Monday, May 12, 2014

ဦးသိန်းစိန်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်ဖို့ ဒေါ်အောင်ဆန်းစုကြည် ခွင့်ပြုလိုက်ပြီလား




“ပန်းစကား” နဲ့ “PAN Myanmar” တို့မှာ လူမှုကွန်ယက်များပေါ်မှာ ပဋိပက္ခကြီးမား တိုးပွားအောင် ရေးသားပြောဆိုသူတွေကို ဟန့်တားမှုများ၊ စာရင်းပြုစုမှုများ ပြုလုပ်နေ ချိန် မှာ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ၏ အကြီးစားလော်ဘီ တစ်ဦးဖြစ်တဲ့ ဒီမိုဖက်တီး ဆိုသူမှာ
သမ္မတဦးသိန်းစိန်အပေါ် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ရေးသားမှုတွေ ပြင်းထန်လာတာကို တွေ့ရ ပါတယ်။ ယခုလအတွင်း ဒေါ်အောင်ဆန်းစုကြည် စုကြည်မှ ဒီမိုဖက်တီးကို သတိပေး စကားပြော ဆိုပြီးနောက် အခုလို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ပြင်းထန်သဖြင့် ဒေါ်အောင်ဆန်းစုကြည်မှ ခွင့်ပြု လိုက် တာဖြစ်နိုင်ကြောင်း အမုန်းတရားပွားစေသောစကားများကို လေ့ လာစောင့်ကြည့် သူတစ် ဦး မှ ဝေဖန်လိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ကို ထောက်ခံသော အရေးအသားများ၊ ဦးသိန်းစိန်အစိုးရ၊ ကြံ့ခိုင်ရေးပါတီ နဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးများကို တိုက်ခိုက်ရေးသား သော ဒီမို ဖက်တီး ဆိုသူ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဟန့်အတားဖြစ်စေသည့် မဘသ အဖွဲ့ကဲ့ သို့သော အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်အားလုံးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေးသားနေပြီး အထူး သဖြင့် သမ္မတဦးသိန်းစိန်ကို ရိုင်းစိုင်းသော စကားလုံးများနဲ့ တိုက်ခိုက်လာသည်ကို တွေ့ရသည်။ 
"မလေးလိုလို အင်ဒိုလိုလို မှိုလိုလို သမလဒကြီး" ၊
"သုံးသိန်းစိန်.. သူက တရုတ်အောက်ကနေပဲ ခံချင်နေတာ..."၊
"အာဆီယံဥကြီး.."၊
"ကင်းပြောင်ချုပ်"၊
"ကင်းထောက်ချုပ် ကန်းနေလို့နေမှာပေါ့.."၊ စတဲ့ ရိုင်းစိုင်းတဲ့ စကားလုံးများ ကို ပေါ်ပေါ် ထင်ထင်ပြောဆိုလာပါတယ်။

ဒီမို ဖက်တီး ဆိုသူသည် W3M အိုင်တီကုမ္ပဏီ မှ ဒေါ်မေဇင်အေးဖြစ်ပြီး လှိုင်နယ်မြေရှိ MICT Park တွင် ရုံးခန်း ဖွင့်လှစ်ထားကာ လက်ရှိ လေဒီဂျာနယ်အား ထုတ်ဝေနေသူ ဖြစ်ကြောင်း ‘ပန်းစကား’ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှဆိုသည်။ မေဇင်အေး၏ ဒီမို ဖက်တီး အကောင့်မှ ဖော်ပြနေသည်များ မှာ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆ ကြောင်း ၎င်းမှ ဆက်ပြောသည်။
ဒီမို ဖက်တီး အကောင့်မှ ရေးသားဖော်ပြနေမှုများသည် ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားများ၊ ရပ်တည်ချက်များ မဟုတ်ကြောင်း တိကျခိုင်မာစွာသော အဖြေကိုပေးရန် ဒေါ်အောင်ဆန်းစုကြည်မှ နှုတ်ဆိပ်လျှက်ရှိပါတယ်။ ဒါ့အပြင် ယခင်က ဒီမိုဖက်တီး ရေးသားဖော်ပြနေသည်များမှာ ပြည်တွင်ငြိမ်းချမ်ရေး၊ အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စသည်တို့ အကုန်လုံးကို ပြင်းပြင်းထန်ထန် ထိခိုက်နစ်နာစေသော အချက်အလက်များ ဖြစ်နေ သော်လည်း ယခု အခါ သမ္မတဦးသိန်းစိန်ကို တိုက်ရိုက် ပုဂ္ဂိုလ်ရေးအရ ထိခိုက်သော စကားများသာဖြစ်ကြောင်း တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးသိန်းစိန်ကို အောက်လမ်းနည်းဖြင့် တိုက်ခိုက်ခြင်းများ မလုပ်သင့်ကြောင်းနဲ့ ကိုယ်ကိုယ်တိုင် မလုပ်သင့်သလို လက်အောက်ရှိ NLD ပါတီဝင်များရဲ့ လုပ်ဆောင်မှုများကိုလည်း ဟန့်တားသင့်ကြောင့် ဝေဖန်မှုတွေ ရှိနေပါတယ်။
 

... www.MyanmarExpress.net

No comments:

Post a Comment