Friday, May 16, 2014

မောင်းသူမဲ့ လေယာဉ်တစ်စင်း တောင်ကိုရီးယား ထပ်မံ တွေ့ရှိ

ဆိုးလ် မေ ၁၄
တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့ အရှေ့တောင်ပိုင်းရှိ Cheonggye တောင်ပေါ်တွင်မောင်းသူမဲ့  လေယာဉ် တစ်စင်းအား ထပ်မံ တွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု သိရသည်။ အမည်မသိ ခြေကျင်ခရီးထွက်သူ တစ်ဦးက ရဲတပ်ဖွဲ့အား သတင်းပို့ခဲ့ပြီး အဆိုပါ မောင်းသူမဲ့   လေယာဉ်အား စစ်ဘက်သို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ် မည်သည့် နေရာမှ လာသည်ဆိုသည်နှင့် ပတ်သက်၍ စစ်ဆေး ဖော်ထုတ်မှု ပြု လုပ် ရန် ၎င်းဖြစ်စဉ် ဖြစ်ပွားရာ နေရာသို့ စစ်ဘက် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့ စေလွှတ် ခဲ့ကြောင်း သိရသည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်သည် မတ်လနှင့် ဧပြီလအတွင်းက တွေ့ရှိခဲ့သည့် မောင်းသူမဲ့ လေ ယာဉ် သုံးစင်းနှင့် အရောင်တူပြီး ပုံသဏ္ဌာန် မတူညီကြောင်းနှင့် မြောက်ကိုရီးယား နိုင်ငံမှ လာခြင်း ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က အခိုင်အမာ ပြောကြားခဲ့သည်။
အဆိုပါ မောင်းသူမဲ့ လေယာဉ်များတွင် ဒစ်ဂျစ်တယ် ကင်မရာများ တပ်ဆင်ထားပြီး ၎င်း ကင်မရာများမှ တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေး၏ နေအိမ်၊ ရုံးတည်ရှိရာ ဆိုးလ်မြို့ရှိ အိမ်ပြာတော်နှင့် စစ်မဲ့ဇုန် အနီးရှိ စစ်ဘက် အဆောက်အဦ တို့၏ ပုံရိပ်များ ရိုက်ကူးထားကြောင်း သိရသည်။

No comments:

Post a Comment