Tuesday, May 6, 2014

လူ ၅ဝ ကျော် အင်အား သုံးထား တဲ့ နန်းဆု ရတီ စိုးရဲ့ ဘယ်အ ချိန်မှာ နင် အမ်တီ ဗီရိုက် ကွင်း

1506393_327042327420704_2691639285266508049_n

နန်းဆုရတီစိုးက ရှေ့ဆက်သွားမှာပဲ (Forward) တေးစီးရီးထဲက ဆိုတေးရေးပေးထားတဲ့ ဘယ်အချိန်မှာနင် သီချင်းကို မေလ ၁ ရက်နေ့က အောင်ဆန်း အားကစား ကွင်းထဲမှာ MTV ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းပုံစံရိုက်ကူးမှာဖြစ်ပြီး ကိုဝင်းသူရလှိုင်ရဲ့ဇာတ်လမ်းကို ဇာတ်ညွှန်းနဲ့ ဒါရိုက်တာဝင်းလွင်ထက်က ရိုက်ကူးပုံဖော် ကာ အော င်လေးနဲ့ နန်းဆုရတီစိုးတို့က
သရုပ်ဆောင်ခဲ့ပါတယ်။
ဒီသီချင်းတစ်ပုဒ်ရိုက်ကူးဖို့အတွက် ဘောလုံးကွင်းကို နာရီနဲ့ငှားခဲ့ရသလို လူအင်အား ၅ဝကျော်လောက် သုံး ကာ နှစ်ရက်ရိုက်ကူးမှာဖြစ်ပြီး ပုံမှန်နှစ် ဂျူတီရိုက်တဲ့ MTV ရိုက်ကွင်းကို ၄ ဂျူတီ ခွဲလောက်ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။
” ဒီနေ့ရိုက်ကွင်းကတော်တော် ခက်ခက်ခဲခဲတည်ရတယ်လို့ ပြောလို့ရတယ်။ ၃ကြိမ်ရှိပြီ။ ရက်သတ်မှတ်ပြီးတော့မှ မရိုက်ဖြစ်တာ။ သင်္ကြန်မတိုင် ခင်တစ်လ လောက် က တည်းကစပြီးတည်နေတာ။
ဒီ နေ့မေဒေးနေ့မှ မှတ်မှတ်ရရ အဆင်ပြေသွားတယ်။ ဘောလုံးကွင်းကမရတာနဲ့ ကိုဝင်းလွင်ထက် မအားတာနဲ့နန်းဆုလည်း မအားတာနဲ့ လူ တွေအများကြီး ထည့်ပြီး ရိုက်ရတာဆိုတော့ အကုန်လုံးကိုတစ်ရက်တည်း နဲ့ကြိုချိန်းလို့မရဘူး။တစ်ပတ်၊နှစ်ပတ်လောက်ကိုကြိုပြီး confirm လုပ် ရတဲ့အခြေအနေ ဆိုတော့ တော်တော်လေး သေသေချာချာ လုပ်ရတဲ့အပိုင်း တွေရှိတယ်။
ဒီသီချင်းထဲမှာ လူအင်အား ၅ဝကျော်လောက်သုံးပြီး ဇာတ်လမ်းပုံစံဖရိန် အကြီးဟဲဗီးဒရာမာ ပုံစံ မျိုးရိုက်မှာပါ။ ကျောင်းက ဘောလုံးအသင်းကနေ တအားကံကောင်းလို့ နာမည်ကြီးသွားတဲ့ ဘောလုံးသမား အကြောင်းပေါ့။ နောက်နေ့ ကျရင် မြန်မာနဲ့ စင်ကာပူနဲ့ ကန် တဲ့ တကယ့် ပွဲ တွေမှာ ပရိသတ်ရော မင်းသားရောဝင်ရိုက်မှာပါ။ ကိုဝင်းလွင်ထက် လည်း သေချာလေး အားစိုက်ပြီး ရိုက်ထားတယ်။ဘယ် MTV မှ ရိုက်ရတာ ဒီလော က်မ ပင်ပန်းဘူးလို့တောင် ပြောတယ်” လို့ပြောပါတယ်။
ဒီသီချင်း တစ်ပုဒ်တည်းကို ရိုက်ကူးနေဆဲ မှာသိန်း ၃ဝ ကျော်သွားပြီ ဖြစ်ကြောင်း သိရပြီး ကုန်ကျစရိတ်ထက် MTV ကို အကောင်းဆုံးရိုက်ကူးဖို့ပဲ စိတ်ထဲမှာရှိ တယ် ဆိုတဲ့နန်းဆုရတီစိုးက ” တစ်ခွေလုံးစာချည်းတွက်မယ်ဆိုရင် တအားများ တယ်လို့ ထင်ရတယ်။ ဒါပေမဲ့တစ်ပုဒ်ချင်းစီ ကောင်းသွားတဲ့ ပီတိကိုဘာနဲ့မှယှဉ်လို့မရတဲ့အတွက် မတွက်တော့ဘူး။
တစ်ပုဒ်ချင်းစီ ပေါ်မှာပဲအာရုံထားလိုက်တယ်။ကိုယ်ရိုက်ချင်တဲ့ပုံစံ၊
ပရိသတ်ကြိုက်မယ့်ပုံစံ၊ ဒါရိုက်တာဖန်တီး ချင်တဲ့ပုံစံ အားလုံးပါစေ
ချင်တယ်” လို့ ပြော ပါတယ်။

No comments:

Post a Comment