Tuesday, May 20, 2014

ပြည်တွင်းသတင်းဂျာနယ် (၂) စောင်အား မ.ဘ.သ မှ သစ္စာဖောက်မီဒီယာအဖြစ် ကြေညာချက်ထုတ်

ပြည်တွင်းသတင်း ဂျာနယ်နှစ်စောင် ဖြစ်သော The Voice သတင်းစာနှင့် မြန်မာပို့စ်ဂလိုဘယ် ဂျာနယ်တို့အား အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မ.ဘ.သ) (စစ်ကိုင်း)မှ သစ္စာဖောက် သတင်းမီဒီယာအဖြစ် ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ သည်။ The Voice သတင်းစာ အား သစ္စာဖောက်မီဒီယာ အဖြစ် ယခုလ (၁၆) ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ယင်းကြေ ညာချက် တွင် ယခုလ (၁၄) ရက်နေ့ က ထုတ်ဝေခဲ့သော The Voice နေ့ စဉ်သတင်းစာ၌ “ခရိုနီ”ဟူသောစကားလုံး ဖြင့် ရဟန်း သံဃာ အများ စုကို ရည်ရွယ်ပြီး “ဘုန်းကြီးခရိုနီ”ဟု ရင့်သီး စွာသုံးနှုန်း၍ အဓမ္မ စွပ်စွဲထားကြောင်း၊ ထို့အပြင် ““တိုင်းပြည် ကို ဖျက်ဆီးနေကြတဲ့ ဘုန်းကြီးခရိုနီ တွေ သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်နဲ့ အောက်ခြေ သံဃာ ထုထဲမှာ များပြားသထက် များပြားလာတာ ကို တွေ့ရပါတယ်”” ဟု ရေးသားခြင်မှာ မြန်မာနိုင်ငံရှိ ရဟန်းသံဃာအများစုသည် ““ဘုန်းကြီး ခရိုနီတွေပါပဲ”” ဟုပြောခြင်းပင် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
အလားတူ မြန်မာ့ပို့စ် ဂလိုဘယ် သတင်း ဂျာနယ်အား ယခုလ (၁၅)ရက်နေ့ နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဧပြီလ (၂၅) ရက်နေ့ထုတ် မြန်မာပို့စ်ဂလိုဘယ် သတင်း ဂျာနယ် စာမျက်နှာ (၂၃) ၌ ပါရှိသော အောင်ဘ၊ မောင်လှဆွေးနွေးခန်း၌ အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုး)သည် အမုန်းတရားကို ဖြန့်ဖြူးနေတယ် ဟူ၍ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် လုပ်ကြံ ဖန်တီး၍ ရေးသား ထားကြောင်း ယင်းထုတ် ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ အမျိုးဘာသာသာသနာ စောင့်ရှောက် ရေး အဖွဲ့ (မ.ဘ.သ) (စစ်ကိုင်း) ကြေညာချက်တွင် The Voice သတင်းစာနှင့် မြန်မာ ပို့စ်ဂလိုဘယ် သတင်းဂျာနယ် တို့အား သံဃာတော်များနှင့် (မ.ဘ.သ) အဖွဲ့အစည်းအား အဓမ္မစွပ်စွဲပုတ်ခတ်မှုကို လုံးဝကန့်ကွက် ကြောင်း၊ ယင်း သတင်းဂျာနယ် တို့အား အမျိုးဘာသာသာသနာကို ရည်ရွယ် ချက်ရှိရှိ ဖျက်ဆီးနေသော “သစ္စာဖောက်မီဒီယာ”အဖြစ် သတ်မှတ်လိုက်ကြောင်းဖော်ပြထားသည်။
ကျွန်တော်တို့ မီဒီယာသမားတွေက မြင်တာကိုချပြတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံက အရင်က တည်းက ဗုဒ္ဓဘာသာ တစ်ခုတည်း နေထိုင် ခဲ့တာမဟုတ်ဘူး။ ခရစ်ယာန် တွေနေတယ်၊ ဟိန္ဒူတွေနေ ကြတယ်။ ဒါကို ပုတ်ခတ်လို့မရဘူး။ အကုန်လုံး သူ့လမ်းသူ လျှောက်နေတာ။ ဘာ သာရေး နဲ့ နိုင်ငံရေး ရောထွေးလို့မရဘူး။ အဲဒီလိုပဲ ဂျာနယ်လစ်ဇင်တွေနဲ့ ဘာသာရေး ရောထွေး လို့ မရ ဘူး။ ကျွန်တော်တို့က သတင်းဂျာနယ်လေ။ ဘာသာရေး ဂျာနယ်မှမဟုတ်ဘူး။ ဆောင်း ပါးရှင်တွေရေးလို့ ကျွန်တော်တို့က မှန်တယ်ထင်ရင် ဖော်ပြမယ်။ မှားနေတယ် ဆိုရင်လည်း မှားတဲ့ အကြောင်း ထောက်ပြ မယ်။ မ.ဘ.သက ဒီလို ကြေညာချက် ထုတ်လို့လည်း ကျွန်တော်တို့ မမုန်း ပါဘူး။ သူတို့လုပ်ပိုင်ခွင့်ရှိတာပဲဟု မြန်မာ့ပို့စ် ဂလိုဘယ်ဂျာနယ် တာဝန်ခံအယ်ဒီ တာ ဦးကျော်စိုး လင်း  က The Messenger သတင်းစာ သို့ပြောသည်။ The Voice သတင်းဂျာနယ်အား သစ္စာဖောက် မီဒီယာအဖြစ် ကြေညာချက် ထုတ်ပြန်ခဲ့သည့်အပေါ် The Voice သတင်းစာ၏ တာဝန်ရှိသူ ဦးကျော်မင်းဆွေထံ The Messenger သတင်းစာမှ ဆက်သွယ်မေး မြန်းခဲ့သော်လည်း ယမန်နေ့ ည (၁၀) နာရီ အထိ ဆက်သွယ်မှုမရခဲ့ပေ။ မကြာသေးမီက လည်း မျိုးစောင့်ဥပဒေ အား ကန့်ကွက် သည့် လူမှုအဖွဲ့အစည်းတစ်ခုမှ အမျိုးသမီး တစ်ဦး နှင့် အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦး တို့ အား အမျိုးသား သစ္စာဖောက် အဖြစ် မ.ဘ.သ(အထက်မြန်မာပြည်) က ကြေညာ ချက်တစ် စောင် ထုတ်ပြန်ခဲ့သည်။
အဆိုပါကြေညာချက်ထုတ်ပြန်ရခြင်း မှာ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့နှင့် သံဃာတော်များအပေါ် အများပြည်သူ အထင် အမြင်လွဲမှားနိုင်သော ရေးသားဖော် ပြချက်များကို စိစစ် ဖော်ပြနိုင်ရေး အတွက်ဖြစ်ကြောင်း၊ အဆိုပါ ဂျာနယ်များအပေါ်တွင် မုန်းတီးမှုမရှိကြောင်း၊ မီဒီယာ များတွင် မ.ဘ.သ နှင့် ပတ်သက်သော ရေးသားဖော်ပြချက်များ အပေါ် အများပြည်သူ ထင်ယောင်ထင်မှား မဖြစ်စေရန် ရည်ရွယ်ကြောင်း ကြေညာချက် ထုတ် ပြန်ခဲ့သော အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(စစ်ကိုင်း)မှ အကျိုးတော် ဆောင်ဆရာတော် ဘဒ္တဓမ္မပ်္ပိယာလင်္ကာရက မိန့်ကြားခဲ့သည်။

No comments:

Post a Comment