Friday, May 9, 2014

လေတပ်အကြောင်း သတိထားမိတာလေးများ

ကျွှန်တော်လည်း ပိုစ့်မတင်ဖြစ်တာကြာသွားပါပြီး၊ ဒီနေ့တော့ အချိန်လည်းရတာမို့ စစ်တပ်ရဲ့ သတင်းထူးလေးတွေအပေါ် ကျွှန်တော့်အမြင်သက်သက်ဖြင့် ဖော်ပြပေးသွားပါ့မယ်...။
CN-235-220 MPA (ပင်လယ်ပြင် ကင်းလှည့်စောင့်ကြည့်ရေး လေယာဉ်)

ပထမအချက်ကတော့ အားလုံးလည်း စိတ်ဝင်စားနေကြတဲ့ လေတပ်သတင်းပါ။ လေတပ်အတွက် တိုက်လေယာဉ်အသစ်တစ်မျိုး ပိုင်ဆိုင်နိုင်ရန် ကြိုးပမ်းမှုဆိုရင်လည်း မမှားနိုင်ပါဘူး။ ကာကွယ်ရေး ဦးစီးချူပ်ရဲ့ရုရှားခရီးစဉ်တုန်းကအားလုံးမြင်တွေ့လိုက်ရတဲ့MiG-29M/M2 နှင့် MiG-35 တိုက်လေ ယာဉ်များသွားရောက်ကြည့်ရှု့မှုသတင်းများမှအစ လေတပ်ရဲ့လက်ရှိ MiG-29B တိုက်လေ ယာဉ်များကို MiG-29SMT အဆင့်မြှင့်တင်လိုမှုများ နှင့် အခုနောက်ဆုံး လူပြောများတဲ့ JF-17 ဘက်စုံသုံးတိုက်လေယာဉ်များအကြောင်းကတော့ လူပြောအများဆုံးဖြစ်နေပါတယ်...။ ဒီယူဆချက် များ ဘယ်လောက်အထိ မှန်နိုင်ပြီး ဘယ်လောက်ထိအကောင်အထည် ပေါ်လာနိုင် မလည်း ဆို တာကတော့တွေးစရာအချက်အဖြစ် ရှိနေဆဲပါ။

စိတ်ဝင်စားတဲ့ညီ၊အစ်ကိုများအတွက်သတင်းကောင်းတစ်ခုကတော လေတပ်ဦးစီးချုပ်ရဲ့တရုပ်ပြည် ခရီးစဉ်ပဲဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ဘာတွေဖြစ်လာနိုင်မယ်ဆိုတာ မသိရသေးပင်မယ့်လို့ ထူးထူးခြားခြားသတင်းတွေပါလာဖို့ အားလုံးမျှော်လင့်နေကြသလို လေတပ်ရဲ့ သက်တမ်းရင့် F-7M တိုက်လေယာဉ်များကို အဆင့်မြှင့်တင်မှုပြုလုပ်ဖို့ သဘောတူညီမျှ ရကောင်းရနိုင်တယ်လို့ သိရပါ တယ်။ တစ်ချိန်က လေတပ်ရဲ့ ပင်မကျောရိုးဖြစ်ခဲ့တဲ့ F-7M တိုက်လေယာဉ်များကို အစ္စရေးမှ အကူညီယူကာ အဆင့်မြှင့်တင်မှုပြုလုပ်ခဲ့ကြဖူးပါတယ်။ F-7M တိုက်လေယာဉ်များကို တပ်မတော် (လေ)မှ အစီးရေ (၆၀)ကျော် အထိပိုင်ဆိုင်ထားခဲ့ဖူးပါတယ်...။ F-7 တိုက်လေယာဉ်များကို တရုပ်နိုင် ငံမှ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ရုရှားရဲ့ ကမ္ဘာကျော် MiG-21 တိုက်လေယာဉ်များကို ပုံတူယူကာ ထုတ်လုပ်ထားခြင်းဖြစ်ပီး မူလ MiG-21 တိုက်လေယာဉ်များထက်ပင် စွမ်းဆောင်ရည်မြှင့်တဲ့ F-7 မျိုးကွဲများရှိပါတယ်။ လတ်တလောသတင်းများအရ ပါကစ္စတန်လေတပ်ရဲ့ F-7PG များဟာ F-7 မျိုးကွဲများအနက် အဆင့်မြှင့်ဆုံးလို့ သိရပီး လေတပ်ရဲ့ F-7M တိုက်လေယာဉ်များကို အမှန်တကယ် အဆင့်မြှင့်တင်ဖြစ်မယ်ဆိုရင် ဘယ်လိုနည်းပညာမျိုးပါလာမလား ဆိုတာကတော့ အထူးစိတ်ဝင် စားစရာကောင်းတဲ့ အချက်ပါ။

JF-17 ဘက်စုံသုံးတိုက်လေယာဉ်

နောက်တစ်ချက်ကတော့ သတင်းကြီးနေတဲ့ JF-17 ဘက်စုံသုံးတိုက်လေယာဉ်များအကြောင်းပါ။ JF-17 တိုက်လေယာဉ်ကို တရုပ်နှင့်ပါကစ္စတန် ပူးပေါင်းထုတ်လုပ်နေတာဖြစ်ပီးတော့ အဆင့်မြှင့်တင်မှု၊ စမ်းသပ်မှု အမျိုးမျိုး လုပ်ဆောင်နေရဆဲ တိုက်လေယာဉ်တစ်မျိုးဖြစ်ပါတယ်...။ ဒီတော့ ဒီလေယာဉ်ရဲ့ စွမ်းဆောင်ရည်ကို မိမိတို့အနေနှင့် အတိအကျပြောလို့မရသေးပါဘူး။ တရုပ်ကိုယ်တိုင်တောင် သူ့လေတပ်မှ မသုံးပဲ J-10A/ J-10B ပြည်တွင်းထုတ်နှင့် J-11 စသည့် တိုက်လေယာဉ်များကို အဓိကထားနေတာကို သတိထားမိပါတယ်။ သို့သော် မိမိတို့လေတပ်ရဲ့ ဘတ်ဂျက်အရ ဝယ်ယူဖြည့်တင်းရမှာမို့ ကန်ဒေါ်လာ သန်း ၁၅-၂၀ ဝန်းကျင် တိုက်လေယာဉ်များကိုသာ မျှော်မှန်းနိုင်သေးတာကိုတော့ လက်ခံထားရပါမယ်..။

ဒီထက် ပိုသင့်တော်တဲ့ MiG-35 တိုက်လေယာဉ်များဆိုရင်တော့ စွမ်းဆောင်ရည် အရမ်းကွာ သွား ပြီး ဈေးနှုန်းလည်း သိသိသာသာ မြှင့်နေပါတယ်။ တပ်ပိုင်းဆိုင် ရာ ခေါင်းဆောင်များ အနေနှင့် လည်း အထိုပါအချက်များကို သေချာသိထားပီးသားဖြစ်မှာမို့ မိမိတို့နိုင်ငံအတွက် အသင့်တော် ဆုံးသော တိုက်လေယာဉ်မျိုးဆက်သစ်တစ်မျိုး မကြာတော့သော ကာလမှ ပိုင်ဆိုင်လာတော့ မယ် ဆိုတာ သေချာနေပြီ ဖြစ်ပါတယ်...။

တပ်မတော်(လေ)ရှိ BN-2 Islander MPA

လေတပ်အတွက် နောက်ထပ်သတင်းထူးတစ်ခုကတော့ပင်လယ်ပြင်စိုးမိုးရေးဆိုင်ရာကင်းလှည့်ရေးလေ ယာဉ်တစ်မျိုးအကြောင်းပဲဖြစ်ပါတယ်...။ မိမိတို့လေတပ်မှာ လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ပင်လယ်ပြင် ကင်းလှည့်ရေးလေယာဉ်များထက် စွမ်းဆောင်ရည် ပိုမိုမြှင့်မားတဲ့ လေယာဉ်အမျိုး စားတစ်မျိုး လိုအပ်နေပါပြီ။ ဒီအချက်ကို ပိုမိုသေချာသွားစေတာကတော့ ကာကွယ်ရေးဦးစီးချူပ်ရဲ့ အင်ဒိုနီးရှားခရီးစဉ်အတွင်းက CN-235 အမျိုးစား လေယာဉ်များထုတ်လုပ်ရေးစက်ရုံ ကို လေ့ လာကြည့်ခဲ့ကြောင့်ဖြစ်ပါတယ်။ စပိန်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ ပူးတွဲထုတ်လုပ်နေတဲ့ အဆို ပါလေ ယာဉ်များဟာ လေတပ်ရဲ့ BN-2 Islander များကို အားဖြည့်ပေးနိုင်မယ့် အမျိုးစား လည်း ဖြစ်ပါတယ်...။ ကျယ်ပြောလှတဲ့ မြန်မာ့ရေပြင်ပိုင်နက်ကို အပြည့်အဝကာကွယ်ပေးဖို့အတွက် အမှန်တကယ်လိုအပ်နေပါတယ်...။






CN-235-220 MPA လေယာဉ်များအား ဆက်လက်လေ့လာလိုပါက- Click နှိပ်ပါ
ကာကွယ်ရေးဦးစီးချူပ်၏ အင်ဒိုနီးရှားခရီးစဉ်- Click နှိပ်ပါ
သတိထားမိတာလေးတွေပါ ဆက်လက်ဖော်ပြပေးပါဦးမည်... :)
မူရင်း=http://mmmilitary.blogspot.com/2014/05/blog-post.html?spref=fb

No comments:

Post a Comment