Saturday, May 24, 2014

ထိုင်းစစ်တပ် မကောင်းကြောင်း ရေးသည့် Facebook များကို ချက်ချင်းပိတ်ပြီး သက်ဆိုင်သူကို တရားစွဲပြီ..

ထိုင်းနိုင်ငံတွင် Facebook နှင့် လူမှု
ကွန်ရက်များတွင် တပ်မတော်မှ 
အာဏာသိမ်းမှုနှင့် တပ်မတော် 
 ခေါင်းဆောင်များကို ကိုဝေဖန်ပြော
ဆိုခြင်း (သို့) ဆန့်ကျင်ခြင်း အစရှိ
သည့် ဖော်ပြမှုမျိုးရှိပါက မည်သည့်
လူမှုကွန်ရက် ကိုမဆို ပိတ်မည်ြ
ဖစ်ကြောင်း အာဏာသိမ်း အဖွဲ့က 
ယနေ့ သတိပေးသည်။
"လူမှုကွန်ရက်ကို အသုံးပြုသူတွေအနေနဲ့ အာဏာသိမ်းကောင်စီကို ဝေဖန်တာမျိုး ဆန့်ကျင်တာ

မျိုးလက်ရှိ ဥပဒေကိုချိုးဖောက်တာ မျိုးတွေ ဖြစ်အောင် လှုံ့ဆော် တဲ့စာသားမျိုးတွေ မရေးကြပဲ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက် ရန် အမိန့်ထုတ်ထားပါတယ်.. အကယ်၍  မလိုက်နာပဲ ဆန့်ကျင် တာ တွေ့ရပါက အဆိုပါ လူမှုကွန်ရက် ၀န်ဆောင်မှုကို ချက်ခြင်းပိတ်ပစ်ပြီး၊ သက်ဆိုင်သူကိုလဲ ချက်ခြင်းဆင့်ခေါ်တရားစွဲမှာပါ" ဟု အာဏာသိမ်းကောင်စီမှ ဆိုသည်။

ထိုင်းနိုင်ငံတွင် ယခင်ကတည်းက နိုင်ငံဦးသျှောင်ကို အင်တာနက်ပေါ်တွင် အပြစ်တင်ဝေဖန်ပါ က ထောင်ချလေ့ရှိပြီး ယခုအခါ စစ်တပ်ကိုပါ အပစ်တင်ဝေဖန်တာမျိုး မလုပ်ဖို့ စည်းကမ်းထုတ် လိုက်ခြင်းဖြစ်သည်။ .. www.MyanmarExpress.net

No comments:

Post a Comment