Thursday, May 15, 2014

ရန်ကုန်မြို့၌ ဒိုင်နာယာဉ် ပြေးဆွဲမှုများကို ရပ်ဆိုင်း၍ ဘတ်စ်ကားများကို အစားထိုး ပြေးဆွဲမည်

ရန်ကုန် ၊ ၁၄-၅-၂၀၁၄
 ရန်ကုန်မြို့တွင် ဒိုင်နာယာဉ် ပြေးဆွဲမှု များကို ဖျက်သိမ်း တော့မည် ဖြစ်ကြောင်း
 မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ (ဗဟို) ဒုတိယ ဥက္ကဋ္ဌ ဦးလှသောင်းမြင့် က ပြောကြားကြောင်း သိရသည်။
တစ်နှစ်လျှင် ဒိုင်နာယာဉ် အစီး ၅၀ ၀န်းကျင် တိမ်းမှောက်မှု ဖြစ်ပွားပြီး သေဆုံးမှု နှင့် ဒဏ်ရာ ရရှိမှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွား နေသည့်အတွက် ပြေးဆွဲမှုကို မကြာမီ ဖျက်သိမ်း သွား မည် ဖြစ်ကြောင်း ၊ ဒိုင်နာယာဉ် များသည် ထရပ်ကား အမျိုးအစား ဖြစ်သောကြောင့် ကုန်တင်ရာ၌ သင့်လျှော် သော်လည်း လူစီးရာတွင် ဟိုင်းလတ်ယာဉ် များထက် ပိုမို အန္တရာယ် ရှိသည့်အတွက် ဖျက် သိမ်းမှု အစီအစဉ် တွင် ဦးစားပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ၏ သုံးစွဲမှုစရိတ် စစ်တမ်း ကောက်ယူရာ၌ ၃ ရာခိုင်နှုန်းသည် ယာဉ်ကြောင့် ဖြစ်သည့် သေဆုံးမှု စရိတ်များ ဖြစ်နေပြီး တစ်နှစ်လျှင် ငွေကျပ် သန်း ၃၀၀ ခန့်ရှိကြောင်း ၊ အဝေးပြေး ခရီးသည်များ အတွက် မြန်မာ့ အာမခံ လုပ်ငန်းက ခရီးသွား အာမခံ ထားရှိ ပေးသော်လည်း မြို့တွင်း သယ်ယူ ပို့ဆောင်ရေး ခရီးစဉ်အတွက် အာမခံ ဖွင့်လှစ် ထားခြင်း မရှိကြောင်း ၊ ဟိုင်းလတ်ယာဉ် များကို ရန်ကုန်မြို့တွင်း ၀င်ရောက် ပြေးဆွဲခြင်း မရှိစေရန် ညွှန်ကြား ထားပြီး ဖြစ်ပြီး ယခုအခါ ဒိုင်နာယာဉ် ပြေးဆွဲမှု များကိုပါ ရပ်ဆိုင်း၍ လူစီး ဘတ်စ်ကားများ ကိုသာ အစားထိုး ပြေးဆွဲမည် ဖြစ်ကြောင်း ဦးလှသောင်းမြင့် က ဆက်လက် ပြောကြား ခဲ့သည်။

ရန်ကုန်မြို့တွင် ပြေးဆွဲလျက် ရှိသော ဒိုင်နာယာဉ် အစီးရေမှာ ၁၈၆၈ စီးခန့် ရှိကြောင်း မထသ (ဗဟို) ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။
(၄၀၁)

No comments:

Post a Comment