကို ရှုံးပွဲကြုံတွေ့ ခဲ့စေ ခြင်းဖြစ်ပြီး မြန်မာ ယူ-၁၉အသင်းသည် ယခု နှစ်ဧပြီလ ကလည်း ရန်ကုန်တွင် ဂျပန် လက်ရွေးစင် ယူ-၁၉ အသင်းကို ၁ ဂိုး- ဂိုး မရှိဖြင့် အနိုင်ရထားသော အသင်းဖြစ်သည်။ မြန်မာ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားခဲ့သည့် အင်ဒိုနီးရှားအသင်းသည် မြန်မာအသင်း ကဲ့သို့ပင် အာရှ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် အသင်းတစ်သင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းသည် ယနေ့ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ မည် ဖြစ်ကြောင်း သိရသည်။

ကျော်ကိုဆင့်
မြ၀တီ ၂ဝ၁၄ ခုနှစ် အောက်တိုဘာ ၉ရက်မှ ၂၃ရက်အထိ မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည့် အာရှ အသက် ၁၉နှစ်အောက် ဘောလုံးပြိုင်ပွဲ အတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိ
သည့် မြန်မာ ယူ- ၁၉ အသင်းသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ ၌ အင်ဒို ယူ-၁၉ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားလျက်ရှိရာ ဒုတိယ ခြေစမ်းပွဲ ၂ ဂိုး-
၁ဂိုးဖြင့် အနိုင်ရရှိသွားကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သိရသည်။
 မေ ၅ ရက်က အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့၌ ယှဉ်ပြိုင် ကစားခဲ့သည့် ပထမခြေ စမ်းပွဲစဉ်တွင် အင်ဒိုနီးရှား ယူ-၁၉ အသင်းနှင့် တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ကြောင်း သိရသည်။ အဆိုပါ ဒုတိယ အကျော့ပွဲစဉ် တွင် အိမ်ရှင် အင်ဒိုအသင်းက ပထမပိုင်းပွဲ ချိန် ၄၅မိနစ်တွင် ပြစ်ဒဏ်ဘော Ilham Udin သွင်းဂိုးဖြင့် ၁ ဂိုး- ဂိုးမရှိဖြင့် ဦး ဆောင် နေခဲ့ပြီး မြန်မာအတွက် ဒုတိယပိုင်း ရောက်မှသာ ချေပဂိုးနှင့် အနိုင်ဂိုး သွင်းယူ နိုင်ခဲ့ခြင်းဖြစ်ကာ ကွင်းလယ်ဒိုင် Tariq Al Katiri က မြန်မာနှင့် အင်ဒို ကစား သမား တစ်ဦးစီအား အနီကတ်ပြ ထုတ်ပယ် ခဲ့သဖြင့် ၁ဝ ဦးစီဖြင့်သာ ဒုတိယပိုင်းကို ယှဉ်ပြိုင် ကစားခဲ့ရ ကြောင်း အင်ဒိုနီးရှား မီဒီယာများ၏ ရေးသား ဖော်ပြချက် အရ သိရှိ ခဲ့ရကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ သတင်းထုတ်ပြန် ခဲ့သည်။

မြန်မာအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၈၉မိနစ်တွင် မောင်မောင်စိုးက သွင်းယူပေးခဲ့ပြီး နောက်ကျ အနိုင်ဂိုးကို ပွဲချိန် ၉၁မိနစ်တွင် နန္ဒကျော်က သွင်းယူကာ အင်ဒို နီးရှား ယူ-၁၉အသင်းကို ရှုံးပွဲကြုံတွေ့ ခဲ့စေ ခြင်းဖြစ်ပြီး မြန်မာ ယူ-၁၉အသင်းသည် ယခု နှစ်ဧပြီလ ကလည်း ရန်ကုန်တွင် ဂျပန် လက်ရွေးစင် ယူ-၁၉ အသင်းကို ၁ ဂိုး- ဂိုး မရှိဖြင့် အနိုင်ရထားသော အသင်းဖြစ်သည်။ မြန်မာ အသင်းနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားခဲ့သည့် အင်ဒိုနီးရှားအသင်းသည် မြန်မာအသင်း ကဲ့သို့ပင် အာရှ ယူ-၁၉ ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် အသင်းတစ်သင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် ယူ-၁၉ အသင်းသည် ယနေ့ ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိ မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment