Wednesday, May 14, 2014

အမြန်လမ်းပေါ်တွင် ရာဇာမင်းကားမှောက်ကာ ၁၄ ဦး သေဆုံးကာ၊ ၂၉ ဦး ဒဏ်ရာရ (+5 photos)

(၁၂-၅-၂၀၁၄) ရက်နေ့ ညနေ(၆း၄၅)နာရီအချိန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း အပြန်လမ်း မိုင် ၁၉၇/၆၁၉၇/၇ကြားတွင်Express   မော်တော်ယာဉ် (ရာဇာမင်း   နေပြည်တော်-ရန်ကုန် ယာဉ်လိုင်း)၊ ယာဉ်အမှတ် - ၅ဆ/၁၅၂၇၊ ယာဉ်မောင်း ဦးမင်းထက် မောင်းနှင် လာသောယာဉ်သည် လေပြင်းတိုက်၍ မိုးသည်းထန်စွာရွာသွန်းစဉ် ရှေ့
မှမောင်းနှင်နေသောယာဉ်ငယ်အား ကျော်တက် ရာမှ အရှိန်မထိန်းနိုင်ဘဲ
တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက်သွားသော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် စုစုပေါင်း (၄၄)ဦး လိုက်ပါလာခဲ့ရာ အခင်းဖြစ်နေရာတွင် (၁၃)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများအား အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ အမြန် လမ်းပြုပြင် ထိန်းသိမ်းရေးအဖွဲ့ လမ်းပိုင်းတာဝန်ခံအင်ဂျင်နီယာအဖွဲ့များမှ အမြန် ဆုံး သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။

Credit-Yangon-Mandalay Expressway





No comments:

Post a Comment