Thursday, May 15, 2014

ကမ္ဘာကျော် သိုင်း ပညာရှင် မင်းသား ဘရုဆလီရဲ့ မှတ်သားဖွယ်စကား

ဘရုဆလီကို အများစု သိကြမှာပါ။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဟောင်ကောင် ဖွား ကမ္ဘာကျော် သိုင်း ပညာရှင် နဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။

သူပြောခဲ့တဲ့ စကားက ဒီလိုပါ။

'သိရုံနဲ့ မလုံလောက်သေးဘူး။ ကျင့်ကြံ အားထုတ်ဖို့ လိုအပ်တယ်။ ဆန္ဒ ရှိရုံနဲ့ မလုံလောက်ဘူး။ လက်တွေ့ အကောင်အထည် ဖော်ရန်လိုအပ် တယ်။'

ယနေ့ခေတ်ဘယ်လိုပညာရပ်မှာမဆို
 လေ့လာသင်ကြားပြီးတော့ ရပ်တန့် ထားရင် အကျိုးမရှိ ပါဘူး။ ဒါကို တစ်နည်း မဟုတ် တစ်နည်းနဲ့ ပြန်လည် အသုံးချ နိုင်ဖို့လည်း လိုပါတယ်။ လောကီ ပညာရပ်ပဲ ဖြစ်ဖြစ်၊ လောကုတ္တရာ ပညာရပ်ပဲ ဖြစ်ဖြစ်။ ဒါ့အပြင် တစ်စုံ တစ် ခု ပြု လုပ်ရန် စိတ် ဆန္ဒ ရှိရုံနဲ့လည်း မလုံလောက် သေး ပါဘူး။ လက်တွေ့ပါ အကောင်အထည် ဖော်နိုင်ဖို့ လိုအပ် ပါတယ်။ ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦးကလည်း စိတ်ကူးယဉ်၊ အိပ်မက်မက်နေ လို့ မလုံလောက်။ အိပ်မက်က နိုးထလို့ လုပ်ကိုင် ဆောင် ရွက်ရမယ် လို့လည်း ဆိုခဲ့ ပါတယ်။
ဒါကြောင့်မို့ မိမိလိုရာ ပန်းတိုင်ကို ရောက်အောင် သင်သမျှ သိသမျှ အသုံးချလို့ လက်တွေ့ အကောင်ထည်ဖော် ကြိုး စား နိုင်ကြဖို့ အကြံပေး တိုက်တွန်း ရေးသား လိုက်ရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

No comments:

Post a Comment