Wednesday, May 14, 2014

UPWC နှင့် KIO ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
 လုပ်ငန်းကော်မတီ (UPWC) ဦးဆောင်သော
 ကိုယ်စားလှယ်များနှင့် ကချင်လွတ်မြောက်ရေး 
အဖွဲ့ (KIO) ဆွေးနွေးရေးအဖွဲ့တို့ ကချင်ပြည်
နယ် မြစ်ကြီးနားမြို့၊ မနောကွင်း မဂျွယ်ခန်း
မ၌ ယနေ့နံနက်တွင် တွေ့ဆုံကြကြောင်းသိရ
သည်။
ဆွေးနွေးပွဲတွင် လေ့လာသူများအဖြစ် 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အာရှရေးရာ
 အထူးကိုယ်စားလှယ် Mr. Wang Ying Fan၊ 
 ကမ္ဘာ့ကုလ သမဂ္ဂ အထွေထွေအတွင်းရေး
မှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး 
အကြံပေးရုံးမှ Ms. Mariann၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအသီးသီးမှ ကိုယ်စား လှယ်များ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ
ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင်များ၊ PCG - ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း Myanmar Peace Center မှ သိရသည်။

UPWC မှ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လွှတ်တော်မှ ဦးသိန်းဇော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ တပ်မတော်အရာရှိကြီးများ ဖြစ်သော ဗိုလ်မှူးကြီးဆန်းအောင်၊ ဗိုလ်ချုပ် ထွန်းထွန်းအောင် အပါအဝင်  Myanmar Peace Center မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ၊  KIO ဘက်မှ ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်၊ KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော် အပါအဝင် စုစုပေါင်း ၉ ဦး တက်ရောက်ခဲ့ကြသည်

No comments:

Post a Comment