Friday, May 23, 2014

ထိုင်းတွင် စစ်တပ်အာဏာသိမ်း

ဘန်ကောက်− အစိုးရကို စစ်တပ်က 
 ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ပြောကြား
ရင်း အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း 
 ထိုင်းစစ်တပ်အကြီးအကဲက ပြောကြားသည်။
နိုင်ငံရေးမငြိမ်သက်မှု လပေါင်းများစွာ ကြာမြင့် ခဲ့ပြီးနောက် စစ်ဘက်က အာဏာသိမ်းလိုက် သည်ဟုထိုင်းစစ်တပ်အကြီးအကဲက  နိုင်ငံတော်သို့ ရုပ်သံ မှပြောသော မိန့်ခွန်းတွင် ပြောသည်။
တည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေးလုပ်ဆောင်ကာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ပြဋ္ဌာန်းသွား မည်ဟု ကြည်းတပ်အကြီးအကဲ ပရာယွတ်ချန်အိုချာက ပြောကြားသည်။
နိုင်ငံရေးပါတီများ ဒုတိယနေ့ဆွေးနွေးပွဲများ လုပ်ဆောင်နေသော ဘန်ကောက်မြို့ရှိ အဆောက် အအုံကို စစ်တပ်က လုံခြုံရေးရယူလိုက်ပြီး ခေါင်းဆောင်များကို ခေါ်ဆောင်သွားခဲ့သည်။
ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေးဥပဒေ ချမှတ်လိုက်ကြောင်း စစ်ဘက်က အင်္ဂါနေ့တွင် ကြေညာ ခဲ့သည်။
နိုင်ငံတော်အား ပုံမှန်အခြေအနေသို့ အမြန်ဆုံးပြန်ရောက်စေရန် ကြည်းတပ်၊ ထိုင်းလက်နက်ကိုင် တပ်ဖွဲ့များ၊ တော်ဝင်လေတပ်နှင့် ရဲတပ်ဖွဲ့တို့ ပါဝင်သော အမျိုးသားငြိမ်းချမ်းရေး ထိန်းသိမ်း မှုကော်မတီက အာဏာသိမ်းရန် လိုအပ်သည်ဟု မေလ ၂၂ ရက် ညနေ ၄ နာရီခွဲတွင် ကြည်းတပ် အကြီးအကဲ ပရာယွတ်ချန်အိုချာက ပြောသည်။

—Ref: AFP/BBC

No comments:

Post a Comment