Thursday, May 22, 2014

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်မှုအခြေအနေအား စောင့်ကြည့်လျက်ရှိ

Photo: ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံသို့ ၀င်ရောက်နိုင်မှုအခြေအနေအား စောင့်ကြည့်လျက်ရှိ 
Thursday, May 22, 2014

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် မေ ၂၁ နေ့လယ် ၁ နာရီခွဲခန့်က လေဖိအားနည်းရပ်ဝန်းအဆင့်မှ မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မူအခြေအနေအား စောင့်ကြည့်လျက်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

“အခု ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်းလာပြီးတော့ အဝါရောင်အဆင့်ရှိတဲ့ မုန်တိုင်းငယ်တစ်ခုဖြစ်သွားပြီ။ ခုလောလောဆယ် မုန်တိုင်းငယ်ဖြစ်ရင် မြောက်ဘက်ကနေ အရှေ့မြောက် ရွေ့လျားနိုင်တယ်ဆိုတော့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတော့ နည်းနည်း သတိထားဖို့လိုတယ်” ဟု ဦးကျော်မိုးဦးက ပြောကြားသည်။

အဆိုပါ မုန်တိုင်းငယ်သည် ကိုးကိုးကျွန်းမြို့၏ အနောက်၊ အနောက်မြောက်ဘက် ၁၈၅ မိုင်ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်၊ အနောက်တောင်ဘက် ၂၅၅ မိုင်ခန့် အိန္ဒိယနိုင်ငံ ပုတ်ပလေယမြို့၏ အနောက်မြောက်ဘက် ၂၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုလျက် ရှိသည်။

မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေရာမှ နှစ်ရက်ခန့်အကြာတွင် မြောက်၊ အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားမည်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လာမည့်နှစ်ရက်အတွင်း အဆိုပါ မုန်တိုင်းငယ်သည် မြန်မာ၊ ဘင်္ဂလားဒေရှ်ကမ်းခြေများသို့ ဦးတည် ရွေ့လျားနိုင်ပါသည်။

မုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီးများတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျရောက်စဉ် လေတိုက်နှုန်းသည် တစ်နာရီ မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခိုက်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

“မုန်တိုင်းသတိပေးချက်တွေကို ကမ်းရိုးတန်းတစ်လျှောက်မှာ ထုတ်ပြန်ပေးထားတယ်။ စက်လှေတွေ ငါးဖမ်းလှေတွေ ပင်လယ်ပြင်ကို မထွက်ဖို့အတွက် ဆိပ်ကမ်းတွေ၊ ရေကြောင်းဦးစီးတွေကို သတင်းတွေ ပို့ထားတယ်။ မုန်တိုင်းနဲ့အတူ မြစ်ဝကျွန်းပေါ်ကိုလည်း မုတ်သုံဆက်ဝင်သွားပြီ ပုံမှန်ဆို မုတ်သုံက တောင်ပိုင်းကိုဝင်ပြီးရင် ၅ ရက်၊ ၁ဝ ရက်လောက် ခြားတယ်။ အခု မုန်တိုင်းကြောင့် မုတ်သုံနည်းနည်း စောဝင်သွားတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးဦးကာလနှင့် မိုးနှောင်းကာလများသည် မြန်မာနိုင်ငံသို့ မုန်တိုင်းသက်ရောက်မှု အများဆုံးကာလဖြစ်သဖြင့် မုန်တိုင်းအခြေအနေများအား အမြဲသတိပြုရန် လိုအပ်ကြောင်းလည်း သိရသည်။

“မုန်တိုင်း ကြိုတင်သတိပေးချက်တွေ သိရတဲ့အတွက် မြောင်းမြ၊ လပွတ္တာ၊ ပုသိမ်၊ ဟင်္သာတမှာရှိတဲ့ သစ်တောက ဝန်ထမ်းတွေကို မုန်တိုင်းဒဏ်ကာကွယ်ဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ အသိပေးကြေညာထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်၌ အကြီးမားဆုံးဖြစ်ပွားခဲ့သော မုန်တိုင်းများသည် ၂ဝဝ၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂ဝဝ၇ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂ဝဝ၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂ဝဝ၉ ခုနှစ်တွင် ဘစ်ဂ်ျလီမုန်တိုင်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ဂီရိမုန်တိုင်းတို့ အသီးသီး သက်ရောက်ခဲ့ပြီး မေ ၂ ရက်နှင့် ၃ ရက်များက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမှာ မြန်မာနိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံး ပျက်စီးမှုများကို ရင်ဆိုင်ခဲ့ရသည့် မုန်တိုင်းလည်း ဖြစ်သည်။ 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများသည် သုံးနှစ်လျှင် မုန်တိုင်း နှစ်လုံးခန့် မြန်မာနိုင်ငံသို့ သက်ရောက်နိုင်ကြောင်းလည်းသိရသည်။

မုန်တိုင်းသက်ရောက်မှုများကို သတိပြုရသော ဒေသများသည် ရခိုင်ပြည်နယ်တည်ရှိသည့် ရခိုင်ကမ်းရိုးတန်းဒေသ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ ပါဝင်သည့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတို့ ဖြစ်သည်။ မုတ်သုံဝင်ရောက်ပြီး မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း အနည်းဆုံးခုနစ်ကြိမ်ခန့်ဖြစ်ပေါ်ကာ သုံးကြိမ်သည် မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်းလည်း သိရသည်။

Eleven Media Group
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ် ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအား နည်း ရပ်ဝန်းသည် မေ ၂၁ နေ့လယ် ၁ နာရီခွဲ ခန့်က လေဖိအားနည်းရပ်ဝန်းအဆင့်မှ မုန်တိုင်းငယ်အဆင့်သို့ ပြောင်းလဲခဲ့ပြီး
  မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်မူအခြေ အနေအား စောင့်ကြည့်
လျက်ရှိကြောင်း  မိုးလေဝသနှင့် ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
“အခု ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေ တဲ့ လေဖိအားနည်းရပ်ဝန်းက ပိုမိုအားကောင်း လာပြီးတော့ အဝါရောင်အဆင့်ရှိ တဲ့  မုန်တိုင်းငယ်တစ်ခုဖြစ်သွားပြီ။ ခုလောလောဆယ် မုန်တိုင်းငယ်ဖြစ်ရင် မြောက် ဘက် ကနေ အရှေ့မြောက် ရွေ့လျားနိုင် တယ် ဆိုတော့ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတော့ နည်းနည်း သတိထားဖို့လိုတယ်” ဟု ဦးကျော်မိုးဦး က ပြော ကြားသည်။
အဆိုပါ မုန်တိုင်းငယ်သည် ကိုးကိုးကျွန်းမြို့၏ အနောက်၊ အနောက်မြောက်ဘက် ၁၈၅ မိုင်ခန့်အကွာ၊ ပုသိမ်မြို့၏ အနောက်၊ အနောက်တောင်ဘက် ၂၅၅ မိုင်ခန့် အိန္ဒိယနိုင်ငံ ပုတ်ပလေယမြို့၏ အနောက်မြောက်ဘက် ၂၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုလျက် ရှိသည်။

မုန်တိုင်းငယ်သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနေရာမှ နှစ်ရက်ခန့်အကြာတွင် မြောက်၊ အရှေ့မြောက်ဘက်သို့ ဦးတည်ရွေ့လျားမည်ကို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လာမည့်နှစ်ရက်အတွင်း အဆိုပါ မုန်တိုင်းငယ်သည် မြန်မာ၊ ဘင်္ဂလားဒေရှ်ကမ်းခြေများသို့ ဦးတည် ရွေ့လျားနိုင် ပါသည်။

မုန်တိုင်းအရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး များတွင် နေရာအနှံအပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းကျရောက်ကာ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်းကျရောက်စဉ် လေတိုက်နှုန်းသည် တစ်နာရီ မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခိုက်နိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။

“မုန်တိုင်းသတိပေးချက်တွေကို ကမ်းရိုးတန်းတစ်လျှောက်မှာ ထုတ်ပြန်ပေးထားတယ်။ စက်လှေတွေ ငါးဖမ်းလှေတွေ ပင်လယ်ပြင်ကို မထွက်ဖို့အတွက် ဆိပ်ကမ်းတွေ၊ ရေကြောင်းဦးစီးတွေကို သတင်းတွေ ပို့ထားတယ်။ မုန်တိုင်းနဲ့အတူ မြစ်ဝကျွန်းပေါ်ကိုလည်း မုတ်သုံဆက်ဝင်သွားပြီ ပုံမှန်ဆို မုတ်သုံက တောင်ပိုင်းကို ဝင်ပြီးရင် ၅ ရက်၊ ၁ဝ ရက်လောက် ခြားတယ်။ အခု မုန်တိုင်းကြောင့် မုတ်သုံနည်းနည်း စောဝင်သွားတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မိုးဦးကာလနှင့် မိုးနှောင်းကာလများသည် မြန်မာနိုင်ငံသို့ မုန်တိုင်းသက်ရောက်မှု အများဆုံးကာလဖြစ်သဖြင့် မုန်တိုင်းအခြေအနေများအား အမြဲသတိပြုရန် လိုအပ်ကြောင်းလည်း သိရသည်။

“မုန်တိုင်း ကြိုတင်သတိပေးချက်တွေ သိရတဲ့အတွက် မြောင်းမြ၊ လပွတ္တာ၊ ပုသိမ်၊ ဟင်္သာတမှာရှိတဲ့ သစ်တောက ဝန်ထမ်းတွေကို မုန်တိုင်းဒဏ်ကာကွယ်ဖို့နဲ့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဖို့ အသိပေးကြေညာထားပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ရှိ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မိုးဦးကာလတွင် ဘင်္ဂလားပင်လယ်အော်၌ အကြီးမားဆုံးဖြစ်ပွားခဲ့သော မုန်တိုင်းများသည် ၂ဝဝ၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂ဝဝ၇ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂ဝဝ၈ ခုနှစ်တွင် နာဂစ်မုန်တိုင်း၊ ၂ဝဝ၉ ခုနှစ်တွင် ဘစ်ဂ်ျလီမုန်တိုင်း၊ ၂ဝ၁ဝ ပြည့်နှစ်တွင် ဂီရိမုန်တိုင်းတို့ အသီးသီး သက်ရောက်ခဲ့ပြီး မေ ၂ ရက်နှင့် ၃ ရက်များက တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းမှာ မြန်မာနိုင်ငံ၏ သမိုင်းတွင် အဆိုးရွားဆုံး ပျက်စီးမှုများကို ရင်ဆိုင်ခဲ့ရသည့် မုန်တိုင်းလည်း ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပွားသော မုန်တိုင်းများသည် သုံးနှစ်လျှင် မုန်တိုင်း နှစ်လုံးခန့် မြန်မာနိုင်ငံသို့ သက်ရောက်နိုင်ကြောင်းလည်းသိရသည်။

မုန်တိုင်းသက်ရောက်မှုများကို သတိပြုရသော ဒေသများသည် ရခိုင်ပြည်နယ်တည်ရှိသည့် ရခိုင်ကမ်းရိုးတန်းဒေသ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးတို့ ပါဝင်သည့် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသတို့ ဖြစ်သည်။ မုတ်သုံဝင်ရောက်ပြီး မိုးဦး၊ မိုးလယ်၊ မိုးနှောင်းကာလများတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း အနည်းဆုံးခုနစ်ကြိမ်ခန့်ဖြစ်ပေါ်ကာ သုံးကြိမ်သည် မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်းလည်း သိရသည်။

No comments:

Post a Comment