Friday, May 9, 2014

မေ ၇ ရက်နေ့ ညသန်းခေါင်အချိန်တွင် ယောင်္ကျား မိန်းမ စုစုပေါင်း ၃၉ ဦးအား ကေအိုင်အေ အဖွဲ့မှ အတင်းဓမ္မလူသစ်စု ဖမ်းဆီးခေါ်ဆောင်သွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တန်ဖဲကျေး ရွာဟောင်း ဈေးတန်းများရှိ ရွာသူ ရွာသား ၃၉ ဦးကို KIA အဖွဲ့မှ မေလ ၇ ရက်နေ့တွင် လူသစ်အဖြစ် အတင်းဓမ္မစုဆောင်း ဖမ်းဆီးခေါ် သွားကြောင်း ဒေသခံ အချို့ထံမှ သိရှိရသည်။

ဖြစ်စဉ်မှာ မေလ ၇ ရက်နေ့ ည သန်းခေါင် ချိန်တွင် KIA အဖွဲ့မှ အင်အား ၅၀ ကျော်ခန့် သည် လက်နက်များကိုင်ဆောင်၍ တန်ဖဲကျေး ရွာဟောင်းရှိ ဈေးတန်းများသို့ ၀င်ရောက် လာပြီး ရွာသူရွာသားများကို သေနတ်များဖြင့် ချိန်ကာကြိုးများတုတ်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
“ညဘက်ကြီး မှောင်မှောင်မဲမဲမှာ တစ်ယောက်မှ မပြေးနဲ့။ ပြေးတဲ့ကောင် ပစ်မယ်။ ငါတို့ ကေအိုင်အေက။ မင်းတို့ကို လူသစ်လာစုတာလို့ ပြောပြီး တွေ့သမျှလူတွေကို တန်းစီခိုင်းပါတယ်။ ပြီးတော့ ကြိုးနဲ့ အကုန်တုတ်ပါတယ်”ဟု လူသစ်စုစဉ်ချုံပုတ်ထဲတွင် ပုန်းခိုနေ၍ လွတ်မြောက်ခဲ့သော ရွာသားတစ်ဦးက ဆိုသည်။
KIA အဖွဲ့မှ လူ ၃၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ဖမ်းဆီးခံရသူများထဲတွင် မိန်းကလေးများလည်း ပါကြောင်း သိရှိရသည်။
“အားလုံး ၃၉ ဦးခေါ်သွားပါတယ်။ မိန်းကလေးတွေလည်းပါသွားတယ်။ မြင်မြင်သမျှ အကုန်ခေါ်တာ ယောင်္ကျား မိန်းမ မခွဲဘူး” ဟု ၎င်းရွာသားကပင် ဆိုသည်။
KIA အဖွဲ့သည် အတင်းဓမ္မလူသစ်စုမှုများ ပြုလုပ်လျက်ရှိပြီး မေလ ၃ ရက်နေ့ကလည်း ပြည်နယ်အစိုးရ၀န်ထမ်း ၂ ဦးစီးနင်း လာသောဆိုင်ကယ်ကို တား၍ အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။ ယခုအခါ အတင်းဓမ္မလူသစ်စု ဖမ်းဆီးခေါ်ဆောင်ခံရသူများ၏ ဆွေမျိုးများကလည်း စိုးရိမ်ပူပန်နေကြပြီး လူသစ်စုခံရသူများထံမှ ယခုအချိန်ထိ မည်သည့်အဆက်အသွယ်မှ မရသေးကြောင်း တန်ဖဲကျေးရွာဟောင်း၏ အနောက်မြောက်ဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်သင်တန်းတက်ခိုင်းရန်ဖြစ်ကြောင်း KIA ၏ ယခုကဲ့သို့ ဥပဒေမဲ့ လုပ်ရပ်အပေါ် လူ့အခွင့်အရေးကော်မရှင်အဖွဲ့သို့ တိုင်ကြားသွားမည် ဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ကေအိုင်အေအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသူများ အမည်စာရင်း
၁။ သားငယ်(အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၂။ ကျော်နိုင်ဌေး(အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၃။ ဖြိုးဝေထွန်း (၂၀)နှစ်(ဘ)ဦးဖြိုးဖေ၊ ကလေးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၎။ ဝေဠုမောင် (၂၂)နှစ်(ဘ)ဦးသန်းထွန်း၊ ဖောင်းပြင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၅။ အောင်မျိုးသန့် (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၆။ ဇော်မျိုးသန့် (၂၀)နှစ်(ဘ)ဦးဘအေး၊ ဇော်ဂျီကျေးရွာ၊ ဖောင်းပြင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။
၇။ စိုးအောင် (၂၃)နှစ်(ဘ)ဦးလဂွေဇော်နန်၊ စီတာပူရပ်ကွက်၊ မြစ်ကြီးနားမြို့။
၈။ မောင်ချိုချိုထွန်း (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၉။ မောင်ရန်နိုင်ထွန်း (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၁၀။ ဦးတန်ဂွန်း (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၁၁။ ဦးသိုးဆောင်း (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၁၂။ ဗလကြီး (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၁၃။ ဦးသိန်းထွန်း (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၁၄။ ၀င်းတင် (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၁၅။ ဘုရင်လေး (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၁၆။ ထွန်းသိန်း (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၁၇။ အားတူ (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၁၈။ မျိုးချစ် (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၁၉။ မဆိုင်းလိုင် (၁၈)နှစ်(ဘ)ဦးနော်လွန့်၊ အောင်မြင်သာကျေးရွာ၊ မြစ်ကြီးနားမြို့။
၂၀။ နော်မိုင် (၂၀)နှစ်(ဘ)ဦးဇော်ဂွန်၊ အောင်မြင်သာကျေးရွာ၊ မြစ်ကြီးနားမြို့။
၂၁။ ထက်နေ၀င်း(၂၀)နှစ်(ဘ)ဦးမောင်ဝင်း၊ အုတ်ကန်ရွာ၊ မြေပုံမြို့၊ ရခိုင်ပြည်နယ်။
၂၂။ မောင်ဝင်း (၂၅)နှစ်(ဘ)ဦးနန်တောက်၊ ပြည်ခြားရွာ၊ မြေပုံမြို့၊ ရခိုင်ပြည်နယ်။
၂၃။ မအားတန် (၁၈)နှစ်(ဘ)ဦးဇော်ဂန်၊ ကျိန်ခရန်ကျေးရွာ၊ မြစ်ကြီးနားမြို့။
၂၄။ တူးခေါင် (၁၆)နှစ်(ဘ)ဦးလွန်းခေါင်၊ အောင်မြင်သာကျေးရွာ၊ မြစ်ကြီးနားမြို့။
၂၅။ မောင်နေနော် (၁၅)နှစ်(ဘ)ဦးလဆိုင်း၊ အောင်မြင်သာကျေးရွာ၊ မြစ်ကြီးနားမြို့။
၂၆။ လင်းလင်း (၃၆) နှစ်(ဘ)ဦးကျော်ရင်၊ လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
၂၇။ မသန္တာဆွေ (၁၂) နှစ်(ဘ)ဦးစိုးလွင်၊ အောင်မြင်သာကျေးရွာ၊ မြစ်ကြီးနားမြို့။
၂၈။ မောင်မီတာ (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၂၉။ မြင့်နိုင် (အသက်၊ အဘအမည်၊ နေရပ်လိပ်စာ စုံစမ်းဆဲ)။
၃၀။ မောင်မောင်မြင့် (၁၈) နှစ်(ဘ)ဦးအေးဖေ၊ ဖောင်းပြင်မြို့၊ စစ်ကိုင်းတိုင်းဒေသကြီး။

အောင်ပိုင်(မြစ်ကြီးနား)

No comments:

Post a Comment