Tuesday, May 20, 2014

မ.ဘ.သ က ၈၈ ငြိမ်း/ပွင့်အဖွဲ့အား နိုင်ငံရေးစားဖားများအဖြစ် သတ်မှတ်

မေလ ၁၇ ရက် ၂၀၁၄ ခုနှစ်အမျိုး  ဘာသာ သာသနာ စောင့်ရှောက်ရှေးအဖွဲ့မှ ၈၈ မျိုးဆက် ငြိမ်း/ပွင့် အဖွဲ့အား နိုင်ငံရေးစားဖား အဖြစ် ကြေငြာချက် ၁ စောင် ထုတ်ပြန်ခဲ့ပြီး The Voice သတင်းစာနှင့် မြန်မာပို့စ်ဂလိုဘယ် သတင်းဂျာနယ်တို့အား သစ္စာဖောက်မီဒီ ယာ များအဖြစ် ၂၀၁၄ မေ ၁၅နှင့်၁၆ရက်တို့ တွင် ကြေငြာချက် များ ဆက်တိုက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ မေ ၁၆ ရက်တွင် မဘသအဖွဲ့က ကြိုးပမ်းလျှက်ရှိသော မျိုးစောင့်ဥပဒေကို ၈၈ မျိုးဆက် ငြိမ်း/ပွင့်အဖွဲ့မှ ကန့်ကွက်ခဲ့၍ နိုင်ငံရေးစားဖားအဖွဲ့အဖြစ် မ.ဘ.သ အဖွဲ့က ထုတ်ပြန်ကြေငြာခဲ့သည်။
ယင်းကြေငြာချက်၌ “နိုင်ငံတကာမှထောက်ပံ့သည့် ဒေါ်လာများကို အိတ်ထဲထည့်ပြီး ဇိမ်ခံကားကြီး များ တ၀ီဝီစီးနေကြ၏၊ လူ့အခွင့်အရေးကို ပါးစပ်က အမြှပ်ထွက်အောင် အော်လျက်ရှိ၏၊ တကယ် တမ်း လုပ်နေသည်က ငါ့အခွင့်အရေးဖြစ်နေသည်”ဟု ပါရှိသည်။
မြန်မာပို့စ်ဂလိုဘယ်နှင့် The Voice သတင်းစာတို့အား သစ္စာဖောက်မီဒီယာအဖြစ် ထုတ်ပြန်ခဲ့ရာ တွင် “မြန်မာပို့စ်ဂလိုဘယ်၌ အောင်ဘ၊ မောင်လှဆွေးနွေးခန်းတွင် အမျိုး ဘာသာ သာသနာ   စောင့်ရှောက်ရေးအဖွဲ့ (ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုး)သည် အမုန်းတရားများ ဖြန့်ဖြူးနေတယ်” ဟု ပါရှိခြင်းနှင့် The Voice တွင် “ဘုန်းကြီးခရိုနီ”ဟု ရင့်သီးစွာ သုံးနူန်းခဲ့ခြင်းကြောင့် သစ္စာဖောက် မီဒီယာများအဖြစ် သတ်မှတ်ကြောင်း ကြေငြာချက် အသီးသီး ထုတ်ပြန်ခဲ့သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment