Friday, May 9, 2014

စာပို့ယာဉ်တန်းဖြတ်သန်းရန် လမ်းကြောင်းလုံခြုံရေးယူပေးနေသော နယ်မြေခံတပ်အား TNLA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်၊ လားရှိုး-သိန်းနီ-ကွမ်းလုံ-လောက်ကိုင် ကားလမ်းအား စာပို့ယာဉ်တန်း ဖြတ်သန်းရန်အတွက် လမ်းကြောင်းလုံခြုံရေးယူပေးနေသော နယ်မြေခံတပ်အား မေ(၇)ရက် နံနက် ၁၁ နာရီခန့် တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း နယ်မြေခံ တပ်မှ အရာရှိတစ်ဦးထံမှ သိရသည်။အဆိုပါဖြစ်စဉ်မှာ စာပို့ယာဉ်တန်းသွားရောက်ရန်အတွက် နယ်မြေခံတပ်မှ လားရှိုး-သိန်းနီ-ကွမ်းလုံ-လောက်ကိုင် ကားလမ်း၌ လမ်းလုံခြုံရေးဆောင်ရွက်နေစဉ် TNLA အဖွဲ့မှ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း၊ နံနက် ၁၁ နာရီခွဲခန့်တွင် TNLA အဖွဲ့မှ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း လမ်းလုံခြုံရေးဆောင်ရွက် ပေးခဲ့သော အရာရှိတစ်ဦးက ပြောကြားသွားသည်။တပ်မတော်ဘက်မှ ယာဉ်တန်းအစီး(၄၀)ခန့်သည် လားရှိုး-သိန်းနီ-ကွမ်းလုံ ကားလမ်းအတိုင်း တက်လာရာ မနေ့က မနက် ၁၁ နာရီခန့်တွင် TNLA အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကား(၂)စီး ထိမှန်ကာ မီးလောင် ပျက်စီးသွားခဲ့သည် ဟူသော သတင်းနှင့်ပတ်သက်၍လည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦးမှ မဟုတ်မှန်ကြောင်း ငြင်းဆိုသွားခဲ့သည်။
“ယာဉ်တန်းကို အပစ်ခံရလို့ ကား(၂)စီး မီးလောင်ပျက်စီးခဲ့တယ်ဆိုတာ မဟုတ်ပါဘူး၊ ပြီးတော့ အေးရှားဝေါ ဂိတ်အနီးမှာ TNLA နဲ့ တပ်မတော်စစ်ကြောင်း တိုက်ပွဲဖြစ်လို့ တပ်မတော်ဘက်က (၃)ဦးကျတယ်ဆိုတာလည်း မရှိပါဘူး၊ လမ်းကင်းယူနေတဲ့အဖွဲ့ကို TNLA က ချောင်းပြီး တိုက်တာတော့ရှိတယ်၊ ဒါပေမယ့် ထိခိုက်ဒဏ်ရာ ရတာတွေ မရှိပါဘူး ” ဟု ယင်းအရာရှိကြီးမှ ပြောကြားသွားခဲ့ပါသည်။
Credit To:မိုင်းအိုက်ပီး

No comments:

Post a Comment