Wednesday, May 21, 2014

ပြင်ချိန်တန်

ဘောင်းဘီတို ဖင်ကြပ်နှင့်
ရင်လှပ်လို့ ကျော်ပေါ်
အမြင်ဓာတ် မတော်မလျော်အောင်
မပေါ့်တပေါ်ဝတ်ထား။
အနောက်တိုင်း ဟန်ကိုယူ
မြန်မာမူ ပျက်ပေါ့တကား ...။

တိုစကတ် လောင်ကင်ရှာ
ပေါင်မြင်သာ ဖိတ်ကြား
လောင်ထင်ကာ စိတ်ကစားလို့မုတ်ဆိတ်ကျား လက်မှာ။
အသုံးတော် ထိုးဆက်သ
မျိုးပျက်မ များလှပြီဗျာ ...။

အများစု ကျားမြန်မာရယ်
စီးပွားရှာ လစ်ဟင်းလို့
ယစ်မူးရင်း ရောဂါတွယ်
စောသေကြတယ်။
မျိုးပျက်လို့ ဘာသာကွယ်မယ်
ပြင်ပါကွယ် မီသေးရဲ့လေး ....။ ။

ရွှေဘိုမျိုးချစ်မောင်

No comments:

Post a Comment