Wednesday, May 14, 2014

ဘင်္ဂ လား ဒေ့ရှ်မှ လက်နက် ကိုင်အ ဖွဲ့နှင့် နယ်ခြား စောင့်တပ် တို့ အပြန် အလှန် ပစ်ခတ် မှု ဖြစ်ပွား

1972552_732495800135152_3056849447151170894_nမြန်မာနိုင်ငံ ခြံစည်းရိုးအား ဖြတ်ကျော် ၀င်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လက်နက်ကိုင်အဖွဲ့နှင့် မြန်မာနယ်ခြားစောင့်
တပ်တို့ အပြန်အလှန် ပစ်ခတ်မှုတစ်ခု မေ ၁၂ ရက် ည ၇ နာရီက မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင်အမှတ် ၃၈ အနီးတွင် ဖြစ်ပွားခဲ့ကြောင်း 
အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။“မြန်မာနိုင်ငံထဲ ကို ၀င်ဖို့ကြိုးစားတဲ့ RSO သောင်းကျန်းသူတွေနဲ့ ပစ်ခတ်မှုဖြစ်တယ်။ ပစ်ခတ်မှုက ၁၅ မိနစ်လောက်ပဲ
ကြာတယ်။ နယ်စပ်မှတ်တိုင် အမှတ် ၃၈ အနီးမှာ ဖြစ်တာ” ဟု အမှတ် (၁) နယ်ခြားစောင့်တပ်မှ ရဲမှူးတစ်ဦးက ပြောကြားသည်။
ပစ်ခတ်မှုဖြစ်ပွားသည့် နေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာလူခါလီရွာနှင့် နီးစပ်ပြီး မြန်မာနိုင် ငံ တောင်ပြို လက်ဝဲမြို့နယ်ခွဲရှိ ကျေးရွာများနှင့် နီးစပ်ကြောင်း၊ အဆိုပါ လက်နက်ကိုင် သောင်း ကျန်းသူများမှာ မောင်တောမြို့နယ်အတွင်း နယ်စပ်ရှိ တိုင်းရင်းသားကျေးရွာများအား ၀င်ရောက် ဖျက်ဆီးရန် ၀င်ရောက်မည့် ရည်ရွယ်ချက်ဖြစ်ကြောင်း၊ လက်ရှိအချိန်၌ လုံခြုံရေးကို အသင့်အနေ အထားတွင် ထားရှိဆောင်ရွက်နေကြောင်းနှင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လာလျှင် ပစ်ခတ် မည်ဖြစ်ကြောင်း အထက်ပါ ရဲအရာရှိက ပြောကြားသည်။
ဝင်ရောက်လာသည့် လက်နက်ကိုင်များမှာ ပြောက်ကျားအညိုမည်းကွက်အား ၀တ်ဆင်ထားပြီး အင်အားမှာ ၁၀ ဦးဖြစ်ကြောင်းနှင့် မောင်တောမြို့နယ် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမှတ်တိုင် (၃၈/၃၉) ကြားတွင် မြန်မာနယ်စပ် ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်လာရာ မြန်မာနိုင်ငံဖက်မှ လှည့်ကင်းဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တိုးကာ တစ်ဘက်နှင့်တစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း သွေးထိုးလှုံ့ဆော်မှုများကြောင့် ၂၀၁၂ ခုနှစ် ဇွန်လကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ မဖြစ်လာစေရေး မေ ၁၂ ရက်မှစတင်ကာ မောင်တောမြို့ပေါ်နှင့် နယ်စပ်ကျေးရွာများတွင် လုံခြုံရေး တိုးချထားကြောင်းနှင့် လုံခြုံရေး အသင့်အနေအထား ဆောင်ရွက်ထားကြောင်းသိရသည်။

No comments:

Post a Comment