Monday, May 26, 2014

ကျင့်ဝတ်မညီ Eleven Media နှင့် သာကူး ဒါရိုက်တာ မိုက်တီး ပြဿနာတက်

From : .. https://www.facebook.com/MyanmarMediaWatch?ref=hl
   Eleven Media CEO Dr. Than Htut Aung သို့
ရုပ် ရှင် ဒါ ရို က် တာ - မိုက် တီး ရဲ့
အိတ်မပါပဲ ပေးတဲ့ စာအခုမဟုတ်ပါ ဘူးနော် - 
မျက်လုံးပြူးမသွားနဲ့အုံး - အရင်က
အကြောင်လေးအရင်ဆုံးပြောပြထားချင်လို့ ၊
တခါက အဲဒါမျိုးစာလေးတစောင်ရေးခဲ့ဘူး
တယ်လေဗျာ ၊
( စိတ်ဝင်စားသူများ ပြန်ရှာဖတ်လို့ရပါတယ် )
အကြာင်းကတော့ ဧရာဝတီမြစ်ဆုံကိစ္စကို
 ဒေါ်စု သမတဖြစ်တဲ့အခါ ပိတ်သိမ်းမိန့်ပေး
မလားဆိုတဲ့ Eleven ရဲ့ အမေးအတွက် ဒေါ်စု ရဲ့အဖြေကိုစိတ်တိုင်းမကျပါဘူးဆိုပြီး ဒေါက်တာသန်းထွဋ်အောင်က တဇွတ်ထိုးဝေဖန်ရေး သားနေ လို့ ကျွန်တော်က ကိုသန်းထွဋ်အောင်ကိုပြန်ပြီးဝေဖန်ထောက်ပြခဲ့တဲ့စာပါ ။အဲဒီအတွက် အကျိုး ရလာဒ်က ဘာလဲဆိုတော့ - ပထမဦးဆုံး Eleven media ရဲ့ သတင်း စာမျက်နှာတွေမှာ ဒါရိုက်တာ မိုက်တီး ဆိုတဲ့ နံမည်စာလုံးတွေကိုဖြုတ်ချလိုက်တယ် ၊ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးသတင်း bလား - ရေးတယ် ၊ မိုက်တီး နံမည် ကွက်ဖြုတ်ထားခဲ့တယ် ၊ထားပါ - ဒါ ကိုယ့်သတင်းစာ ပဲ ဥစ္စာ - ကိုယ်ထည့်ချင်မှ ထည့်မှာပေါ့ ၊ဒါပေမဲ့ သူတို့ဝန်ကြီးပြောတဲ့စကားနဲ့ပဲပြောရ ရင်တော့ တော်တော် ကလေးဆန်ပြီး ရှက်စရာတော့ကောင်းတာပေါ့ဗျာ - ကျွန်တော့်အတွက်က ကိစ္စမရှိပါဘူး - ဒါက သ တင်းတွေဖြုတ်တာပေါ့ဗျာ - ထား !
ဒုတိယ - ကျွန်တော်ရိုက်တဲ့ရုပ်ရှင်ကားတောင် သောကြာအပတ်စဉ်ထည့်နေကြ ပုံမှန်ကဏ္ဏမှာပါ ချန်လှပ်ထားခဲ့လိုက်တာ ၊ဒါကျတော့ အပီဖြုတ်တာပေါ့ဗျာ - ကိုယ့်လက်ထဲကအမှန်တရား လို့ပြော ထားတဲ့ မီဒီယာလက်နက်ကြီးနဲ့ ၈၈ မှာလက်နက်ကိုင်များ ပြည်သူတွေကို ဖိနှိပ်ရက်စက်တဲ့ အကွက်တွေ မျိုး မိုက်တီးတင်မက သူနဲ့တိုက်ရိုက်ငွေကြေးကိစ္စပါ ပါတ်သက်နေတဲ့ ရုပ်ရှင်ပရိုဂျူဆာ ကို ပါ အတွဲလိုက်ထုလိုက်တာပေါ့ ၊ မိုက်တီး နဲ့ နောက်ရိုက်ဖို့ ရှောင်ချင်ရှောင်ကြစေပေါ့ -ဒီကိစ္စအ တွက်တော့ ကိုယ့်ဟာကိုယ်ပြန်စဉ်းစားပေါ့ဗျာ -မီဒီယာ ကျင့်ဝတ်တို့စည်းကမ်းတို့ ဘာတို့ညာတို့ သိဘူးဗျာ ၊ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကားတော့ ပိုက်ဆံရပါတယ်ဗျ ၊ဒီအတွက်လည်း ကျွန်တော့်  တုံပြန်စ ရာအကြောင်းမရှိသလို ဂရုလဲမစိုက်ပါဘူး ၊ ထပ်ထားလိုက်အုံးဗျာ -
တတိယ - ဒီတချက်ကတော့ ကျွန်တော် ဘယ်လိုမှသည်းခံလို့ကို မရတဲ့ကိစ္စဗျ ၊ ကျွန်တော် က ကျွန်တော့်ကိစ္စသာ ဘာမှမပြောပဲနေလို့ရပေမဲ့ တိုင်းပြည်နဲ့လူမျိုး ထိခိုက်စရာရှိမဲ့အတွက်တော့ လက်ပိုက်ကြည့်နေလို့မရတော့ဘူးလေ !မြစ်ဆုံကိစ္စအကြွေးပဲပေါ့ဗျာ ၊ ဒေါ်အောင်ဆန်းစုကြည် က ငါလိုကောင်ပြောတာကို မနာခံရကောင်းလားပေါ့ -ဒေါ်စု နဲ့ NLD သတင်း/ ဓာတ်ပုံမှန်သမျှကို သိသိသာသာ အဆင့်လျှော့ချလိုက်တယ်ဗျာ ၊
ကဲ - အဲဒီတော့ ကျွန်တော်က အချက်အလက်နဲ့ဝင်ပြောရပြီပေါ့ - ဒီတော့ကျ နာ တယ် လေ - ဖြေရှင်းပုံက ကြည့်အုံး -
မိုက်တီး ခမြာ ကိုယ်ရေးထားတဲ့စာ ဖတ်ရသလား မဖတ်ရတာလားတောင် ဘာအကျိုးအကြောင်း မှမသိရသေးဘူး -
ဗြုန်းဆို - သိလည်းသိလိုက်ရရော သူတို့က ကိုယ့် ရဲစခန်းတောင်အမှူ့ဖွင့်နေပြီဗျာ ၊ အံ့ရော -
အဲဒါ တိုင်းပြည်ကို ဦးဆောင်မဲ့ သတင်းမီဒီယာလား ၊
တရားကျဖို့ကောင်းပုံများ -
မီဒီယာသမားတွေကို အစိုးရက တရားစွဲထောင်ထဲထည့်တော့ ဆတ်ဆတ်ထိမခံနာကြရတယ်လေ ၊ အဲ ဒါတောင်မှပဲ - မခိုင်အတွက်တစ်မျိုးနာ ကျန်တာအတွက်ကိုတမျိုးနာပါ ၊ ထားပါ ၊
လွတ်လပ်သောသတင်းမီဒီယာဖြစ်ဖို့အတွက် ကိုယ့်တရားစွဲရင်တော့ မကြိုက်ဘူး ကိုယ့်လာဝေဖန်တော့ကျ မိုက်တီးကို ထောင်ထဲထည့်ချင်သတဲ့လား ! ကဲ ကြည့်စမ်း ဘယ်လောက်တရားကျဖို့ကောင်းလဲဆိုတာ ၊
ခုန ကျွန်တော် ပြောခဲ့တဲ့ အမှူ့က ကျွန်တော့်အကျိုးမပါတဲ့ ဝေဖန်အကြံပြုရုံသက်သက်နော - ကဲ !
ဒါတင်ပဲလား ဆိုတော့ - မကသေးပါဘူးခင်ဗျာ ၊
တနေ့တခြား ပိုပိုဆိုးဆိုးလာတဲ့ Eleven သတင်းစာရဲ့ ရပ်တည်ချက်နဲ့ နှလုံးသားက -
ဒီ မိုက်တီး ဆိုတဲ့ကောင်ကိုတော့ ရာသက်ပန် black list စေ - ဆိုပြီးများ တချက်လွှတ်အမိန့်ပဲ ထုတ်ထားလေရော့သလား ပေါ့ဗျာ -
ခု နောက်ဆုံ မနေ့တနေ့ကတင်မှ ခြေ/ ဥ ပြင်ဆင်ရေး အနုပညာရှင်များလက်မှတ်ရေးထိုးပွဲ သတင်းမှာကိုတောင် ဒါရိုက်တာ မိုက်တီး နံမည်ကိုမှ သီးသန့်ကွက်ချန်ပြီး ထုတ်ပြန်ပါလေသတဲ့ဗျာ -
ကိုင်း - လူကြားလို့မှ ကောင်းကြသေးရဲ့လား !
ဒါ ကျွန်တော့်ကိုယ်ရေးကိုယ်တာ ကိစ္စမဟုတ်ဘူးဗျ ၊ စီးပွားရေးမပါဘူးဗျ ၊
တိုင်းပြည်အတွက် ဘယ်လောက်အရေးကြီးတ့ကိစ္စလည်းဆိုတာ ကျွန်တော်ပြောနေဖို့တောင် လိုအုံးမလားဗျာ !
ပြည်သူအားလုံးစိတ်ဝင်တစားပါလာဖို့အရေးအတွက် မနဲမနောအောင် ကိုယ်နိုင်သလောက် ကိုယ်စွမ်းသလောက် ဝင် ထမ်းနေကြရတာ ၊
ကျွန်တော့် တယောက်ကိုချန်ခဲ့တဲ့နောက်ဆက်တွဲကိုပြန်စဉ်းစားကြည့်လိုက်ပါအုံး -
ကျွန်တော်က ကျွန်တော့်ဓာတ်ပုံပါချင်တဲ့ - အဲဒါမှ နံမည်ကြီးမယ်ဆိုတဲ့လူစားမျိုးလား ၊
Eleven မီဒီယာမမွေးခင်ကတည်းက မိုက်တီးဖြစ်နေတဲ့ကောင်ဗျ !
အဲဒီပုံမပါလို့ ကျွန်တော့်စီးပွားပျက်သွားမလား !
. . . . .
. . . . . သေချာတယ် - ဒါ တိုင်းပြည်အကျိုးနဲစရာဖြစ်စေတဲ့ ဆောင်ရွက်ချက် လမ်းစဉ်ဝါဒပဲ !
ကျွန်တော်တော့ ဒီလောက်ပဲ ပြောချင်တော့တယ် ၊
မိမိအနေအထားနဲ့ မိမိလုပ်နေတဲ့ လုပ်ရပ်ကိုပြန်ကြည့်ပါ ၊
ကိုယ့်အတွက်ကိုပဲ အသေအချာပြန်စဉ်းစားပါ ၊ တိုင်းပြည်အရေးတွေ ပြည်သူ့အရေးတွေ အမှန်တရားတွေ ပါလာပါလိမ့်မယ် ။
ခင်ဗျားအတွက်ကိုတော့ ပြည်သူကစဉ်းစားလိမ့်မယ် ။
အိတ်မပါပဲ ပေးတဲ့စာလည်းမဟုတ်ပါ ၊
ကိုယ်ယုံကြည်တာ ကိုယ်ရေးခြင်းပါ ၊
ကျွန်တော် ဒါရိုက်တာ မိုက်တီးပါ ။
.. www.MyanmarExpress.net
 

No comments:

Post a Comment