Friday, May 9, 2014

ထာဝရ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြစေချင်

မေလ ၈ ရက် ၂၀၁၄ ခုနှစ်
ကျွန်တော်တို့ နိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေကို လေ့လာကြည့်မယ်ဆိုရင် နိုင်ငံတော် အစိုးရ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား
 ဆွေးနွေးနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် တစ်ခုကို သဘောတူ လက်မှတ်ထိုးဖို့ ဘာလို့ ဒီလောက်တောင် အချိန်တွေ ကြန့်ကြာ နေရတာလဲ..၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်ပြီး အမိနိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ပြီး လုပ်နေကျတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေကြားမှာ ညှိလို့မရတဲ့ ဆူးညှောင့်ခလုတ် အဖြစ် ရှိနေတာတွေက ဘယ်အရာတွေ လဲ..၊ ဆွေးနွေးပွဲတွေ လုပ်နေတဲ့ ကြားထဲကနေ တိုက်ပွဲတွေ ဘာကြောင့် ဖြစ်နေတာလဲ….၊ ဆွေးနွေး ပွဲနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို မလိုလားတာကြောင့်လား…၊ “ဘယ်သူသေသေ ငတေမာ ရင်ပြီးရော’’ ဆိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်တွေ ရှိနေတာလား ဆိုတာတော့ စဉ်းစားစရာ တစ်ခု ဖြစ်လာခဲ့ပါပြီ။
ငြိမ်းချမ်းရေး မယူသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို မေးကြည့်ချင် ပါတယ်..၊ သူတို့ လက်နက်ကိုင် တိုက်ခိုက် နေတာဟာ လူမျိုး ကောင်းစားဖို့လား လက်နက် ကိုင် တော်လှန်နေတဲ့ လူနည်းစု တစ်ခု အကျိုးအတွက်လား လို့ မေးချင်ပါတယ်။ လွယ်လွယ်လေး ပဲ တွေးကြည့်ရအောင် လူမျိုးတစ်ခုလုံး ကောင်းစားဖို့ဆိုရင် ဒီလူမျိုးတွေ ဒုက္ခရောက်အောင်၊ နေ အိမ်တွေ၊ ရပ်ရွာတွေ၊ စွန့်ခွာ ထွက်ပြေး ရလောက်အောင် ဖန်တီးမှာ မဟုတ်ဘူး လို့တော့ ထင်တယ်။ တစ်ချို့ကတော့ပြောပါတယ် ဒီလိုတွေ ဖြစ်နေရတာ တပ်မတော်ရဲ့ ထိုးစစ်တွေကြောင့် ဖြစ်တာလို့ ဆိုပါတယ်..၊ တပ်မတော် ဆိုတာ ပြည်သူတွေထဲက ပေါက်ဖွားလာတာပါ ပြည်သူလူထု အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိပါတယ်၊ တပ်မတော်က တိုက်ပွဲတွေကို ဆင်နွဲနေတယ် ဆိုတာ လူမျိုးကို မုန်းလို့တိုက်နေတာ မဟုတ်ပါဘူး တပ်မတော်မှာ ဘယ်တိုင်း ရင်သား ဘယ်လူမျိုးကတော့ ငါတို့ရဲ့ အမြဲတမ်း ရန်သူဖြစ်တယ်ဆိုပြိး သတ်မှတ် ထားတာမရှိပါဘူး ၊ ဒါပေမယ့် ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက် စော်ကားလာမယ် ဆိုရင် မည်သူမဆို တပ်မတော်ရဲ့ ရန်သူဖြစ်သွား နိုင်ပါတယ်၊ အဲဒီလို ဖြစ်လာခဲ့ရင်လည်း ဘယ်တိုင်းရင်းသားကိုမဆို အမြစ်ပြတ် ချေမှုန်း တိုက်ခိုက်ဖို့ စွမ်းရည်တွေ ၊ သတ္တိတွေ ရှိတယ်ဆိုတာတော့ သိစေချင်ပါတယ်။
အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ရယူတယ် ဆိုတဲ့အခါမှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်ကလည်း ပြောဆို ကတိပြု ထားတဲ့ အတိုင်း ပြုမူနေထိုင်ဖို့လည်း လိုပါတယ်၊ ငြိမ်းချမ်းရေး ယူထားတယ် ဆိုပြီးတော့ ရွာတွေကိုဝင် ဆက်ကြေးကောက်၊ လူသစ်စုဆောင်းပြီး ဒေသခံ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက် နေရင်တော့ ဆွေးနွေးပွဲတွေ ဘယ်လောက်ပဲ လုပ်လုပ် စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ပြည်သူလူထု အနေနဲ့ ရရှိခံစားရမှာ မဟုတ်ပါဘူး။
တစ်ဆက်တည်းမှာပဲ ပြည်ထောင်စု တပ်မတော်ကို ဖွဲ့စည်းချင်ပါတယ် ဆိုတဲ့သူတွေလည်း ရှိပါတယ်.၊ အခုလက်ရှိ တပ်မတော်က ပြည်ထောင်စု တပ်မတော် မဟုတ်ဘူးလို့ ဘယ်သူပြောမှာလဲ၊ ဒီတပ်မတော်ထဲမှာ ပြည်ထောင်စု တိုင်းရင်းသား အားလုံးပါဝင်ပါတယ်..၊
ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံသားတွေ အားလုံး ပါဝင်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပ်မတော် တစ်ခုဖြစ်ပါတယ်..၊ နိုင်ငံတစ်နိုင်ငံမှာ တပ်မတော် တစ်ခုပဲ ရှိရမယ်၊ နိုင်ငံထဲမှာ ရှိတဲ့လက်နက်ကိုင်အဖွဲ့ အစည်းအားလုံးဟာလည်း တပ်မတော်ရဲ့ အုပ်ချုပ်မှု အောက်မှာ ရှိရမယ် ဆိုတာ နိုင်ငံတိုင်းမှာပြဌာန်းထားတဲ့ ဥပဒေတစ်ခုဖြစ်ပါတယ်။
ဆွေးနွေးတယ် ဆိုတဲ့ နေရာမှာ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံးက အမျိုးသားရေး တာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေး (၃) ပါးကို အခြေခံပြီး ဆွေးနွေးမယ်၊ သဘောတူညီချက်တွေကို တိကျစွာ လိုက်နာမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်တွေမှာ လိုက်ပါ ဆောင်ရွက်နိုင်မယ် ဆိုရင် ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်နေတဲ့ စစ်မှန်တဲ့ ထာဝရငြိမ်းရေးရဲ့ အရသာကို ရရှိခံစားနိုင်မှာ ဖြစ်ကြောင်းကိုအသိပေး တင်ပြလိုပါတယ်။
Credit to : နေမင်းသံလွင်

No comments:

Post a Comment