Thursday, May 15, 2014

အကြမ်းပတမ်းပဲ ၀တ်တဲ့ ပုလဲဝင်း

 

အနုပညာနယ်ပယ်မှာ အတွေ့ကြဲလာရတဲ့ သရုပ်ဆောင် မင်းသမီးလေး ပုလဲဝင်းနဲ့တွေ့ဆုံခိုက် မှာ သူမဘာ့ကြောင့် ဇာတ်ကားတွေ ဆက်မရိုက်ဖြစ်တော့တာလဲ ဆိုတဲ့အကြောင်း မေးကြည့်လိုက်တဲ့အခါမှာတော့ ‘ခုနောက်ပိုင်း ပုလဲ ဇာတ်ကားတွေ ဆက်မရိုက်ဖြစ်တော့တာက ၀နေတာကြောင့်လဲ ပါတယ်။ ပြီးတော့ တချို့ကားတွေကျတော့လေ ဘယ်လိုပြောရမလဲ အစက ဒီ ၆ ရက်နေ့မှာ ကျိုက်ထီးရိုးမှာ ဗီဒီယိုရိုက်ဖို့ လက်ခံပြီးသားပါ။ ဒါပေမဲ့ အရမ်းပူတော့ အစီအစဉ်လေး ပျက်သွားတယ်။ လာငှားရင်တော့ ပုလဲရိုက်ပါတယ်။ ဒါပေမဲ့လဲ နဲနဲဝနေတော့ ရှောင်လို့ရတဲ့ ကိစ္စလေးတွေဆို ရှောင်ပါတယ်။ အဆိုပိုင်းကတော့ ပုလဲ တစ်ကိုယ်တော် အခွေကတော့ လုပ်လက်စ တန်းလန်းပေါ့နော်။ နယ်ဖက်တွေမှာတော့
သီချင်းတွေ သွားဆိုဖြစ်ပါတယ်။ အဆိုပိုင်းကလဲ နဲနဲလေး အားနည်းချက်ရှိတော့လေ။ အဲဒါကြောင့် ဆက်မလုပ်ဖြစ်ပဲနဲ့နားထားတာပါ’လို့ သူမက ဖွင့်ဟပါတယ်။

မကြာခင် ကျရောက်တော့မယ့် မိုးရာသီနဲ့ပတ်သတ်တဲ့ခံစားချက်ကိုတော့ သူမက ‘မိုးတွင်းကတော့ ပုလဲအကြိုက်ဆုံးပဲ။ အပြင်သွားရင် အခက်အခဲရှိတယ်။ ဖိနပ်ဆိုလဲ အပါးပဲစီးတယ်။ မိုးတွင်း ချော်လဲမှာ ကြောက်လို့လေ။ ပြီးတော့ အ၀တ်အစားကတော့ အကြမ်းပတမ်းခံတဲ့ ဟာမျိုးတွေတော့ ပုလဲဝတ်ဖြစ်ပါတယ်’တဲ့။

ပုလဲ0င်းရဲ့အချစ်ရေးကတော့ ထူးထူးခြားခြားမရှိပါဘူးလို့ သူမက ပြောပြပေးခဲ့ပါတယ်။

No comments:

Post a Comment