Wednesday, January 15, 2014

ဒုတိယအကြိမ် တောင်ကြီးဖိတ်ခေါ်တင်းနစ်ပြိုင်ပွဲ အကယ်ဒမီပြေတီဦး ၀င်ရောက်ယှဉ်ပြိုင်မည်

ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် အကယ် ဒမီပြေတီဦးသည် မတ်လအတွင်း ကျင်းပ မည့် တောင်ကြီးမြို့ ဖိတ် ခေါ်တင်းနစ်ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
“အစ်ကို ဒီပြိုင်ပွဲတွေကို ၀င်ပြိုင်တာက ၀ါသနာပါလို့ပါ။ ဒီတင်းနစ်ကို ငယ်ငယ်လေး ကတည်းက ၀ါသနာ ပါခဲ့တာပါ။ အထက်တန်းကျောင်း ကတည်းက တင်းနစ်ပြိုင်ပွဲတွေကို ၀င်ပြိုင်ခဲ့တာပါ။ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကိုလုပ်ရင်း စနစ်တကျနဲ့ သေ ချာလေး လုပ်တတ်ပါတယ်” ဟု ပြေတီဦးက ပြောသည်။

မတ်လ၌ သွားရောက်ယှဉ်ပြိုင်မည့်ပွဲတွင် အသင်းဖွဲ့စည်းမှုသည် ယင်းမြို့သို့ ရောက်ရှိမှသာ ဖွဲ့စည်း ရ မည်ဖြစ်ပြီး လာရောက်ယှဉ်ပြိုင် ကြသူများသည် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်အ တွင်း က အားကစား သမားများ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

သရုပ်ဆောင်ပြေတီဦးသည် အထက်တန်းကျောင်း ၇၊ ၈ တန်းအရွယ်က တည်းက မန္တလေးတွင် တိုင်းနှင့် ပြည်နယ် ကျောင်းသားများ တင်းနစ်ပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်ခဲ့သော်လည်း ဆုများရရှိခဲ့ခြင်း မရှိ ကြောင်း ပြောသည်။ ၎င်းသည် နှစ် ၂၀ ကြာ တင်းနစ်ကို ကစားခဲ့ခြင်းမရှိဘဲ ယခုအချိန် ရောက်မှသာ ပြန်လည်ကစားခဲ့ခြင်းဖြစ်ပြီး မိတ်္ထီလာတင်းနစ်ဖိတ်ခေါ်ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိခဲ့ခြင်း ဖြစ်သည်။

အကယ်ဒမီရရှိပြီး နောက်ပိုင်းတွင် ၎င်းအတွက် အနုပညာ နှင့်ပတ်သက်ပြီး ပိုမိုတာဝန်ကြီးလာသည် ဟု ပြောခဲ့သည်။ ယင်းအပြင် အနုပညာအလုပ်နှင့် အိမ်ထောင်ရေးကိုလည်း သေချာ ဂရုတစိုက်ဖြင့် ဇနီး မောင်နှံနှစ်ဦးစလုံး နားလည်မှုများစွာ တည်ဆောက်ထားကြခြင်း ဖြစ်သည်။

ဇာတ်ရုပ်များကို သရုပ်ဆောင်ရာတွင်လည်း ကာရိုက်တာများအရ ပီပြင်အောင် သရုပ်ဆောင်နိုင်သူ တစ် ဦးဖြစ်သည်။ သရုပ်ဆောင်ပြေတီဦးသည် ၂၀၁၁ အကယ်ဒမီထူးချွန်ဆုပေးပွဲတွင် “အာဒံရယ်၊ ဧ၀ရယ်၊ ဒဿရယ်” ရုပ်ရှင်ဇာတ်ကားတွင် အတ္တ၊ မာနကြီးသူ တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့ခြင်းကြောင့် အကောင်း ဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့သည့်အပြင် ၂၀၁၂ အကယ်ဒမီပေးပွဲတွင်လည်း “လက်ပံ” ဇာတ် ကား၌လည်း ဖခင်တစ်ယောက်၏ သမီးအပေါ်ထားရှိသည့် ဇာတ်ရုပ်အငြိမ်ကို ပီပြင်အောင် သရုပ်ဆောင် နိုင်ခဲ့ခြင်းကြောင့် အမျိုးသားဇာတ်ဆောင်ဆုကို ထပ်မံရရှိခဲ့သူ ဖြစ်သည်။ ၎င်းသည် ဇန်န၀ါရီ ၁၀ရက်တွင် ဒါရိုက်တာညိုမင်းလွင် စတင်ရိုက်ကူးနေသည့် “အန်စာတုံး” ဗီဒီယိုဇာတ်ကား၌ စိုးမြတ်သူဇာနှင့် တွဲဖက် သရုပ်ဆောင်နေ ပြီး ကြော်ငြာများ၊ ဗီစီဒီများနှင့် တခြားသော အနုပညာအလုပ် များကိုလည်း ဆောင်ရွက် လျက်ရှိသည်။

No comments:

Post a Comment