Friday, May 16, 2014

တိုင်းပြည် ဆူဆူပူပူ ဖြစ်လျှင် ကိုယ့်တိုင်းပြည်သာ နစ်နာမည် ဖြစ်ကြောင်း ဦးသိန်းစိန် ပြော

Friday, May 16, 2014
တိုင်းပြည် ဆူဆူပူပူဖြစ်လျှင် ကိုယ့်တိုင်းပြည်သာ နစ်နာ မည် ဖြစ်ကြောင်း၊ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး    နိုင်ငံချစ်သည့် ရဟန်းရှင်လူ ပြည်သူများ ၀ိုင်းဝန်း ကာကွယ်ရမည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က

 ပြောကြားသည်။
ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားမျှတပြီး လွတ်လပ်သည့်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကိစ္စများသည် မိမိတို့၏ ပြည်တွင်းရေးဖြစ်ကြောင်း၊ မိမိတို့၏ အချုပ်အခြာ

အာဏာကို အထိအပါးမခံဘဲ ဥပဒေဘောင် အတွင်းက ဆောင် ရွက်သွား ရမည် ဖြစ်ကြောင်း၊ ယင်းကိစ္စများကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်မှာကို မည်သူ မျှ မလိုလားကြကြောင်း၊ ယနေ့ ဆူဆူပူပူ ဖြစ်နေသည့် နိုင်ငံများ၏ သင်ခန်းစာကို ယူကြရမည်ဖြစ် ပါကြောင်း ယမန်နေ့ ညနေက မန္တလေးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် ၂၀၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ အခမ်းအနားတွင် ပြောကြားသည်။
၂၀၁၄ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုကို ဧပြီ ၁ မှ စ၍နိုင်ငံတ၀န်း ၂၉ မြို့နယ် တွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ရပ်ကွက် ကျေးရွာ ၁၁၆၃ ခု၌ စာသင်ဝိုင်း ၄၄၄၇ ၀ိုင်းဖြင့် စုစုပေါင်း ၄၆၄၇၉ ဦးကို သင်ကြား ပေးနိုင်ခဲ့ကြောင်း သိရသည်

No comments:

Post a Comment