Monday, January 6, 2014

၅၉ (စ) ပြင်ဆင်ခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့၏ အနာဂတ်

ဒေါ်စု နှင့် NLD က ၅၉ (စ) ကို ပြင်
ချင်တယ်ဆိုတာတွေ ခုတစ်လောမှာ 
လုပ်လာတယ်။ ဟုတ်ပြီ ပြင်ကြမယ်ပဲ
 ဆိုပါစို့။ ဘယ်လိုပြင်ချင်တာလဲက
 အရေးကြီးလာတယ်။ ခက်နေတာက 
ဘယ်လိုပဲပြင်ပြင် ဒေါ်စုသမ္မတ ဖြစ်နိုင်
သည်ထက်ပြင်ရင် အမျိုးသားလုံခြုံရေး
ကို ထိခိုက်မယ်။
ဒေါ်စုက တိုင်းရင်းသား မိဘနှစ်ပါး က မွေးလာတာတွေက မှန်ပေမယ့် ၅၉ (စ) 
ကို ပြင်/ဖျက်ရလောက်အောင်ထိ ၅၉ (ခ) က မလုံခြုံသေး ဘူး။ ၅၉ (စ) ပြင်ဆင် လိုက် ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ဥ ပဒေ ပညာရှင် ဒေါက်တာ ဆလိုင်းငွန်ကျုံး
လျန်ပြောတာ အထင်အရှားရှိ တယ်။ 
ဘယ်သူမှ မငြင်းနိုင်ဘူး။ အမျိုးသား လုံခြုံရေးကို ထိခိုက်မယ်ဆိုရင် ဒေါ်စုလည်း မရဘူး။ အခြား ဘယ်သူမှလည်း မရဘူး။ ကန့်ကွက်ကြမှာ ပဲ။ ဒေါ်စု အနေနှင့်လည်း ဒါကို သဘောပေါက်ပြီး နောက်တက်လာမယ့် အစိုးရမှာ နောက်ကွယ်က သြဇာအာဏာရှိတဲ့သူ အနေအထားကို စဉ်းစားတာက ပိုအဆင်ပြေမယ်။ ဒေါ်စုရဲ့ အလုပ်လုပ်ပုံတွေကို ကြည့်လိုက်ရင် ဘယ်ကိစ္စတစ်ခုမှ ဖြေရှင်းနိုင်တာ မတွေ့ရဘူး။ လက်ပံတောင်း။ တရားဥပဒေစိုးမိုးရေးကော်မတီ။ ဒေါ်စုကို သမ္မတနေရာမှာ စဉ်းစားကြည့်ရင် သာမာန်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အရည်အချင်းပဲရှိတယ် ဒီ့ထက်မပိုဘူးလို့ သုံးသပ်လို့ရတယ်။

တစ်ဖက်ကကြည့်ရင်တော့လည်း ဒေါ်စုရဲ့ အရှိန်အဝါနှင့် အင်းမေ့ဂ်ျက ကမ္ဘာ့အကြီးဆုံး ပုဂ္ဂိုလ်တွေထဲမှာ ပါတယ်။ ဒီတော့ ဒေါ်စု တက်လာရင် ပြည်ပအကူအညီနှင့် အထောက်အပံ့ကို ရနိုင်မယ်ဆိုတဲ့ အနေအထားမျိုး ရှိတယ်။ အခုလည်း ရထားတာ ရှိတယ်။

တွေးစရာက ဒေါ်စုအာဏာရလာရင် ၅၉ (စ) ကို ပြင်လိုက်လို့ ပြည်ပက နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှုကို ထိပါးလာနိုင်တဲ့ အခြေအနေနှင့် တိုင်းရင်းသားတွေရဲ့ အပိုင်းကဏ္ဍမှာ ဒေါ်စု မကိုင်တွယ်နိုင်မယ့် ကိစ္စ။ တိုင်းရင်းသား လက်နက်ကိုင်တွေနှင့် ပြသနာက ဒေါ်စု ပြောပြောနေသလို ဒီမိုကရေစီစံနှုန်းနှင့် မပြီးဘူး။ ပြီးပြီးရော ဆိုသလို ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ယူကြဆိုရင်လည်း မူဘောင် မရှိသေးဘူး။ ဒါတွေကို တိုင်းရင်းသားများက ဒေါ်စုကို ပါဝင်စေချင်ပေမယ့် နှာစေးနေတော့ တာရှည်မှာ အမြင်မကြည်စရာ ဖြစ်လာတယ်။ ဆန့်ကျင်ဖက် အနေနှင့် တိုင်းရင်းသား တစ်ချို့ (ရခိုင်၊ မွန်၊ ကရင်) တို့နှင့် လူမျိုးရေး ပဋိပက္ခရှိတဲ့ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီနှင့် ပလဲပနံသင့်နေတော့ ပိုပြီး အထင်လွဲစရာ ဖြစ်နေတယ်။ ခုချိန်မှာ ဒေါ်စုနှင့် NLD တကယ် အာရုံစိုက်သင့်တာက ၅၉ (စ) ပြင်ဆင်ရေးထက် Decentralization ပဲ။ ဒီကိစ္စကို ခုချိန်မှာ ပြေလည်အောင် တိုင်းရင်းသားတွေနှင့် ညှိနှိုင်းထားနိုင်ရင် ဒေါ်စု သမ္မတဖြစ်သည် ဖြစ်စေ မဖြစ်သည် ဖြစ်စေ နောင်အနာဂတ်နိုင်ငံ တည်ဆောက်ရေးမှာ ဒေါ်စု အခန်းကဏ္ဍက အဓိက roll က ပါဝင်လာမယ်။ ဆိုလိုတာက သမ္မတ မဖြစ်လဲ နိုင်ငံ့ခေါင်းဆောင်ပဲ။ ဖြစ်လည်း နိုင်ငံခေါင်းဆောင်ပဲ။ ဒါကို မဖြေရှင်းပဲ သမ္မတဖြစ်သွားရင် ဒေါ်စု အရည်အချင်းနှင့်ဆို သမ္မတ သက်တမ်းတစ်ဝက်လောက်မှာ ရှင်းမရအောင် ရှုပ်လာလိမ့်မယ်။

အနောက်က အကူအညီကတော့ ဒေါ်စု သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် ပေးလာမှာပဲ။ သူတို့ ကြည့်နေတဲ့ ဒီမိုကရေစီရှိမရှိဆိုတာမှာ ဒေါ်စု သမ္မတ အရွေးချယ်ခံနိုင်ရေးဟာ အချက်တစ်ချက်အဖြစ်သာ ပါဝင်ပြီး ကျန်တဲ့ အချက်တွေလည်း ရှိသေးတယ်။ ကျန်အချက်တွေမှာ ဦးသိန်းစိန်ရဲ့ အနေအထားက ကောင်းနေတော့ အကူအညီက လာမှာက လာမှာပဲ။ ဒေါ်စု သမ္မတဖြစ်မှ အကူအညီ ရင်းနှီးမြှပ်နှံမှု လာမယ်ဆိုတာက ယုတ္တိမတန်တဲ့ တွေးဆချက်တွေ။ ဗီယက်နမ်ဟာ အနောက်ကပေးတဲ့ ဒီမိုကရေစီ စံနှုန်းတွေကို မလိုက်နာခဲ့တာက များတယ်။ ဒါပေမယ့် strategic source ဖြစ်နေလို့ အနောက်က လိုက်လျောရတယ်။ ခု ဗီယက်နမ် အနေအထားက သိတယ့်အတိုင်းပဲ။ ထိုင်း၊ မလေးရှားနှင့် တန်းတူ ဖြစ်သွားပြီ။ မြန်မာက strategic source ပိုကျတယ်။ လက်မလွှတ်ရဲကြဘူး။ တရုတ် နှင့် အိန္ဒိယရဲ့ လက်ဦးမှုကိုလည်း ကြောက်ကြတယ်။ အထူးသဖြင့် natural resources တွေမှာ။

နောက်တစ်ခုက ဒေါ်စုအနေနှင့် ကြံ့ဖွံ့ရဲ့ ကစားကွက်မှာ မျောသွားပြီ။ ကြံ့ဖွံ့က ၅၉ (စ) ပြင်ဖို့တင်မယ် ပြောတယ်။ ပြင်ပေမယ့်လို့ အဆင်မပြေနိုင်ဘူး။ သားနှစ်ယောက် နိုင်ငံသား ဖြစ်နိုင်မယ့် ကိစ္စမှာ နိုင်ငံတော်ကောင်စီက ခွင့်ပြုပေးရင် ရနိုင်မယ့် အခြေအနေရှိပေမယ့် ချွေးမက မရနိုင်ဘူး။ မြန်မာနိုင်ငံသား ဖြစ်ရန် နှစ် ၂၀ နေဖူးသူ ဖြစ်ရမည်ဆိုတဲ့ ၈၂ နိုင်ငံသား ဥပဒေနှင့် ညိနေတယ်။ ဒါကို မကျေနပ်လို့ ၈၂ ကို ပြင်ဖို့ကြိုးစားလာလျှင် မျိုးချစ်တွေက လက်မခံဘူး။ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီတွေက ၈၂ ပြင်ဆင်ရေး ထောက်ခံလာလို့ တိုင်းရင်းသား ပါတီတွေက ဒေါ်စုကို လက်ခံမှာ မဟုတ်တော့ဘူး။

ဒီအခြေအနေက NLD ဟာ ပြည်သူ့အမုန်းခံပါတီအဖြစ်တောင် ရောက်သွားနိုင်တယ်။ ခုတောင်မှပဲ အရည်အချင်းမဲ့ ပါတီဝင်အချို့ရဲ့ စကားတွေကြောင့် NLD က နာမည်ပျက်စ ပြုနေပြီ။ ကုလားနှင့် သွားပေါင်းရင် ရှင်းမရတော့ဘူး။ NLD မြောင်းထဲရောက်သွားမယ်။ ဒါကို သိဖို့လိုတယ်။

ပြသနာအားလုံးရဲ့ ရင်းမြစ်ကို ကြည့်ရင် ၅၉ (စ) ပြင်ပြီး ဒေါ်စု သမ္မတဖြစ်ချင်တာက အဓိကအကြောင်းရင်း ဖြစ်နေတယ်။ ခုချိန်ထိ NLD နှင့် ဒေါ်စုတို့ မြင်နေတဲ့အတွေးက ဘာဖြစ်ဖြစ် ဒေါ်စုကို ထောက်ခံတုန်းဆိုတဲ့ လွဲမှားတဲ့ အမြင်။ NLD နှင့် ကုလားပေါင်းလိုက်ရင် မျိုးချစ်အင်အား မှုစရာ မလိုဘူးဆိုတဲ့ အတွေးကလည်း ရှိနေတယ်။ ဒါပေမယ့် ၅၉ (စ) ကို ပြင်ဖို့ကြိုးစားရင် မျိုးချစ်၊ တိုင်းရင်းသားနှင့် စစ်တပ်တို့ ပေါင်းစည်းမိသွားမယ်ဆိုတာကို ထည့်တွက်ရပါမယ်။ ကြံ့ဖွံကတော့ နှစ်ဖက်ကြားက အမြတ်ထုတ်ဖို့ ကြိုးစားလိမ့်မယ်။

ဒီလို အခြေအနေကို ရွေ့နေတယ်ဆိုရင် NLD အနေနှင့် ဒေါ်စုအနေနှင့် ဘယ်လို ဖြေရှင်းသင့်လဲ။ အကောင်းဆုံးကတော့ ၅၉ (စ) ကို ပြင်ဆင်ဖို့ မကြိုးစားခြင်းပါ။ ၅၉ (စ) ရဲ့ နောက်ဆက်တွဲ ၈၂ နိုင်ငံသားဥပဒေကို ထိပါးခြင်း မပြုဖို့ပါ။ အဲဒီအစား တိုင်းရင်းသားပါတီတွေနှင့် ပူးပေါင်းပြီး ပြည်နယ်အာဏာခွဲဝေခြင်းကိစ္စ၊ သယံဇာတ ခွဲဝေခြင်းကိစ္စတို့ကို ညှိနှိုင်းပြီး ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖို့ ဆောင်ရွက်သင့်ပါတယ်။ ဒါဆိုရင် NLD နှင့် ဒေါ်စုရဲ့ ပုံရိပ်က အမြင့်ဆုံးကို ရောက်သွားပါလိမ့်မယ်။ မေးစရာရှိလာတာက ဒီလိုဆိုရင် ဒေါ်စု သမ္မတ မလုပ်ရတော့ဘူးလား။ သမ္မတ မဖြစ်တော့ပါဘူး။ ဒါပေမယ့် သမ္မတထက် မြင့်တဲ့နေရာမှာ ရှိနေပါလိမ့်မယ်။ သမ္မတဆိုတာ ပညတ်ချက်တစ်ခုပါ။ သွားလေသူ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်လဆင် မင်ဒဲလား၊ စင်္ကာပူ ဝါရင့်ဝန်ကြီး လီကွမ်ယု၊ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်တို့လို အနေအထားမျိုး ဖြစ်သင့်ပါတယ်။

ဒီအတိုင်းဆက်သွားရင်တော့ NLD နှင့် ဒေါ်စုရဲ့ အနာဂတ်က သိပ်မကောင်းပါဘူး။ လူတစ်ယောက်ကို ဖျက်ဆီးတာဟာ သူ့ရဲ့လောဘသာလျှင် ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒေါ်စု နှင့် NLD ကို ဖျက်ဆီးလျှင်လည်း ဒေါ်စု နှင့် NLD ရဲ့ လောဘကြောင့်သာလျှင် ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။

အမှားသိ၍ အမှန်ပြင်နိုင်ကြပါစေ။

No comments:

Post a Comment