Saturday, May 10, 2014

ဒေါ်စုကြည်ကို လုပ်ကြံရန် စီစဉ်သူများဖမ်းဆီးရမိ(မအူပင်မြို့)

ဒီမို ပါပါကြီး၊ 9-5-2014
10.5.2014 ရက်နေ့ မအူပင်မြို့မှာကျင်းပပြုလုပ်မယ့် 2008 ဖွဲ့စည်းပုံဆိုင်ရာ ဟောပြောပွဲ တက်ရောက်ဟောပြောမယ့် NLD ပါတီ ဥက္ကဌ ဒေါ်စုကြည် ကို ဂျင်ကလိနဲ့ လုပ်ကြံရန် ကြံစည်ခဲ့သူ မအူပင်မြို့၊ (၃)ရပ်ကွက်နေ ဦးမောင်မောင်(ခ)ရွှေသွေးမောင်(၃၅)နှစ်၊ (ဘ)ဦးဘပြူး အပါအ၀င် အပေါင်းအ ပါ (၃)ဦး ကို ယနေ့ညနေ 8:25 နာရီ က သတင်းအရ မအူပင်မြို့မ ရဲစခန်းမှူး ဦးစီးတဲ့ ရဲတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
2008 ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိကထား ဟောပြောမည့် ယခုပွဲကို ဧရာဝတီတိုင်းအ တွင်းမှာရှိတဲ့ NLD ပါတီဝင်များ တက်ရောက်ရန် စီစဉ်နေတဲ့ အချိန်မှာပဲ အမျိုးဖျက်တဲ့ စုကြည်၊ သစ္စာမစောင့် တဲ့ စုကြည် ဆိုပြီး၊ ပြည်သူကို ဒုက္ခပေးမယ့် စုကြည်ဆိုပြီး ကြည့်မရတဲ့ သတ္တိခဲ မအူပင်မြို့နယ်သား ဦးမောင်မောင်(ခ)ရွှေသွေးမောင် က ယခုလို လုပ်ကြံရန် စီစဉ်ခဲ့ခြင်းဖြစ်တယ်လို့ ဦးမောင်မောင်ရဲ့ အစစ်ခံချက်တွေအရ သိရှိရပါသည်။ သူနဲ့အတူ နောက်ထပ် အပေါင်းအပါ (၁၀)ဦးပါပြီးတော့ NLD ပါတီဝင် (၂)ဦးလည်း သူတို့နဲ့အတူ လုပ်ကြံရန် ကြံစည်တဲ့အထဲမှာ ပါတယ်လို့လည်း ထွက်ဆိုထားပါတယ်။

မအူပင်မြို့ရဲစခန်းအနေနဲ့ တရားခံတွေထပ်မံဖမ်းဆီးရမိရေးနဲ့ စစ်ဆေးရေးလုပ်ငန်းတွေကို တိတ်တစိတ်ဆောင်ရွက်နေပေမဲ့.. ဒီသတင်းကြောင့် မအူပင်မြို့မှာတော့ တအုန်းအုန်းဖြစ်နေပါပြီ၊ ဒေါ်စုကြည် အတွက် လုံခြုံရေးတွေကိုလည်းထပ်မံတိုးမြင့်ဆောင်ရွက်သွားဖို့ စီစဉ်နေကြပြီလို့ ဒေသခံ NLD ပါတီဝင် တစ်ဦးက ပြောဆိုပါတယ်.

နောက်ဆက်တွဲသတင်းကို ဆက်လက်တင်ပြပါဦးမယ်..

ဓါတ်ပုံ ကတော့ ဦးမောင်မောင် နေအိမ်မှာ သိမ်းဆည်းရမိတဲ့ ဂျင်ကလိနဲ့ သံချွန်တွေပဲဖြစ်ပါတယ်

No comments:

Post a Comment