Friday, May 23, 2014

မူလတန်း နှင့် အလယ်တန်းအဆင့် ပြဋ္ဌာန်းစာအုပ်များ အခမဲ့ ဖြန့်ဝေသွားမည်


ရန်ကုန် ၊ ၂၂-၅-၂၀၁၄
၂၀၁၄ - ၂၀၁၅ ပညာသင်နှစ်တွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ 

မူလတန်းအဆင့် နှင့် အလယ်တန်း အဆင့် ကျောင်းသား
 ကျောင်းသူ များအတွက် ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်များကို အခမဲ့ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း အမှတ်(၁) 
အခြေခံပညာ ဦးစီးဌာန (ရန်ကုန်) မှ မေလ ၁၉ ရက်က
 ကြေညာချက် စာတမ်း ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
ယခု ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကျောင်းလခ နှင့် အခြား

ထည့်ဝင်ကြေးများ ကောက်ခံခြင်း မရှိသည့် အပြင် ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်များ နှင့်အတူ ဗလာစာအုပ် ၆ အုပ်နှင့် စာရေး ကိရိယာ ၀ယ်ယူရန် ငွေကျပ် ၁၀၀၀ ကိုပါ ထောက်ပံ့ ပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ အလယ်တန်း အဆင့် ကျောင်းသား ကျောင်းသူ များကိုလည်း ကျောင်းထွက်နှုန်း လျော့နည်းရန် နှင့် ကျောင်းနေမြဲရန် အတွက် ကျောင်းလခ နှင့် အခြား မည်သည့် ထည့်ဝင်ကြေး များကိုမျှ ကောက်ခံ သွားမည် မဟုတ်ဘဲ ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်များ ကိုပါ ထောက်ပံ့ သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (ကျော်ဇေယျ)

No comments:

Post a Comment