Friday, May 16, 2014

နယ်မြေခံအစိုးရတပ်ရင်းဌာနချုပ်အား TNLAနှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ ညအချိန်မတော် ချောင်းမြောင်းပစ်ခတ်

Photo: နယ်မြေခံအစိုးရတပ်ရင်းဌာနချုပ်အား TNLAနှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ ညအချိန်မတော် ချောင်းမြောင်းပစ်ခတ် 
Thursday, May 15, 2014 

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲအခြေစိုက် နယ်မြေခံအစိုးရတပ်ရင်းဌာနချုပ်အား မေ ၁၄ ရက် ည ၁၂ နာရီခန့်တွင် TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ လာရောက်ချောင်းမြောင်း ပစ်ခတ်ခဲ့ ကြောင်း ယင်းတပ်မှ အရာရှိတစ်ဦးထံမှ သိရသည်။

``ည ၁၂ နာရီလောက် တပ်ကို ချောင်းပြီး လာပစ်တာပါ၊ သူတို့ဘက်က လက်နက်ကြီးနဲ့ သုံးချက် လှမ်းပစ် တယ်။ ညဥ့်နက်သန်းခေါင်ဆိုတော့ အားလုံးရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ကျွန်တော်တို့ဘက်က ချက်ချင်းပြန် ပစ်တာကြောင့် လာတိုက်တဲ့အဖွဲ့က ပြန်ဆုတ်ပြေးသွားပါတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး´´ ဟု အဆိုပါ အရာရှိက ပြောကြားသည်။

ယခုဖြစ်စဉ်သည် နယ်မြေလုံခြုံရေး နယ်မြေရှင်းလင်းရေးသွားစဉ် ထိတွေ့ပစ်ခတ်ခြင်းမျိုးမဟုတ်ဘဲ တပ်ရင်း ဌာနချုပ်အား အဆိုပါအဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ ညအချိန်မတော် လာရောက်ချောင်းမြောင်းပစ်ခတ်ခြင်း ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းနေသောကာလတွင် နှစ်ဖက်ပစ်ခတ်ခြင်း မပြုရေးကို တပ်မတော်မှ လိုက်နာ နေသော်လည်း ယခုကဲ့သို့ ရန်စတိုက်ခိုက်လာခြင်းမှာ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ထားရှိခဲ့သော ယုံကြည်မှု ပျက်ပြားသွားစေကြောင်း အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိကြီးတစ်ဦးက ပြောသည်။

``တပ်မတော်အနေနဲ့ အင်အားသုံးတိုက်မယ်ဆိုရင် ရတာပဲ၊ ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးနေတာ ကြောင့် တပ်မတော်ဘက်က စစ်ရှိန်လျော့ထားတာပါ၊ ဒါကို အခွင့်ကောင်းယူပြီး တပ်ရင်းဌာနချုပ်ကို ချောင်းပစ် တာကတော့ လာပြီး ရန်စစိန်ခေါ်တဲ့ သဘောဖြစ်သွားပြီလေ၊ နောက်ဆုံး တိုက်ပွဲတွေ ပြန်ဖြစ်လာရင် ဒေသခံ တွေပဲ နစ်နာမှာပါ´´ ဟု တာမိုးညဲမြို့ခံ ကျောင်းဆရာတစ်ဦးက ဆိုသည်။

TNLA နှင့် ကိုးကန့်ပူပေါင်းအဖွဲ့၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် တပ်ရင်းဌာနချုပ်အတွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အရာရှိ၊ စစ်သည်မိသာစုများမှာ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသလို လူနေအဆောက်အဦနှင့် ရုံးအဆောက်အဦးများလည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း နယ်မြေခံတပ်မှ တပ်ရင်းမှူး က ပြောကြားခဲ့ပါသည်။

Credit To; မိုင်းကျော်စွာ(ကွတ်ခိုင်)ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲအခြေစိုက် နယ်မြေခံအစိုးရ တပ်ရင်းဌာနချုပ် အား မေ ၁၄ ရက် ည ၁၂ နာရီခန့်တွင် TNLA နှင့် ကိုးကန့်ပူးပေါင်းအဖွဲ့မှ လာရောက်ချောင်းမြောင်း ပစ် ခတ်ခဲ့ ကြောင်း ယင်းတပ်မှ အရာရှိတစ်ဦးထံမှ သိရသည်။
``ည ၁၂ နာရီလောက် တပ်ကို ချောင်းပြီး လာ ပစ်တာပါ၊ သူတို့ဘက်က လက်နက်ကြီးနဲ့ သုံး ချက် လှမ်းပစ် တယ်။ ညဥ့်နက်သန်းခေါင် ဆိုတော့ အားလုံးရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်။ ကျွန်တော်တို့ဘက်က ချက် ချင်းပြန် ပစ် တာကြောင့် လာတိုက်တဲ့အဖွဲ့က ပြန်ဆုတ်ပြေးသွားပါတယ်။ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး´´ ဟု အဆိုပါ အရာရှိက ပြောကြားသည်။
ယခုဖြစ်စဉ်သည် နယ်မြေလုံခြုံရေး နယ်မြေရှင်းလင်းရေးသွားစဉ် ထိတွေ့ပစ်ခတ်ခြင်းမျိုး မဟုတ် ဘဲ တပ်ရင်း ဌာနချုပ်အား အဆိုပါအဖွဲ့မှ ရည်ရွယ်ချက်ရှိရှိ ညအချိန်မတော် လာရောက်ချောင်းမြောင်း ပစ် ခတ်ခြင်း ဖြစ် ကြောင်း၊ ငြိမ်းချမ်းရေးစေ့စပ်ညှိနှိုင်းနေသောကာလ တွင် နှစ်ဖက်ပစ်ခတ်ခြင်း မပြုရေးကို တပ်မတော် မှ လိုက်နာ နေသော်လည်း ယခုကဲ့သို့ ရန်စတိုက် ခိုက်လာခြင်းမှာ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား ထားရှိခဲ့သော ယုံကြည် မှု ပျက်ပြားသွားစေကြောင်း အရှေ့မြောက် တိုင်းစစ်ဌာနချုပ်မှ အဆင့်မြင့် အရာရှိကြီး တစ် ဦးက ပြောသည်။
``တပ်မတော်အနေနဲ့ အင်အားသုံးတိုက်မယ်ဆိုရင် ရတာပဲ၊ ဒါပေမယ့် ငြိမ်းချမ်းရေးကိစ္စတွေ   ဆွေးနွေးနေ တာ ကြောင့် တပ်မတော်ဘက်က စစ်ရှိန်လျော့ထားတာပါ၊ ဒါကို အခွင့်ကောင်း ယူပြီး တပ်ရင်းဌာနချုပ်ကို ချောင်းပစ်တာကတော့လာပြီးရန်စစိန်ခေါ်တဲ့သဘောဖြစ်သွားပြီလေ၊ နောက် ဆုံး  တိုက် ပွဲတွေ ပြန်ဖြစ်လာရင် ဒေသခံ တွေပဲ နစ်နာမှာပါ´´ ဟု တာမိုးညဲမြို့ခံ ကျောင်းဆရာ တစ်ဦးက ဆိုသည်။
TNLA နှင့် ကိုးကန့်ပူပေါင်းအဖွဲ့၏ ချောင်းမြောင်းပစ်ခတ်မှုကြောင့် တပ်ရင်းဌာနချုပ်အတွင်းသို့ လက်နက် ကြီး ကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အရာရှိ၊ စစ်သည်မိသာစုများမှာ ထိခိုက် ဒဏ်ရာရရှိခြင်းမရှိ သလို လူနေအဆောက်အဦနှင့် ရုံးအဆောက်အဦးများလည်း ထိခိုက်ပျက် စီးမှု မရှိကြောင်း နယ်မြေခံတပ်မှ တပ်ရင်းမှူး က ပြောကြားခဲ့ပါသည်။

Credit To; မိုင်းကျော်စွာ(ကွတ်ခိုင်)

No comments:

Post a Comment