Thursday, May 15, 2014

Telenor Myanmar မှ အောက်တိုဘာတွင် SIM Card သန်း ၃၀ စတင် ရောင်းချမည်

ရန်ကုန် ၊ ၁၅-၅-၂၀၁၄
မြန်မာနိုင်ငံ ၌ ၅ နှစ်အတွင်း ပြည်သူ ၉၀ 

ရာခိုင်နှုန်း မိုဘိုင်းလ်ဖုန်း များ အသုံးပြု
 နိုင်ရမည်ဟု Telenor Myanmar က ကြေ
ညာထားပြီး SIM Card သန်း ၃၀ ကို လာ
မည့် အောက်တိုဘာ လတွင် စတင် ရောင်း
ချ ပေးမည် ဖြစ်ကြောင်း Telenor Myanmar 
မှ သိရသည်။
ယင်းကဲ့သို့ SIM Card များ ရောင်းချရာတွင် တစ်ကတ်လျှင် ငွေကျပ် ၁၅၀၀ နှင့် ပြောဆိုခ တစ်မိနစ်

လျှင် ငွေကျပ် ၂၅ ကျပ်နှုန်း အကြမ်းဖျဉ်း သတ်မှတ် ထားကြောင်း Telenor Myanmar မှ သိရသည်။
Telenor Myanmar သည် မြန်မာနိုင်ငံ ၌ ၅ နှစ်အတွင်း ပြည်သူ ၉၀ ရာခိုင်နှုန်း ကို မိုဘိုင်းလ်ဖုန်း များ အသုံးပြု နိုင်ရမည် ဟု ကတိ ပေးထားပြီး ယင်းကဲ့သို့ အသုံးပြု နိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအ တာ ဖြင့် ကွန်ရက်များ ချဲ့ထွင် သွားမည် ဖြစ်ကြောင်း သိရသည်။ Telenor Myanmar အနေဖြင့် မြန် မာနိုင်ငံ တွင် ပထမဆုံး Video Call ခေါ်ဆိုမှု ကို အောင်မြင်ထားပြီး ဆင်းကတ်များ ရောင်းချပါက မိုဘိုင်းလ် နှင့် ဆက်စပ်နေသော ကဏ္ဍ အားလုံး ကိုလည်း ၀န်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ၀န်ဆောင်မှုများ ပေးနိုင်ရန် တာဝါတိုင် ၂၄၀၀ ခန့်ကို တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် တည်ဆောက် သွားမည် ဖြစ်ပြီး ၊ နောက်ပိုင်းတွင် တာဝါတိုင် ၈၀၀၀ ခန့်အထိ တိုးချဲ့ တည်ဆောက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၄၄၃)

No comments:

Post a Comment