Friday, January 23, 2015

ဦးဝီရသူကို ကန့်ကွက်ကြောင်း အာဏာပိုင်နှင့် ဘာသာရေးခေါင်းဆောင်များ ဆန္ဒထုတ်ဖော်ရန် ကုလတိုက်တွန်း

 ကုလသမဂ္ဂက ခန့်အပ် ထားသော လူ့အခွင့်အရေးကျွမ်း ကျင်သူ အထူးကိုယ်စားလှယ် တစ်ဦး အား ပြည့်တန်ဆာနှင့် ခိုင်း နှိုင်းသုံးစွဲခဲ့သည့် ဆရာတော်ဦးဝီ ရသူကို မြန်မာအစိုးရ အာဏာ ပိုင် နှင့် ဘာသာရေးခေါင်းဆောင်များ က ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒ ထုတ်ဖော်ပြသရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီး အကဲက မြန်မာအစိုးရအား တိုက် တွန်းပြောကြား လိုက်သည်။
ဂျီနီဗာအခြေစိုက် ကုလ သမဂ္ဂအဖွဲ့က ဇန်နဝါရီ ၂၁ ရက် တွင် ကြေညာချက်တစ်စောင် ထုတ်ပြန် ခဲ့ပြီး မြန်မာအစိုးရနှင့် ဘာသာရေး ခေါင်းဆောင်များ အားတိုက်တွန်းတောင်းဆို လိုက် ခြင်းဖြစ်

မြန်မာ ယူ-၂၀ အသင်း အဇာဘိုင်ဂျန် ယူ-၂၁ အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရရှိ

ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံတွင် ခြေစမ်းပွဲများ သွားရောက် ကစားနေ သည့် မြန်မာ ယူ-၂ဝ အသင်းသည် ခြေစမ်းပွဲ ဒုတိယ ပွဲစဉ်အဖြစ် ဇန်နဝါရီ ၂၁ ရက်၊ မြန်မာ စံတော်ချိန် ည ၉ နာရီခွဲက အဇာဘိုင်ဂျန် ယူ-၂၁ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ (၂-ဝ)ဂိုးဖြင့် အနိုင် ရရှိ ခဲ့ကြောင်း သိရ သည်။
မြန်မာ ယူ-၂ဝ အသင်းသည် အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ငြိမ်းချမ်းအောင်နှင့် သန်းပိုင်တို့ နှစ်ဦးကိုမူ ဒုတိယပိုင်းမှ အသုံးပြုခဲ့သည်။ မြန်မာ ယူ-၂ဝ အသင်းအတွက် အနိုင်ဂိုး

တက္ကစီသမားတစ်ဦးကို လူအများရှေ့ရိုက်နှက်သည့် ရွှေဧည့်သည်ယာဉ်နောက်လိုက်ကို အမှုဖွင့်

ရွှေဧည့်သည်ယာဉ်လိုင်းယာဉ်နောက်လိုက်က အငှား ယာဉ်မောင်းတစ်ဦးကို ၀င်ရောက် ရိုက်နှက်သော အမှုတွင် အငှား ယာဉ်မောင်းက ညစ်ညမ်းစွာ ပြောဆိုမှု၊ အပြင်းအထန်ဒဏ်ရာ ရရှိ စေမှု တို့ဖြင့် အမှုဖွင့် ထားကြောင်း သတင်းရရှိသည်။
ဇန်န၀ါရီ ၂၀ ရက်က ဖြစ် ပွားခဲ့သော အဆိုပါအမှုတွင် အ ငှားယာဉ်မောင်းက တရားလိုလုပ် ၍ ပုဒ်မ (၂၉၄)၊ (၃၂၅) တို့ဖြင့် ရွှေဧည့်သည်ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်ကို အမှုဖွင့်ထားကြောင်း တာမွေ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့နယ် မှူး ရဲမှူးခင်မောင်မြက ပြောသည်။‘‘အဲဒီ ယာဉ်နောက်လိုက်က ရွှေဧည့်သည်ယာဉ်လိုင်းက တရား ၀င်ခန့်ထားတဲ့ ယာဉ်နောက်လိုက် မဟုတ် ဘူး လို့ ယာဉ်လိုင်းဘက်က ပြောပါတယ်။ မင်္ဂလာဈေးဘက် ကို ညဘက်ဈေးဝယ်ဖို့လာရင်း နဲ့ ဒရိုင်ဘာနဲ့ ယာဉ်နောက်လိုက် နှစ် ယောက်လုံးနဲ့ ခင်နေတော့ ၀င်ပြီး တော့ ကူလုပ်ပေးရင်း

လမ်းလျှောက် ကျောင်းသားများအတွက် အလှူငွေများ ပျောက်ဆုံးမှု ဖြစ်၊ ကျောင်းသားခေါင်းဆောင် အချင်း ချင်း ပြဿနာတက်

မန္တလေးမြို့မှ ရန်ကုန်မြို့သို့ လမ်းလျှောက် ချီတက်ဆန္ဒပြ
လျက်ရှိသော ကျောင်းသားများ
အတွက် ရန်ကုန်ရှိ NLD ပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ လူ့အခွင့်အရေးအဖွဲ့အစည်းမျာ
းက စုပေါင်း ပေးပို့သော အလှူငွေ အား သပိတ်မှောက် ကျောင်းသား များထွသို့ လျော့နည်းရောက်ရှိ
လာခဲ့ကြောင်း၊ ကျောင်းသားများ
 ငွေကြေးသုံးစွဲမှုအတွက် အချင်းများမှုများ ဖြစ်ပေါ် လာကြောင်း သတင်း ရရှိသည်။
“လမ်းတစ်လျှောက်မှာရှိတဲ့ NLD ပါတီဝင်တွေ၊ ၈၈ မျိုးဆက်တွေက လိုအပ်တာ ပံ့ပိုးကူညီဖို့

Thursday, January 22, 2015

"ငါ့ကို ဒီလိုပြောထားတယ်။ ငါ ဒီထက် ပိုပြီး လုပ်ပြမယ်"

Tuesday, January 20, 2015
Sexy Model သရုပ်ဆောင် ဇွန်သဉ္ဖာ (ဓာတ်ပုံများ - ယမင်းဦး)
 သရုပ်ဆောင်အနုပညာလောကထဲမှာ ဖြတ်လမ်းနည်းနဲ့ အောင်မြင်ပေါက်မြောက်အောင် sexy pose တွေကို ရိုက်ခဲ့တာပါလို့ ဧရာဝတီကို ပြောခဲ့ဖူးတဲ့ သရုပ်ဆောင်မော်ဒယ်လ် ဇွန်သဉ္ဖာ တယောက် အနုပညာ လောကထဲကို ၀င်လာတဲ့ ၁ နှစ်ခွဲကျော်ကာလအလွန်မှာ သူ ရပ်တည်ချင် တဲ့နေရာတခုကို ကျေနပ်မှုအပြည့်နဲ့ ရပ်တည်နေနိုင်ပြီလားဆိုတဲ့အပေါ် ဧရာဝတီဘလော့ဂ်ကို

CNA သတင်းဌာနကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖြေကြားချက်များ

Thursday, January 22, 2015


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၅ ခုနှစ် ဇန်န၀ါရီ ၈ ရက်နေ့မှာ CNA သတင်းဌာနကို လက်ခံတွေ့ဆုံခဲ့ပြီး မေးခွန်းတွေဖြေကြားပေး ခဲ့တာနဲ့ပတ်သက်လို့ ဒီကနေ့ထုတ် မြန်မာ့အ လင်းသတင်းစာမှာ “ဥပဒေတစ်ခုကို ကိုယ်လို ရာစွဲပြီးတော့မှ ပြင်ဆင်ချက်တွေ မကြခဏ ထွက်နေမယ်ဆိုရင် တည်ငြိမ်မှုကို အများကြီး ထိခိုက်သွားနိုင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖော်ပြထားတာကို ဧရာဝတီဘလော့ဂ် ပရိတ်သတ်တွေ

အဲအေးရှား လေယာဉ် ဘာကြောင့်ပျက်ကျခဲ့ရသလဲ

Photo: အဲအေးရှား လေယာဉ် ဘာကြောင့်ပျက်ကျခဲ့ရသလဲ
Wednesday, January 21, 2015

ပြီးခဲ့တဲ့ လက လူပေါင်း ၁၆၂ ဦး တင်ဆောင်ရင်း အင်ဒိုနီးရှားကနေ စင်ကာပူနိုင်ငံကို ပျံသန်းစဉ် ဂျာဗား ပင်လယ်ထဲကို ပျက်ကျခဲ့တဲ့ အဲအေးရှား လေယာဉ် QZ8501 ဟာ ဘာကြောင့် ပျက်ကျခဲ့တာလည်းဆိုတာ အင်ဒိုနီးရှားအာဏာပိုင်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။

အမြင့်ကို ပျံတက်တာမှာ တမိနစ်ကို ပေ ၆ ထောင်နှုန်းနဲ့ အရှိန်ပြင်းပြင်း တက်ခဲ့လို့ စက်ချို့ယွင်းပျက်စီး ခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား ပိုဆောင်ရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားကလာတဲ့ သတင်းတွေနဲ့ ဘီဘီစီသတင်းမှာ အဲအေးရှားလေယာဉ်ဟာ မုန်တိုင်းနား ရောက်သွား ခဲ့ပြီး ပြဿနာ တက်ခဲ့ပုံရကာ အခုလို မထင်မှတ်တဲ့ ပြဿနာ ဖြစ်ခဲ့တာလို့လည်း ယူဆတဲ့အကြောင်း
ဖော်ပြ ထားပါသေးတယ်။

မကြာသေးမီက ပျက်ကျအဲအေးရှား လေယာဉ်ရဲ့ ခရီးစဉ်မှတ်တမ်းတင်စက် Black Box နဲ့ လေယာဉ်မှူး အခန်းက အသံဖမ်း ကိရိယာတွေကို အောင်မြင်စွာ ဆယ်ယူရရှိအပြီး လူသိရှင်ကြား ထုတ်ပြောလာခဲ့ တာပါ။

Black Box နဲ့ လေယာဉ်မှူး အခန်းက Voice recorder ကို အောင်မြင်စွာ ဆယ်ယူ ရရှိပြီး လေယာဉ် ကိုယ်ထည်ပိုင်းတွေ အပါအဝင် လေယာဉ်ရဲ့ အစိပ်အပိုင်းတွေ ဆက်တိုက် ဆယ်ယူရရှိခဲ့ကြတာပါ။

လေယာဉ်ပေါ် ပါသွားသူတွေရဲ့ အလောင်းတွေကိုလည်း တော်တော် များများကို ဆယ်ယူရခဲ့ပြီးဖြစ်ပေမယ့် ကျန်ရှိ ခရီးသည်တွေရဲ့ အလောင်းတွေကိုလည်း ဆက်လက်ရှာဖွေနေဆဲပါလို့ အင်ဒိုနီးရှားသတင်းတွေက ဆိုပါတယ်။

ဧရာဝတီပြီးခဲ့တဲ့လက လူပေါင်း ၁၆၂ ဦး တင်ဆောင် ရင်းအင်ဒိုနီးရှားကနေ စင်ကာပူနိုင်ငံကို ပျံသန်း စဉ်ဂျာဗားပင်လယ်ထဲကိုပျက်ကျခဲ့တဲ့အဲအေး
ရှား လေယာဉ် QZ8501 ဟာ ဘာကြောင့် ပျက်ကျခဲ့တာလည်းဆိုတာ အင်ဒိုနီးရှားအာဏာ ပိုင်တွေက ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါပြီ။
အမြင့်ကို ပျံတက်တာမှာ တမိနစ်ကို ပေ

ဓမ္မစေတီခေါင်းလောင်းပုံရိပ်ဟု ယူဆရသောအရာကိုတွေ့ရှိဟုဆိုပြန် အတည်မပြုနိုင်မီ ခေါင်းလောင်းတွေ့ပြီဟု မပြောသင့်ကြောင်း ပညာရှင်အချို့ပြော

Photo: ဓမ္မစေတီခေါင်းလောင်းပုံရိပ်ဟု ယူဆရသောအရာကိုတွေ့ရှိဟုဆိုပြန်
အတည်မပြုနိုင်မီ ခေါင်းလောင်းတွေ့ပြီဟု မပြောသင့်ကြောင်း ပညာရှင်အချို့ပြော
ဇန်န၀ါရီလ ၁၇ ရက်၊ ၂၀၁၅

ဓမ္မစေတီခေါင်းလောင်း ကြီးဟု ယူဆရသောပုံရိပ်ကို ရန် ကုန်မြို့တောင်ဘက် ၁၀မိုင်အကွာ သန်လျင်ရေနံချက်စက်ရုံဆိပ်ကမ်းအနီး ကိုက်တစ်ရာခန့်ရှိရန်ကုန်မြစ်အတွင်း ရေအောက် ပေ ၄၀၌ တွေ့ရှိရပြီဖြစ်ကြောင်း ရှာဖွေသူပုဂ္ဂလိက သင်္ဘောအရာရှိဟောင်းဦးကျော်ဝင်း ကပြောသည်။

‘‘ပုံရိပ်တစ်ခုတွေ့တယ်။ လတ္တီကျူ့ လောင်ဂျီကျူ့တွက်ပြီး ပြီ။ စက်ဝိုင်းခြမ်းနှစ်ထပ်ဖြစ်နေတဲ့ အရိပ်တစ်ခုကို ခေါင်းလောင်းလို့ တွက်ထားတယ်။ ရေအောက် ကြမ်းပြင်မှာ ထိပ်ဝတစ်ခြမ်းမြုပ် နေတာထူးခြားတယ်။ ဒီနေ့သက် သေပြဖို့လုပ်နေတယ်’’ဟု ၎င်းက ပြောသည်။

ဓမ္မစေတီခေါင်းလောင်ကြီး သည် သန်လျင်ရေနံချက်စက်ရုံ၏ ဆင်ကျုံးဆိပ်ခံတံတားအနီး N ၁၆ ဒီဂရီ၄၅ဒသမ ၁၅၁မိနစ်နှင့် E096ဒီဂရီ ၁၂၈ဒသမ ၉၆၁ မိနစ် ကြား မြောက်အရပ်ကိုခေါင်းပြု၍ မြစ်ကြမ်းပြင်တွင် လဲလျောင်းနစ် မြုပ်နေပြီး ခေါင်းလောင်းအ၀ သည် မြစ်ကြမ်းပြင်မှ ၁၃ပေခန့် ပေါ်ထွက်နေမည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ဦးကျော်ဝင်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင်ရေး သားထားသည်။

အဆိုပါအရာမှာ သင်္ဘောပျက်ဖြစ်နိုင်သကဲ့သို့ ထိုနေရာတွင် ရေ၀ဲရှိခြင်းကြောင့် ဂမူလုံးဖြစ်နိုင်ကြောင်း၊ ဂမူလုံးကို လွန်သွားနှင့် ထိုးဖောက်ပြီး လွန်သွားတွင် ကြေးပါလျှင်ဖြစ်နိုင်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်က မှတ်ချက်ပေး သည်။

‘‘နှစ်ပေါင်းလေးရာကျော်ပြီ လေ။ နှစ် ၁၀၀ဆိုရင်ပဲ ရေ အောက်မှာက သဲနုန်းတွေ ဖုံးသွား မှာလေ။ ခုအချိန်မှာ အတပ်ပြော လို့မရသေးဘူး။ တစ်ခုခုဖြစ်နိုင် တယ်။ ဂမူလုံးကို လွန်သွားနဲ့ ဖောက်ကြည့်တာအသေချာဆုံး ပဲ’’ဟု ၎င်းကဆိုသည်။

ဓမ္မစေတီခေါင်းလောင်းရှာ ဖွေသူ ပုဂ္ဂလိကသင်္ဘောကပ္ပတိန် ဟောင်းဦးကျော်ဝင်းအား ရေလမ်း ကြောင်းမထိခိုက်စေရန်နှင့် အများပြည်သူဆီမှ အလှူငွေ ကောက်ခံခြင်းမပြုလုပ်ရန် စည်းကမ်းသတ်မှတ်ပေးထားကြောင်း သတင်းရရှိသည်။

ယခုရှာဖွေသူ ကပ္ပတိန် ဟောင်းဦးကျော်ဝင်းက ခေါင်း လောင်းကြီးကို ၎င်းပိုင်ဆိုင်သည့် ငွေကြေးဖြင့်သာရှာဖွေမည်ဖြစ်ပြီး အလှူခံမည်မဟုတ်ဟု ကတိပြု ထားသည်။

‘‘မရှာခင် သမိုင်းဆရာတွေ နဲ့ အရင်ဆွေးနွေးသင့်တယ်။ ခေါင်းလောင်းကြီးရဲ့ အရွယ်အ စား၊ အတိုင်းအစကအစ အငြင်း ပွားနေတာ။ ပင်လယ်အောက်မှာ မြုပ်နေခဲ့တဲ့ တိုက်တန်းနစ် သင်္ဘောကို ဘယ်လိုရှာကြလဲလေ့ လာပေါ့။ အဲဒီလို စနစ်တွေနဲ့ရှာ မှာလား’’ဟု ဆည်မြောင်းအရာရှိ တစ်ဦးကမှတ်ချက်ပေးသည်။

၂၀၁၄တွင် ဦးစံလင်းက ဓမ္မ စေတီခေါင်းလောင်းကို နဂါးအကူ အညီဖြင့် ဆယ်ယူမည်ဆိုကာ ရန် ကုန်မြစ်ဝ၌ ၄၄ရက်ကြာရှာဖွေခဲ့ သော်လည်း မအောင်မြင်ခဲ့ပေ။

‘‘ဂူးလ်ဂဲက မျက်နှာပြင်တစ် ပေထပ်ကြီး ရိုက်ပေးနိုင်တယ်။ ရေအောက်က ပုံရိပ်ကို ရိုက်ဖို့မ လွယ်ဘူး။ အဲဒီလောက်နဲ့ အတည် မဖြစ်နိုင်ဘူး။ သူရှာတဲ့ရေအောက် ရှာတဲ့စက်ကလည်းအဆင့်တစ် ဆင့်ပဲဖြစ်နိုင်တယ်။ ခေါင်း လောင်းနဲ့ ပုံသဏ္ဍာန်တူတာတွေ အများကြီးရှိနိုင်တယ်။ ဦးစံလင်း လည်းအဲဒါကြောင့်ထိတာ။ အ တည်ပြုဖို့ လိုတယ်။ အတည်မပြု နိုင်ခင်တွေ့ပြီလို့မပြောသင့်ဘူး’’ ဟု မွန်သမိုင်းသုတေသနအသင်း တွဲဖက်အတွင်းရေးမှူးဦးနိုင်ရဲ ဇော်ကမှတ်ချက်ပြုသည်။

ဓမ္မစေတီခေါင်းလောင်းရှာဖွေနေရာ ခေါင်းလောင်းဟုယူဆရသော ပုံရိပ်ကိုတွေ့ရှိသည်ဟုဆိုကာ ဦးကျော်ဝင်း၏ ဖေ့စ်ဘွတ်ခ်တွင် ထုတ်ပြန်ခဲ့သောပုံ (ဓာတ်ပုံ - UKyaw Win Facebook)

ဓမ္မစေတီခေါင်းလောင်းရှာဖွေနေသော နေရာတစ်နေရာ
7Day Dailyဓမ္မစေတီခေါင်းလောင်း ကြီးဟု ယူဆရသောပုံရိပ်ကို ရန် ကုန်မြို့တောင်ဘက် ၁၀မိုင်အကွာ သန်လျင်ရေနံချက်စက်ရုံဆိပ်ကမ်း
အနီး ကိုက်တစ်ရာခန့်ရှိရန်ကုန်မြစ်
အတွင်း ရေအောက် ပေ ၄၀ ၌ တွေ့ရှိ ရ ပြီဖြစ်ကြောင်း ရှာဖွေ သူပုဂ္ဂလိကသင်္ဘောအရာရှိဟောင်း ဦးကျော်ဝင်း ကပြောသည်။
‘‘ပုံရိပ်တစ်ခုတွေ့တယ်။ လတ္တီကျူ့ လောင်ဂျီကျူ့တွက်ပြီး ပြီ။ စက်ဝိုင်းခြမ်းနှစ်ထပ်ဖြစ်နေတဲ့ အရိပ် တစ်ခုကို ခေါင်းလောင်း

တပ်မတော်မှ ကံဆီး၊ အောင်ဘာလေကျေးရွာအနီး နယ်မြေရှင်းလင်း

၂၀၁၅ ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့တွင် ကေအိုင်အေ
ရင်း(၆)လက်အောက်ခံ စစ်ကြောင်း တစ်ကြောင်းမှ ကချင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူးနော်နှင့် လုံခြုံရေး လိုက်ပါလာသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် (၃) ဦးအား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဝန်ကြီးအား ပြန်လွှတ်ပေး ခဲ့သော်လည်း ရဲ (၃) ဦးထံမှ လက်နက်များ သိမ်းဆည်းကာ လက်ထိပ်ခတ်လက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားမှု ဖြစ်ပွားခဲ့သည်။
၎င်းဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်(၃)ဦးအား ဖမ်းဆီးခေါ်ဆောင်သွား သည့် ကေအိုင်အေ ရင်း (၆) ဌာနချုပ် နယ်မြေသို့ နယ်မြေခံ

အလှမယ်သျှားထွဋ်အိန္ဒြာ ယူဆောင်သွားသည့်လက်ဆောင် ပစ္စည်း အား ဒေါ်လာ ၃၄၃ဖြင့် ရောင်းချနိုင်ခဲ့


Photo: အလှမယ်သျှားထွဋ်အိန္ဒြာ ယူဆောင်သွားသည့်လက်ဆောင် ပစ္စည်း အား ဒေါ်လာ ၃၄၃ဖြင့် ရောင်းချနိုင်ခဲ့

Wednesday, January 21, 2015

(၆၃)ကြိမ် မြောက် ကျင်းပပြုလုပ်နေသည့် Miss Universe 2014 အလှမယ်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြု အလှ မယ်သျှားထွဋ်အိန္ဒြာ ယူဆောင်သွား သည့် လက်ဆောင်ပစ္စည်းအား ဒေါ်လာ ၃၄၃ ဖြင့်ရောင်းချနိုင်ခဲ့ ကြောင်း သိရသည်။

Miss Universe Myanmar 2014 အလှမယ်သျှားထွဋ်အိန္ဒြာ သည် National Gift Auction တွင် ရောင်းချနိုင်ရန်အတွက် ပုဂံ ခေတ်တွင် နန်းတွင်းလှပျိုဖြူများ ဆင်ယင်ထုံးဖွဲ့မှုအား သရုပ်ဖော် ထားသည့်မြန်မာ့လက်မှုအနုပညာ ပစ္စည်းများဖြစ်သည့် နံရံချိတ်ရွှေ ချည်ထိုးပန်းချီကားအားယူဆောင် သွားခြင်းဖြစ်ကြောင်းသိရသည်။

''နိုင်ငံတကာအလှမယ်တွေ အား လုံးက ကိုယ်နိုင်ငံကလက်မှုပစ္စည်း တွေကို ပြိုင်ပွဲမှာ ရောင်းချကြပါ တယ်။ မြန်မာကိုယ်စားပြုသွား ယှဉ် ပြိုင်တဲ့ သျှားထွဋ်ယူသွားတဲ့မြန်မာလက်မှု ပစ္စည်းကို ရောင်းရတဲ့ငွေအား လုံးကို ပရဟိတလုပ်ငန်းမှာ ထည့်ဝင် အသုံးပြုသွားဖို့အတွက် Organziation ကနေပြီးတော့ ပြန်လှူဒါန်း တာပါ''ဟု Miss Universe Myan-mar Organization မှတာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါမြန်မာ့လက်မှုပစ္စည်း အားရောင်းချရာတွင်ရရှိလာသည့် ငွေများအား Miss Universe Myanmar Organization မှ မသန်စွမ်း ကလေးငယ်များအား လှူဒါန်းရာတွင် အ သုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်Miss Universe Myanmar 201 အလှမယ်သျှား ထွဋ်အိန္ဒြာသည် Pageantry & Beauty Queens Organization ၏ Voting တွင်မဲအရေအတွက် တစ်သိန်းကိုးသောင်းကျော်ဖြင့် နံ ပါတ်ခြောက်နေရာတွင် ရပ်တည်နေ ကြောင်း သိရသည်။

Miss Universe Organization ၏ Official Voting တွင်မဲပေး၍ မရသေး သော်လည်း Pageantry & Beauty Queens Organization ၏ Voting
နှင့် Missosology Peoples Choice Award တို့တွင် ဝင်ရောက် မဲပေးနိုင်ကြောင်း သိရသည်။

Voting ပေးရာတွင်ဖေ့စ်ဘွတ်ခ် အကောင့်ရှိသူသာလျှင်မဲပေးခွင့်ရှိ မည်ဖြစ်ပြီး အဆိုပါပေ့ခ်ျများအားအ ရင်ဦးဆုံး Like လုပ်ပြီးမှာသာလျှင် Vote ပေးနိုင်ပြီး မှားယွင်းမှုတစ်စုံ တစ်ရာဖြစ်ပေါ်ပါက မဲရေတွက်ရာ တွင် ထည့်သွင်းမည် မဟုတ်ကြောင်း သိ ရသည်။

Vote ပေးပို့ရာတွင်မှားယွင်း မှုများ ရှိနေခြင်းကြောင့် Miss Universe Myanmar 2014 အလှ မယ်သျှားထွဋ်အိန္ဒြာသည်မဲအရေ အတွက်တစ်သိန်းကျော် အပယ်ခံခဲ့ ရပြီး မဲ၃ဝဝကျော်ဖြင့်သာပြန်လည် ၍ စတင်ခဲ့ရခြင်းများလည်း ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။

မဲပေးရာတွင် ဖေ့စ်ဘွတ်ခ်အ ကောင့်ပိုင်ရှင်တစ်ဦးသည်တစ်နေ့ လျှင်၁၉ကြိမ် မဲပေးနိုင်ပြီးဖေ့စ်ဘွတ်ခ် အကောင့်များစွာ ရှိသော သူများ သည့် device ခွဲ၍မဲပေးနိုင်ကြောင်း သိရသည်။

(၆၃)ကြိမ်မြောက် ကျင်းပမည့် Miss Universe 2014 အလှမယ် ပြိုင်ပွဲကြီးအား အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်ရှိ မီယာမီကမ်း ခြေတွင် ဇန်နဝါရီ ၄ရက်မှ ၂၅ရက် အထိကျင်းပပြုလုပ်မည်ဖြစ်ပြီးမြန်မာနိုင်ငံမှ နှစ်ပေါင်း ၅ဝကျော်အတွင်း ဒုတိယအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင် ခြင်းဖြစ်ကြောင်းသိရသည်။

ဒီမိုကရေစီတူဒေး(၆၃)ကြိမ် မြောက် ကျင်းပပြုလုပ်နေသည့် Miss Universe 2014 အလှမယ်ပြိုင်ပွဲ တွင် မြန်မာနိုင်ငံကိုယ်စားပြု အလှ မယ်သျှားထွဋ်အိန္ဒြာ ယူဆောင်သွား သည့် လက်ဆောင် ပစ္စည်းအား ဒေါ်လာ ၃၄၃ ဖြင့်ရောင်းချနိုင် ခဲ့ ကြောင်း သိရ သည်။
Miss Universe Myanmar 2014 အလှမယ်သျှားထွဋ်အိန္ဒြာ သည် National Gift Auction တွင် ရောင်းချနိုင်ရန် အတွက် ပုဂံ ခေတ်တွင် နန်းတွင်းလှပျိုဖြူများ ဆင်ယင်ထုံး ဖွဲ့မှု အား သရုပ်ဖော် ထားသည့်မြန်မာ့လက်မှုအနုပညာ ပစ္စည်းများဖြစ်သည့် နံရံချိတ်ရွှေ ချည်ထိုးပန်းချီကားအား ယူဆောင် သွားခြင်းဖြစ်ကြောင်းသိရသည်။
''နိုင်ငံတကာအလှမယ်တွေအား လုံးက ကိုယ်နိုင်ငံက လက်မှု ပစ္စည်း တွေကို ပြိုင်ပွဲမှာ ရောင်းချကြပါ တယ်။ မြန်မာကိုယ် စားပြုသွား ယှဉ် ပြိုင်တဲ့ သျှားထွဋ်ယူသွားတဲ့မြန်မာလက်မှု ပစ္စည်းကို ရောင်းရတဲ့ငွေအား လုံးကို ပရဟိတလုပ်ငန်းမှာ ထည့်ဝင် အသုံးပြုသွားဖို့အတွက် Organziation ကနေ ပြီးတော့ပြန်လှူဒါန်းတာပါ''ဟု Miss Universe Myan-mar 

တော်သည်…ကျော်သည်…သို့သော်…


Monday, January 27, 2014Myanmar Express Group
From : https://www.facebook.com/photo.php?fbid=263103987186932&set=a.111179099046089.21550.100004619984171&type=1
ဒေါ်စုသည် ဥာဏ်ရည်ဥာဏ်သွေးထက်မြက်သူဖြစ်သည်။
(ဟုတ်ကဲ့လက်ခံပါတယ်။ဗိုလ်ချုပ်မျိုးဆက် ဥာဏ်ရည်ထက်ပေမပေါ့။)
သို့သော် ဆင်ခြင်တုံတရားနည်းပါးသည်။ထက်မြက်သောဥာဏ်ကို သတိတမံဖြင့် မထိန်းချုပ်နိုင်။ထို့ကြောင့်လည်း ဘိုးစဉ်ဘောင်ဆက် စဉ်လာမပျက်ခဲ့သော ဇာတိ၊ပုည၊ဂုဏ်မာနတို့ကို ဇောက်ထိုးပြောင်းပြန်ဖြစ်အောင် တစ်သက်တာပြင်မရသည့် အမှားကြီးကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ထို့ကြောင့်ပင် အာဇာနည်ခေါင်းဆောင်ဖခင်တစ်ဦး၏

ငြိမ်းချမ်းရေး လိုချင်ရဲ့လားဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို တပ်ချုပ်မေးခွန်းထုတ်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ်ဆိုင် ရာ ညှိ နှိုင်းမှုများ နှောင့်နှေးနေခြင်း မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပေါ် တွင် သာ မူတည်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားလိုက်ပြီး အမှန် တ ကယ် ငြိမ်းချမ်းရေးလိုချင်ရဲ့လား ဟု လည်း မေးခွန်းထုတ်လိုက် သည်။
စင်ကာပူ သတင်းဌာန စီ အင်န်အေနှင့် သီးသန့် အင်တာဗျူး ၌ တပ်မတော်ကာ ကွယ်ရေးဦးစီး ချုပ်က ယင်းကဲ့သို့ ဖြေကြား လိုက် ခြင်း ဖြစ်သည်။
‘‘ဒါက လက်နက်ကိုင်တိုင်း ရင်းသားအဖွဲ့တွေအပေါ် မူတည် ပါတယ်။ သူတို့တကယ် ငြိမ်းချမ်း ရေး

ကျောင်းဆရာမနှစ်ဦးကို သတ်ဖြတ်သူဟု သံသယရှိ အရပ်သားတစ်ဦး ဓာတ်ပုံရရှိထားဟုဆို

Thursday, January 22, 2015
ကြူကုတ်မြို့နယ် ကောင်းခါးကျေးရွာတွင် အသတ်ခံ ရသော ကျောင်းဆရာမလေးနှစ်ဦးအမှုနှင့် ပတ်သက်၍
ဒေသတွင်း အခြေစိုက် တပ်မတော်သားများအား စွပ်စွဲမှုများ ရှိနေသော် လည်း တရားခံဟု ယူဆရဖွယ်ရှိသည့် အရပ်သား တစ်ဦး၏ သက်သေအထောက်အထား ဓာတ်ပုံတစ်ပုံရရှိ ထားကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘တပ်ကို အဓိက အပုပ်ချနေတာပေါ့။ တပ်ကလုပ်တယ် ဆိုပြီးတော့လေ။ တခြား သတင်းတွေလည်း ရထားတာရှိတယ်။ ဓာတ်ပုံတစ်ပုံလည်း ရထားတယ်။ ဆေးစာလည်း ထွက်လာပါပြီ။ အဓမ္မပြုကျင့်တာ မြောက်၊ မမြောက် သေချာ သိဖို့ ဓာတုဗေဒရုံးကို ဆက်ပို့ထားတယ်’’ဟု ပြည်နယ်
အဆင့်ရဲအရာရှိတစ်ဦးကပြောသည်။
သေဆုံးသူဆရာမတစ်ဦး၏ လက်ထဲမှ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ဆွဲယူထားဖွယ်ရှိသည့်ဆံပင်အချို့

အငြိမ်းစားမယူမီ အပစ်ရပ်အောင်မြင်လိုကြောင်း ကာချုပ်ပြော

Thursday, January 22, 2015
စစ်မှုထမ်းတစ်ဦးအနေဖြင့် နိုင်ငံ့ဝန်ထမ်း
ဥပဒေအရ အသက် (၆၀)ပြည့်ပါက အငြိမ်းစား ယူရ မည်ဖြစ်ပြီးအငြိမ်းစားမယူမီအချိန်အတွင်း တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး ကိုအောင်မြင်စေလိုကြောင်းတပ်မတော်
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြား သည်။
စင်ကာပူအခြေစိုက် ChannelNews Asia နှင့် သီးသန့်တွေ့ဆုံ မေးမြန်းခန်းတွင် အငြိမ်းစားယူ၊

Friday, January 16, 2015

ကချင်ပြည်နယ် မေခမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေသော ယာဉ်များ ဖမ်းမိ

ကချင်ပြည်နယ် မေခမြစ်အတွင်းရှိ ဂလုံကျွန်းတွင် တမံများ မြေဖို့၍ တရားမဝင် ရွှေတူးဖော်ရေး လုပ်ငန်း များ ဆောင်ရွက်နေသော အဖွဲ့က အသုံးပြုသည့် စက်ယန္တရားများကို ဇန်နဝါရီလ ဒုတိယပတ်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများ က ပြော ကြားသည်။
ဇန်နဝါရီလ ဒုတိယပတ် အတွင်းတွင် တပ်မတော် နယ်မြေခံ တပ်မတော်တပ်ရင်းမှ ဝင်ရောက်ဖမ်း ဆီးရာတွင် ဘက်ဟိုးယာဉ် နှစ်စီး၊ လုပ်ဒါနှစ်စီး၊ မြေသယ်ယာဉ် ၁၀ ဘီးကား ခြောက်စီး၊

တိုင်းရင်းသားရေးရာ ၀န်ကြီးများ၏ သဘောထားထုတ်ပြန်ချက်

13.1.2015
၁။ တိုင်းရင်းသားရေးရာဝန်ကြီးများသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သက်ဆိုင်ရာ တိုင်းရင်းသား မဲဆန္ဒရှင်ပြည်သူများက တိုက်ရိုက်ရွေးချယ်သော လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်သည်။ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်ရမည် ဟု ပြဌာန်းထား ပါသည်။
၂။ တိုင်းရင်းသားရေးရာဝန်ကြီးများသည် သက်ဆိုင်ရာတိုင်းဒေသကြီး /ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်သော်လည်း တိုင်းဒေသကြီး /ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုး စုများ၏

လက်တို့ပြီးတော့ ပြောရအုံးမယ်

ခင်ဗျားတို့သိအောင်ပြောပြရဦးမယ်။
စစ်သားတွေက မိုက်ရိုင်းတယ်။
စစ်ဗိုလ်တွေက စာမတတ်ဘူး။
ရဲတွေက သူတောင်းစားတွေ။
စည်ပင်တွေက သူခိုးတွေ။
ကျောင်းဆရာမတွေက ငွေမက်တယ်။စာမသင်တတ်ဘူး။
တရားသူကြီးတွေ အဂတိလိုက်စားတယ်။
မီးသတ်တွေ သောက်လုပ်မလုပ်ဘူး။
အစိုးရဆေးရုံက နာစ်မတွေကလည်း ဟောက်စားတွေ၊ လူနာတွေဆီက ငွေညှစ်တဲ့ မိန်းမယုတ်ကြီးတွေလေ။
ဘွဲ့ရပညာတတ်တွေက ဆိုက်ကားနင်း ၊ရေစည်တွန်းနေရတယ်။
ဒါကြောင့် ဘွားဘွားစုက ကျောင်းသားတွေ နိုင်ငံရေး

ကေအိုင်အေ ခွင့်ပြုချက်ဖြင့်သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးပုဒ်မဖြင့် တရားစွဲ



ကချင်ပြည်နယ်၊ ၀ိုင်း မော်မြို့နယ်အတွင်း ကေအိုင်အေခွင့်ပြုချက်ဖြင့်တရားမ၀င် သစ်မှောင်ခို}
လုပ်ငန်းလုပ်ကိုင်မှု ဖြင့် ဖမ်းဆီးထားသော မြန်မာနိုင်ငံ သားနှင့် တရုတ်နိုင်ငံသား စုစု ပေါင်း ၁၅၀ ခန့်ကို ပြည်သူပိုင် ပစ္စည်း ကာကွယ်စောင့်ရှောက် ရေးဥပဒေဖြင့် ၀ိုင်းမော်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထား ကြောင်း ကချင်ပြည်နယ်အခြေ စိုက်အာဏာပိုင်များထံမှ သတင်း

ကျိုးပေါက်နေသော လုံခြုံရေး

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ၀ိုင်းမော်မြို့တွင် တရုတ်နိုင်ငံက သစ်ခိုး
ထုတ်သောအဖွဲ့တစ်ဖွဲ့ကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသော ယာဉ်စုစုပေါင်း
အစီးငါးရာနီးပါးရှိပြီး စုစုပေါင်း လူအင်အားလေးရာကျော်ရှိသည်။ အချို့မှာ ထွက်ပြေး
လွတ်မြောက်သွားကြသဖြင့် ထိုယာဉ်ပမာဏနှင့် တွက်ချက်ကြည့်ပါက အနည်းဆုံး လူတစ်ထောင်ခန့် ရှိမည်ဖြစ်သည်။ ထိုသူအများစုမှာ တရုတ်နိုင်ငံသားများဖြစ်ပြီး

Tuesday, January 13, 2015

မြန်မာသမ္မတနေရာ ဘယ်လိုရနိုင်မလဲ


Photo: မြန်မာသမ္မတနေရာ ဘယ်လိုရနိုင်မလဲ
ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၁၅

ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတအဖြစ်ရွေးချယ်ခံရရန် တရားမဝင်သူ အဖြစ်ရှိနေဆဲဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမတိုင်မီအထိ သည်အချက်ကိုပြင် နိုင်မည့် ပုံမရှိချေ။

မြန်မာ့နိုင်ငံရေးလောကသို့ တရားဝင် ဝင်ရောက်လာခဲ့ပြီး နောက် ဒေါ်အောင် ဆန်းစုကြည်က တပ်မတော်၏ထောက်ခံအား ပေးမှုကိုရရှိခြင်းသည် တန်ဖိုးရှိ ကြောင်း သိမြင်ခဲ့၏။ ထို့ကြောင့် တပ်မတော်ကိုစည်းရုံးသိမ်းသွင်း သည့်စကား များကို သူကပြော ကြားသည်။ ထို့အတူ တပ်မတော် ကိုတည်ထောင်သူအဖြစ် သူ၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကိုလည်း လူတွေကို မကြာခဏ ပြောကြားအသိပေးခဲ့ သည်။ သည်အချက်ကလည်း တပ်မတော်နှင့်သူ တစ်သားတည်း ဆိုသည့်သဘောကို ပြသခြင်းဖြစ် သည်။

တပ်မတော်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုရှုမြင်သဘောထား လဲဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါ။ သို့သော် သတင်းအချို့အရ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူတို့၏ သဘောထားမှာ ရောထွေးနေဆဲဖြစ်၏။ တပ်မတော်အနေဖြင့် အခြေခံဥပဒေကိုပြုပြင်ရန် စည်းရုံးနေသော ဒေါ်အောင်ဆန်းစုကြည်၏ပါတီကို သဘောမကျဖို့ကများပါသည်။ ထို့ပြင် သူတို့အနေဖြင့် တပ်မတော်၏အာဏာကို မထိပါးမခြိမ်းခြောက်သူ၊ သူတို့နှင့်နီးစပ်သူသမ္မတလောင်းကို ပိုဆန္ဒရှိလိမ့်မည်ဖြစ်သည်။ သူတို့ကို ဒုက္ခရောက်အောင်မလုပ်နိုင်ဟု အာမခံသေချာမှုမပါဘဲ တပ်မတော်အနေဖြင့် အရပ်သား သမ္မတလောင်းကို နွေးထွေးစွာမြင်နိုင်ရန် ခဲယဉ်းပါသည်။

နောက်တစ်ခုကNLDမှာလည်း ဒေါ် အောင်ဆန်းစုကြည်ပြီးလျှင် သူ့နေရာကိုဆက်ခံမည့်သူကိုလည်း ထင်ထင်ရှားရှားမတွေ့ရသေးပါ။ ထိုအချက်ကလည်း တပ်မတော်အတွက်စိုးရိမ်စရာဖြစ်ပါသည်။ အထူးသဖြင့် ဘာဖြစ်နိုင်မလဲဆိုသည်ကမသေချာ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်က သမ္မတအဖြစ် အခြားသူအား ရွေးချယ်ခဲ့ရပါက သမ္မတသက်တမ်းအတွင်း တာဝန်မထမ်းဆောင်နိုင်ဘဲ NLDကိုမထိန်းနိုင်ခဲ့ပါလျှင် ဘာဖြစ်နိုင်မလဲဆို သည်က မသေချာ။ ဒေါ်အောင်ဆန်းစုကြည်၏ အာဏာ၊ ခေါင်းဆောင်မှုနှင့် လမ်းညွှန်မှုမပါဘဲ ဒေါ်အောင်ဆန်းစုကြည်နေရာမှာအစားထိုးရှာဖို့NLD အနေဖြင့် အပြင်းအထန်ကြိုးပမ်းရန် ရှိပါသည်။ ထို့အပြင် NLD သည် လွှတ်တော်ထဲမှာ အင်အားကြီးပါတီဖြစ်လာမည့်အရေးကို တပ်မတော်က စိုးရိမ်ကောင်းစိုးရိမ်လိမ့်မည်။

ဆန့်ကျင်ဘက်အားဖြင့် တပ်မတော်အတွက် စစ်ဗိုလ်ချုပ် ဟောင်းတွေကသာ ရင်းနှီးပြီးသားဖြစ်နေသလို အခြေခံအားဖြင့်လည်း ယုံကြည်စရာပိုရှိသည်။ ဥပမာ သူရဦးရွှေမန်းသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်မယူမီမှာ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်ခဲ့သည်။ စစ်တာဝန် ထမ်းဆောင်နေစဉ်မှာလည်း KNLA ကို နှိမ်နင်းအောင်မြင်ခဲ့သည့် ရဲစွမ်းသတ္တိအတွက် သူရဘွဲ့ကိုလည်း ချီးမြှင့်ခံထားရသည်။ ထို့ကြောင့် ထိုသမိုင်းကြောင်းက သူနှင့်အတူအမှုထမ်းခဲ့သူများအပါအဝင် တပ်မတော်က အရာရှိများ၏ သဘောကျထောက်ခံမှုကိုရဖို့ သေချာစေသည်။

လွှတ်တော်အတွင်းမှာလည်း သူရဦးရွှေမန်းက တပ်မတော်နှင့် တပ်မတော်၏လုပ်ပိုင်ခွင့် အာ ဏာကို ပွင့်ပွင့်လင်းလင်းစိန်မခေါ်၊ထိပ်တိုက်မတိုးပါ။ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် လူထု၏ တောင်းဆိုချက်အပေါ်မှာလည်း သတိထားပြီး တုံ့ပြန်ပြောဆို သည်။ လွှတ်တော်ထဲမှာ မြန်မာ့ တပ်မတော်ကို ဝေဖန်နေကြတာ ကို တားမြစ်ပိတ်ပင်ချင်သည်ဟု ပင် သူကပြောကြားခဲ့ဖူးသည်။

သို့သော်လည်း သူရဦးရွှေမန်းသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတဦးသိန်းစိန်ဆီက စိန် ခေါ်မှုများကို ရင်ဆိုင်နေ ရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမကြာမီစစ်တပ်ကနေ အငြိမ်းစား ယူတော့မည်ဖြစ်၏။ နိုင်ငံတကာခရီးစဉ်များထွက်ခြင်း၊ သူ၏ဖေ့စ်ဘွတ်ခ်မှ သတင်းများ ထုတ်ပြန်ပေးပြီး ပြည်တွင်းသတင်းစာများမှလူသိအောင်လုပ် ခြင်းဖြင့် သူ၏လူသိထင်ရှားမှုကို မြှင့်တင်နေသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်၏ လက်ရှိရာထူးဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ်နေရာက လည်း သမ္မတနေရာအတွက် သူ့ အပေါ် တပ်မတော်၏ ထောက်ခံမှု ရရှိစေသည်။ တပ်မတော်က လည်း သူရဦးရွှေမန်းထက် သူ့ကို သာပိုပြီး ခေါင်းဆောင်အဖြစ် အလိုရှိမည်ဖြစ်သည်။ သို့သော် လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က တပ်မတော်၏ထောက်ခံ မှုဖြင့် ထိပ်ဆုံး ကပြေးနေသည်ဟု ထင်ရသော်လည်း သမ္မတအဖြစ် သူ့ကိုသာမဲပေးမည်ဟု မဆိုလိုပါ။ သူ့ကို ဒုတိယသမ္မတအဖြစ်ပေး ခြင်းသာ တပ်မတော်အတွက် အာမခံချက်နှင့် သြဇာအာဏာ လည်းရှိနေပါလိမ့်မည်ဟုတွက် ဆထားကြ မည်ဖြစ်သည်။

သမ္မတဦးသိန်းစိန်က အခြား သမ္မတနေရာ ယှဉ်ပြိုင်သူများအတွက် တပ်မတော် ထောက်ခံမှု ကို ရသည့်နေရာမှာ ခြိမ်းခြောက် မှုတစ်ခုဖြစ်နေ၏။ သူက စစ်တပ် တာဝန်ထမ်းဆောင်စဉ်ကာလမှာ နာမည်ကောင်းရပြီး ဝန်ကြီးချုပ် အဖြစ်ရော သမ္မတအဖြစ်ပါ တာ ဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ သူတာဝန်ထမ်းဆောင်စဉ် တွင် လည်း တချို့ပြဿနာများ၌ လူထုကိုထိန်းချုပ်မှုမလုပ်နိုင်ခြင်းကလွဲပြီး ဦးသိန်းစိန်က တပ်မတော်ကိုခြိမ်းခြောက်မှုမရှိခဲ့ပါ။ သူ၏ လူထုမိန့်ခွန်းများတွင် လည်း သူကမြန်မာ့နိုင်ငံရေးနှင့် နိုင်ငံရေး ပြောင်းလဲမှုမှာ တပ်မတော်၏ အရေးပါပုံနှင့် အခန်းကဏ္ဍကို ထုတ်ဖော်ပြောတတ်သူဖြစ်သည်။

ထို့ပြင် ဦးသိန်းစိန်က မြန်မာ နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးများ အတွက် နိုင်ငံတကာမှာ မျက်နှာ ပန်းလှသူလည်းဖြစ်သည်။ ထိုကဲ့ သို့ဦးဆောင်ဦးရွက် နေရာမှာ ပြု ပြင်ပြောင်းလဲရေးသမားသမ္မတ မျိုးကိုရရှိခြင်း၏ တန်ဖိုးကိုလည်း တပ်မတော်ကသဘောကျစရာရှိ သည်။ ထို့အပြင် လောလောလတ် လတ်စစ်တပ်ကနေ အငြိမ်းစားယူ မည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ကဲ့သို့ လူမျိုးကလည်း ရွေး ကောက်ပွဲ ပြီးပြီးချင်းအချိန်မှာ တပ်မတော်ကတန်းပြီး သမ္မတခန့် အပ်ချင်သည့် အနေအထားပုံရိပ် မျိုးမဟုတ်နိုင်ပါ။

နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရှေ့ဆက်ရေးအတွက် သမ္မတ ဦးသိန်းစိန်အနေဖြင့် နောက်ထပ် သမ္မတသက်တမ်းအပြည့် တာဝန် မထမ်းဆောင်ချင်လျှင်ပင် သူက တပ်မတော်၏ထောက်ခံမှုရရန် အခြေအနေကောင်းသူတစ်ဦးဖြစ် သည်။ ထို့ကြောင့် တပ်မတော် အနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်ကို ဒုတိယသမ္မတနေ ရာအတွက်ထောက်ခံပြီး ဦးသိန်း စိန်က သမ္မတရာထူးမှဆင်း ပေးသည့်အခါမှသာ သူက သမ္မတရာ ထူးကိုဆက်ခံဖို့ စဉ်းစားတာလည်း ဖြစ်နိုင်သည်။

တပ်မတော်၏သြဇာလွှမ်း မိုးမှုကို လျစ်လျူရှုထား၍မရပါ။ တပ်မတော်အနေဖြင့် သူ၏ပြုပြင် ပြောင်းလဲရေးများကို ဆက်လက်လုပ်ဆောင်နေလိုပါက လွှတ် တော်ထဲမှာ စစ်တပ်၏ ၂၅ ရာခိုင် နှုန်းပါဝင်မှုထက်ပိုပြီး ညီမျှအောင်ပြုပြင် ပြောင်းလဲနိုင်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက လွှတ်တော်နှင့် နိုင်ငံတော်သမ္မတ ရွေးချယ်ရွေးအဖွဲ့က အရပ်သားအဖွဲ့များ၏ ပါဝင်ဖွဲ့စည်းမှုကိုသက်ရောက်လာ နိုင်သည်။

နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့ထဲမှာတော့ တပ်မတော် သည် သူ၏အကျိုး စီးပွားကိုလိုလားသောသမ္မတလောင်းကိုသာမဲပေးရွေးချယ်ဖို့ရှိပါသည်။ ထို့ အတူ နောင်သမ္မတလုပ်မည့်သူ မှာ စစ်သားမျက်နှာမဟုတ်သည့် သူကသာ သူတို့အတွက်အကျိုး ပိုရှိပြီး တန်ဖိုးရှိမှန်း သူတို့လည်းသိမြင်သဘောပေါက် နေသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေ အရ နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့တွင် အုပ်စုတစ်ခုမှာ စစ် တပ်ကိုယ်စားလှယ်အမတ်များ ဖြစ်သည်။ တခြားအုပ်စုနှစ်ခုမှာ အရပ်သားလွှတ်တော်အမတ်များ ဖြစ်သည်။ ရွေးကောက်ပွဲပြီးသည် အထိ မည်သူတွေအတိအကျပါ မည်ဆိုတာ မသိနိုင်သော်လည်း ၂၀၁၀ နှင့် ၂၀၁၂ ရွေးကောက်ပွဲ အတွေ့အကြုံများအပေါ် အခြေခံ ပြီး တချို့အရာတွေကို မှန်းဆချက်များလုပ်နိုင်ပါသည်။

ရွေးကောက်ပွဲကိုသာ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ကသပိတ်မမှောက်ဘဲပါဝင်ခဲ့မည်ဆို လျှင် သူတို့အနေဖြင့် နိုင်ငံတော် သမ္မတရွေးချယ်ရေးအဖွဲ့မှာ အ မတ်နေရာအများစု ရလောက် အောင် ရွေးကောက်ပွဲမှာ သိသိ သာသာနိုင်မည့်အနေအထားရှိ သည်။ သို့သော် ရွေးကောက်ပွဲ သည် တရားမျှတလွတ်လပ်ပြီး နိုင်ငံတော်သမ္မတရွေးချယ်ရေးအ ဖွဲ့ကလည်း တကယ့်လွှတ်တော် ၏ အချိုးအစားပါဝင်ဖွဲ့စည်းမှုကို တိတိကျကျကိုယ်စားပြုသက် ရောက်မည်ဟု ယူဆနိုင်မည့် အ ခြေအနေတွင်မှသာ ဖြစ်လာနိုင်ပါ သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီများ အပါအ၀င် စစ်တပ်နှင့် အစိုးရအ ရာရှိဟောင်းများက အရပ်သား လွှတ်တော်အမတ်အုပ်စုထဲတွင် အများဆုံးရှိနိုင်သော အုပ်စုဖြစ် သည်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ်ခေါ်အချိုးကျ ကိုယ်စားလှယ် စနစ်ကို ပယ်ဖျက်ခဲ့သည့်အတွက် တိုင်းရင်းသားအုပ်စုပါတီများက မူ သြဇာရှိသော ကိုယ်စားလှယ်အ ဖြစ် ပါဝင်နိုင်ရန် ဖြစ်နိုင်ခြေနည်း ပါသည်။ ထို့ကြောင့် နိုင်ငံတော် သမ္မတရွေးချယ်ရေးအဖွဲ့သည် အဓိကပါတီကြီးနှစ်ခုမှ လွှတ်တော်အမတ်များသာ ပါဝင်နိုင်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က တော့ ထင်ရှားသော ကိုယ်စား လှယ်လောင်းတစ်ဦးဖြစ်ပြီး သူ၏ ပါတီ (NLD) နှင့် အခြားဒီမိုကရေ စီပါတီများမှ ထောက်ခံမှုကိုရရှိ မည် ဖြစ်ပါသည်။ တချို့တိုင်းရင်း သားပါတီများက သူ့ကိုသိပ်မ ထောက်ခံသော်လည်း တချို့တိုင်း ရင်းသားပါတီ အနည်းငယ်က ထောက်ခံနိုင်ပါသည်။

သို့သော်လည်း ဒေါ်အောင် ဆန်းစုကြည်က သမ္မတရာထူးကို ရရှိရန် တရားမ၀င်ဖြစ်နေဆဲရှိနေသည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ လတ်တလောပြောကြားချက်အရလည်း သည်အချက်သည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီပြောင်းလဲနိုင်မည် မဟုတ်ပါ။ သည်အချက်က ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဘာတွေဆက်လုပ်မလဲ။ NLD ကကော ဘယ်သူ့ကို အားပေးထောက်ခံမလဲဆိုသည့် မေးခွန်းတွေ ထွက်လာစေပါသည်။

ဘယ်သူက ဒေါ်စုနေရာကို ဆက်ခံမလဲဆိုတာနှင့် ပတ်သက် ပြီး NLD မှာက ကွဲကွဲပြားပြား မသိရသေးပါ။ ထို့ပြင် နောက်ထပ်NLD ကနေ သမ္မတကိုယ်စား လှယ်လောင်းကို ရွေးချယ်ဖို့ ဆို တာကလည်း ခက်ပါသည်။ အ ဘယ်ကြောင့်ဆိုသော် ဒေါ်အောင် ဆန်းစုကြည်ထက် ရာထူးကြီး သော နေရာကိုရမည့်သူတစ်စုံ တစ်ဦးကို လူအများစုက သူမ၏ ရုပ်သေးရုပ်ဟုသာ ထင်မြင်ကြ မည် ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ တွင် ရိုက်တာသတင်းဌာနက NLDသည် သူရဦးရွှေမန်းကို ထောက်ခံ မည်ဟု သတင်းရေးသားခဲ့သည်။ သို့သော် ချက်ချင်းပင် သူတို့က ငြင်းချက်ထုတ်ပြန်ခဲ့၏။ သို့သော်လည်း မကြာသေးမီက ထပ်မံထွက်ပေါ်လာသော သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၅၉ (စ) အရ သမ္မတမဖြစ်နိုင်လျှင် ဦးရွှေမန်းအကူအညီဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူလိမ့်မည်ဟု ပါတီမှတာဝန်ရှိသူ တစ်ဦးက ပြောသည်ဟု သတင်း ထွက်ပေါ်လာသည်။ သို့သော် ထို သတင်းမှားယွင်းကြောင်း ဒီချုပ် က သတင်းထုတ်ပြန်ထားသည်။

မည်သို့ပင်ဖြစ်စေ ဒေါ် အောင်ဆန်းစုကြည်နှင့် သူရဦးရွှေ မန်းတို့၏ ဆက်ဆံရေးက ပိုတိုး တက်လာပြီး မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ပန်းတိုင်ကိုချီတက် ရာတွင် အတူတကွ ပူးပေါင်းလုပ် ကိုင်ကြမည့် သဘောရှိ၏။ ထို့အ တူ တစ်ယောက်၏ ထောက်ခံမှု တန်ဖိုးကို တစ်ယောက်က အပြန် အလှန်သဘောပေါက်သိမြင်ကြ သည့် သဘောရှိပြီး တစ်ဦးချင်းစီ ၏ ပန်းတိုင်အတွက် တစ်ယောက်ကို တစ်ယောက်က အသုံးပြုနေ ကြသည်။ အဆိုပါ သတင်းသာ မှန်ကန်ခဲ့ပါက ထိုအချက်က ဦးရွှေ မန်းအနေဖြင့် လွှတ်တော်အသစ် နှင့် နိုင်ငံတော်သမ္မတရွေးချယ် ရေးအဖွဲ့ကို ထောက်ခံမှုပေးလာ နိုင်သည်။

သို့သော်လည်း သူရဦးရွှေမန်း အနေဖြင့် ဂုဏ်သိက္ခာ၊ နာမည်သတင်းကိစ္စများကို ရင်ဆိုင်နေရ ပါသည်။ ၂၀၁၀ ရွေးကောက်ပွဲမ တိုင်မီက အကဲခတ်အချို့က ဦး ရွှေမန်းသည် သမ္မတခန့်အပ်ခံရ မည်ဟု ခန့်မှန်းခဲ့သော်လည်း ဦး သိန်းစိန်ကြောင့် လွဲချော်ခဲ့သည်။ အချို့ကမူ စစ်ဗိုလ်ချုပ်များတွင် ဦးသိန်းစိန်က နာမည်အကောင်းဆုံး သူဖြစ်သည့်အတွက်ကြောင့် အစိုး ရအသစ်အတွက် မျက်နှာပန်းလှ သူတစ်ဦး ဖြစ်သည်။ ဦးရွှေမန်းက သူ့ရာထူးကို သူ့မိသားစု၏ စီးပွား ရေးအကျိုးအတွက် အသုံးချခဲ့ သည်ဟု သတင်းများလည်း ထွက် နေသည်။ သူတို့ကတော့ အဆိုပါ သတင်းကို ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ခရိုနီတွေဟု သိကြသော စီးပွား ရေးသမားများကို လက်ခံသည့် ပုံ ပြသော်လည်း စစ်ခေါင်းဆောင် က ပထမအကြိမ်ပွဲထုတ်ရန် မစဉ်းစားခဲ့သူတစ်ဦးကို NLD ကကော ထောက်ခံအားပေးချင်ပါသလား။

သို့ရာတွင် NLD ကလည်း ဦးရွှေမန်းကို တကယ်မယုံကြည် တာလည်း ဖြစ်နိုင်သည်။ သူ၏ လက်တစ်လော ကြေညာချက်က NLD ပါတီဝင်အချို့ကို အနှောင့် အယှက်ဖြစ်စေသည်။ NLD အထူး သဖြင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဦးရွှေမန်းကို တရားဝင်ဖြစ်လာအောင် လုပ်ပေးနိုင်သူအဖြစ် မြင်နေသည်ဆိုလျှင် တခြားကိုယ်စားလှယ်တစ်ဦးကိုလည်း ရွေးချယ်ပြီးသဘောတူညီ ချက်ရအောင် လုပ်ကောင်းလုပ်နိုင်ပါသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံခြင်းဖြင့် မင်း အောင်လှိုင်အနေဖြင့် NLD နိုင်ငံ ရေးအရင်းအနှီးကို ရလာနိုင်မှာ ဖြစ်သလို စစ်တပ်မှာလည်း တည် ငြိမ်မှုနှင့် သြဇာအာဏာတိုးလာ နိုင်သည်။ ထို့အပြင် ဒေါ်အောင် ဆန်းစုကြည်ကလည်း ယခုအချိန် အထိ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အပေါ် ဝေဖန်ပြောဆိုမှုလည်းမလုပ်သလောက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီဘယ် ဘက်ယိမ်းမည်ဆိုတာကိုလည်း မှန်းဆရခက်၏။ သို့သော် ဦးသိန်းစိန်ကမူ ခိုင်မာအားကောင်းသည့်ပြိုင်ဘက်တစ်ယောက်ဖြစ်၏။ နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုကာလမှာ ပြုပြင်ပြောင်းလဲရေးကို လုပ်ခဲ့သူ တစ်ဦးအဖြစ် လူထုထောက်ခံမှုကိုဦးရွှေမန်းနှင့် မင်းအောင်လှိုင် ထက်ပိုရရန်ရှိသည်။ ပြည်ခိုင်ဖြိုး ပါတီအတွင်းမှာ စစ်တပ်၏ လွှမ်း မိုးမှုမည်မျှရှိမည်ကို မသိရသေး သော်လည်း သူတို့အလိုရှိလျှင် မဲ က ယိမ်းသွားနိုင်သည်။

ထို့အပြင် သမ္မတဦးသိန်းစိန် က တိုင်းရင်းသားလက်နက်ကိုင် များနှင့် တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးကို လုပ်ဆောင်နိုင်ခဲ့ပါက တိုင်းရင်းသားပါတီများနှင့် ဒီမိုက ရေစီအုပ်စုများ၏ ထောက်ခံမှုကို လည်း ရနိုင်သေးသည်။ ထို့အတူ မြန်မာစစ်တပ်က တိုင်းရင်းသား အုပ်စုများကို ဆက်တိုက်တိုက် ခိုက်နေမှုကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေဖြင့် တိုင်း ရင်းသားများ၏ ထောက်ခံမှုရရန် ခက်ပါသည်။

NLD ကတော့ ဦးသိန်းစိန်ကို ထောက်ခံခြင်းရှိချင်မှ ရှိမည်။ ဒေါ် အောင်ဆန်းစုကြည်က ဦးရွှေမန်း နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို လူသိရှင်ကြားမဝေဖန် သော်လည်း ဦးသိန်းစိန်ကို လူသိ ရှင်ကြားဝေဖန်ထားတာရှိသည်။

ဦးသိန်းစိန်အနေဖြင့် နောက် တစ်ကြိမ် သမ္မတအဖြစ် ပြန်လည် ရွေးချယ်ခံရရန် တာဝန်ယူပါက သက်တမ်းအပြည့်မဟုတ်ဘူးဆို လျှင် သည်အချက်က ပြဿနာ မရှိ။ နောက်ထပ် သမ္မတလောင်း တစ်ဦး လက်ထဲသို့ အာဏာမလွှဲ မီမှာ သူ့အနေဖြင့် နှစ်အနည်းငယ် သမ္မတတာဝန်ယူထမ်းဆောင်ရန်အတွက်တော့ အားပေးထောက် ခံမှု လုံလုံလောက်လောက်ရကောင်းရနိုင်ပါလိမ့်မည်။

(The Interpreter စာစောင် ပါ ရိုင်းစ်သော်မဆင်၏ How Myanmar's Presidency Will Be Won အပိုင်း(၂)နှင့် (၃)ကို ထားထားမြင့်က ဘာသာပြန်ဆို၍ ဖော်ပြထားပါသည်။)

7Day News Journalဒ်ါအောင်ဆန်းစုကြည်သည် သမ္မတအဖြစ်ရွေး ချယ်ခံရရန် တရားမဝင်သူ အဖြစ်ရှိနေဆဲဖြစ်ပြီး ၂၀၁၅ရွေးကောက်ပွဲမတိုင်မီအထိ သည်အချက် ကိုပြင် နိုင်မည့် ပုံမရှိချေ။
မြန်မာ့နိုင်ငံရေးလောကသို့တရားဝင်ဝင်ရောက် လာခဲ့ပြီး နောက် ဒေါ်အောင် ဆန်းစုကြည်က တပ်မတော်၏ထောက်ခံအား ပေးမှုကို ရရှိခြင်း သည် တန်ဖိုးရှိ ကြောင်း သိမြင်ခဲ့၏။ ထို့ကြောင့် တပ်မတော်ကိုစည်းရုံးသိမ်းသွင်း သည့်စကား များကို သူကပြော ကြားသည်။ ထို့အတူ တပ်မတော် ကိုတည်ထောင်သူအဖြစ် သူ၏

ဒီနှစ်ဆယ်တန်း မဖြေဖြစ်တော့ဘူးလို့ ဆိုလာတဲ့ ရွှေမှုန်ရတီက အိမ်ထောင်ပြုမယ်ဆိုတာ မဟုတ်ကြောင်း ဖွင့်ဟ

Sunday, January 11, 2015
မကြာသေးခင်ကမှ အိမ်ထောင်ပြုတော့

မယ်ဆိုတဲ့ သတင်းတွေနဲ့ ပရိသတ်တွေ 
ပါးစပ်ဖျားကြား ရေပန်းစားခဲ့တဲ့ မင်းသမီး
ကတော့ ရွှေမှုန်ရတီပါပဲ။ ဒီအကြောင်း
 မေးကြည့်လိုက်တော့ သူမက အိမ်ထောင်ပြုမယ်ဆိုတာ မဟုတ်ကြောင်းနဲ့ တစ်ယောက်တည်းပဲ ရှိသေးကြောင်း ခုလို

အကယ်ဒမီပွဲနှင့်ပတ်သက်၍ သိင်္ဂီထွန်း၏ သတင်းစာရှင်းလင်းပွဲမှ ကောက်နုတ်ချက်အချို့

ဇန်န၀ါရီလ ၁၁ ရက်၊ ၂၀၁၅
ဇန်န၀ါရီ (၁၀)ရက်နေ့၊ နေ့လည် 

(၃)နာရီ က Orchid Hotel မှာ 
သတင်းစာရှင်းလင်းပွဲကို သရုပ်ဆောင် သိင်္ဂီထွန်းက ပြုလုပ်ခဲ့ပါသည်။
ပန်းမြိုင်လယ်က ဥယျာဉ်မှူးကားနဲ့စပြီး (၂၅)နှစ်ကျော်ပြီး နာမည်ပျက်မရှိခဲ့တဲ့ မသိင်္ဂီထွန်းဟာ သရုပ်ဆောင်ရတဲ့ ပညာလေးကို အရမ်း နှစ်သက်ရလို့ ဘက်စုံတော်တဲ့ သရုပ်ဆောင်တယောက်ဖြစ်

NLD ဗဟို ကော်မတီ အစည်း အဝေး တွင် သူရ ဦးရွှေမန်း ကို သမ္မတ တင်မြှောက် ရေး ဆွေးနွေး မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၏ ပထမ အကြိမ် ဗဟို ကော်မတီ စတုတ္ထ အကြိမ် အစည်း အဝေး ကို ဒီဇင်ဘာ ၁၃၊ ၁၄ ရက် များ တွင် ရန်ကုန် မြို့ ၌ ကျင်းပ မည် ဖြစ်ကြောင်း သတင်း ရရှိ သည်။ အစည်း အဝေး တွင် ၂၀၁၅ ရွေးကောက် ပွဲ နှင့် ပတ်သက် ၍ ဆွေးနွေး ဆုံးဖြတ် မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် အား သမ္မတ မဖြစ် နိုင်ရန် တားမြစ် ထား သည့်

MECTEL ဆင်းမ်ကတ် အသုံးပြုသူများ အတွက် SMS တစ်စောင်လျှင် ၂၅ ကျပ်မှ ၁၅ ကျပ်သို့ လျှော့ချ

MECTEL ဆင်းမ်ကတ် အသုံးပြု သူများ အတွက် SMS တစ်စောင် လျှင် ၂၅ ကျပ်မှ ယခု ၁၅ ကျပ် သို့   လျှော့ချလိုက်ကြောင်း မြန်မာ့ စီး ပွားရေးကော်ပိုရေးရှင်းမှ တာဝန် ရှိသူက ပြောကြားလိုက်သည်။
ဇန်နဝါရီလ ၁၅ ရက်မှစတင်ကာ ထိုသို့လျှော့ချလိုက်ခြင်းဖြစ်ပြီး ယင်းအပြင် ယခင် ကတ်ပျက်၊ ကတ်ပျောက် အတွက် ၂၀,၀၀၀

၂၀၁၅ နှစ်ဦးအဖွင့် ပုံရိပ်များ


ဒီရက်ပိုင်း အစိုးရအဖွဲ့ လုပ်ကွက်တွေ ပီ တယ်ဗျာ
သိပ်စိတ်ဝင်စားဖို့ကောင်းပါတယ်
လွပ်လပ်ရေးနေ့ပွဲကို ခမ်းခမ်းနားနားလုပ်တယ်ဗျာ
နိုင်ငံရဲ့ပိုက်ဆံတွေအများကြီးကုန်တယ်လို့ ဝေဖန်သံတွေညံခဲ့ပေမဲ့
နိုင်ငံရေးအရ ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအရရော ဂုဏ်သိက္ခာအရပါတော်တော်ကြီး

အကယ်ဒမီ ပေးပွဲ ရဲ့ အမှန်တရားကို ဖွင့်ချလိုက်တာကြောင့် နောက်ဆက်တွဲ ပြဿနာကိုလည်း ရင်ဆိုင်မယ် ဆိုတဲ့ မင်းသမီး သိင်္ဂီထွန်း

” စုန်းပြူး” ရုပ်ရှင်ဇာတ်ကားတွင် အဓိက ဇာတ်ပို့နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့သူ သိင်္ဂီထွန်းအနေဖြင့် ယင်းဇာတ်ကားဖြင့် အမျိုး သမီးဇာတ်ပို့ဆုရရန် တစ်ပြေးခဲ့သော် လည်း လွဲချော်မှုဖြစ်ခဲ့သောကြောင့်အကယ်ဒမီ
ဆုပေးပွဲ ပြီးဆုံးသည်အထိမနေဘဲ အပြင်ထွက် လာ ကာ တောင်ကြီးမြို့ကို ခရီးထွက်သွား ခဲ့