Friday, May 23, 2014

NLD လုပ်ဆောင်ချက်အား ဘင်္ဂလီများထောက်ခံကြောင်း ကြေညာချက်ထုတ်


From : https://www.facebook.com/969MDL
မြန်မာနိုင်ငံ ရိုဟင်ဂျာလူငယ်များ အဖွဲ့ချုပ် မှ ပုဒ်မ ၄၃၆ ဖျက်သိမ်းရေး ဆန္ဒဖော်ထုတ်ပွဲများ အား ထောက် ခံကြောင်း ကြေငြာချက်
၁။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ပွင့် လင်း လူ့အဖွဲ့အ စည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့မှ ပုဒ်မ ၄၃၆ ဖျက်သိမ်းရေးနှင့် ပတ်သတ် ၍ ဟောပြောပွဲကို (၁၇.၅.၂၀၁၄) ရက်နေ့ ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းတွင် ၄င်းကောင်း (၁၈.၅. ၂၀၁၄ )ရက်နေ့ မန္တလေးမြို့ အောင်ပင်လယ်ကွင်းတွင် ၄င်း ကျင်း ပခဲ့ရာ ပြည်သူလူထု အများ အပြား တက်ရောက် ခဲ့ကြ ပါသည်။
၂။ ၄င်း ပြည်သူလူထု ဆန္ဒခံယူပွဲများသို့ ရန်ကုန်မြို့ နှင့် မန္တလေးမြို့ ရှိ ရိုဟင်ဂျာလူငယ် များ အဖွဲ့ချုပ် လူငယ် များမှလည်း အတူတစ်ကွ ပူးတွဲတက်ရောက်ခဲ့ကြပြီး ပုဒ်မ ၄၃၆ ပယ်ဖျက်ရေး အတွက် တက်ကြွ စွာလက်မှတ်ရေးထိုးခဲ့ကြပါသည်။

၃။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ပွင့်လင်း လူ့အဖွဲ့အ စည်းခေါင်းဆောင် ကိုမင်းကိုနိုင်တို့ ဟောပြောချက်များအား မြန်မာနိုင်ငံရို ဂျာလူငယ်များ အဖွဲ့ ချုပ်မှ လုံးဝ(လုံးဝ) ထောက်ခံ ပါသည်။

၎။နောင်ပြုလုပ်မည့် ပုဒ်မ(၄၃၆) ဖျက်သိမ်းရေး၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့်မရှိအောင် တားမြစ်ပိတ်ပင်ထားသည့် (၅၉)စ ဖျက်သိမ်းရေး လှုပ်ရှားမှုများအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားပါမည်။

၅။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်း တို့အနေဖြင့်
ခေတ်ကာလနှင့် မလျော်ညီတော့သည့် ၁၉၈၂ နိုင်ငံသားဥပဒေ ပြင်ဆင်ရေးကိုပါ လုပ်ဆောင်သွားသင့်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

အလ်ဟာဂ်ျ မြင့်နိုင်

No comments:

Post a Comment