Friday, January 24, 2014

" မောစ့် အလွမ်းပြေ ပဒေသာကပွဲကြီးတွင် မောစ့်ပုံစံတူ ရွေးချယ်မည် "

မော့စ် အလွမ်းပြေပဒေသာပွဲကြီးတွင် ဟာသ သရုပ်ဆောင် အကယ်ဒမီမော့စ်၏အောင်မြင်ကျော်ကြား
ခဲ့သော ပြဇာတ်များကို ပြန်လည် ကပြ ပြသသွားမည့်အပြင် မော့စ်ပုံစံတူ ရွေးချယ်သည့် အစီအစဉ်ကိုပါ ထည့်သွင်း ပြုလုပ်သွားမည်ဟု ရန်ကုန် လူရွှင်တော် အသင်း၏ ဒု-ဥက္ကဋ္ဌ ခင်လှိုင်က ပြောသည်။

“ဒီတစ်နှစ်တည်းပဲ ကိုမော့စ် အလွမ်းပြေပွဲကို လုပ် သွားမှာ မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ကိုမော့စ်ရဲ့ ပုံရိပ်တွေကို ထင်ဟပ် နေစေဖို့ အတွက် ကိုမော့စ် ပွဲကို နှစ်တိုင်း လုပ်သွားဖို့ ကျွန်တော်တို့ ရန်ကုန် လူရွှင်တော် အသင်းကနေ တိုင်ပင် ထားပါတယ်။ ဒီနှစ်မှာ လည်း ကို မော့စ်ပွဲကို အထူးခြားဆုံး လုပ်ပေး သွားမှာပါ”ဟု ရန်ကုန် လူရွှင်တော် ဒုဥက္ကဋ္ဌ ခင်လှိုင်က ပြောပြသည်။
မော့စ် အလွမ်းပြေ ဟာသ ပဒေသာပွဲကြီးကို MRTV 4 ကနေပြီး တိုက်ရိုက် ထုတ်လွှင့် ပြသ မည် ဖြစ် ပြီး D-2 ဖက်ရှင်မှ Main စပွန်ဆာ အဖြစ် လုပ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။“ကိုမော့စ် အ လွမ်းပြေ ပဒေသာကပွဲ အတွက် အသံတွေ၊ ကာလာ တွေ၊ မီးတွေ၊ ဇာတ်ခုံနဲ့ ဇာတ်ရုံတွေ အကုန်လုံး ကို ကူညီပေးမှာ ကတော့ မင်းသားကို ဖိုးချစ်ပါ။ သူက အကုန်တာ ဝန်ယူပြီးတော့ ကူညီပေးပါတယ်။ သူတို့ တစ်ဖွဲ့လုံး လာကပါမယ်။ သူကလည်း နှစ်ပါးသွားဝင် ကပါမယ်”ဟု ရန်ကုန် လူရွှင်တော် အသင်း  ဒုဥက္ကဋ္ဌ ဟာသ သရုပ်ဆောင် ခင်လှိုင် က ဖြည့်စွက် ပြောပြပေးခဲ့သည်။

မော့စ် အလွမ်းပြေ ပဒေသာကပွဲကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက် နေ့တွင် ရန်ကုန်မြို့ရှိ ပြည်သူ့ ရင်ပြင် ၌ ကပြဖျော်ဖြေ သွားမည်ဖြစ်ကြောင်း သိရသည်။

“ဖခင်ဖြစ်သူ ဟာသပညာရှင် မော့စ်က သူ့ရဲ့ဘဝအတွက်နဲ့ သူ့ဘဝ တစ်လျှောက်လုံးမှာ သူရဲကောင်း ကြီး တစ်ဦး အဖြစ် ရပ်တည်နေခဲ့ပြီး အခု သူမရှိတော့ တာဟာ သူ့ ဘဝ အတွက် သူ ရဲကောင်းကြီး တစ်ယောက် ဆုံးရှုံးသွား ရသလို ဖြစ်နေဆဲပါ”ဟု ထိုက်စံက ဆက်လက်ပြော လာပါသည်။

“ကြာလေ ကြာလေ အဖေ မရှိတော့တဲ့ တန်ဖိုးကို ပိုပိုပြီးတော့ သိ လာတယ်။ နားလည် လာတယ်။ ဘာ လိုလိုနဲ့ အဖေ ဆုံးသွားခဲ့တာ တစ်နှစ် ပြည့်တော့မယ် ။မိသားစု စုံစုံလင် လင် မရှိတော့ဘူးလေ။ ကျွန်တော် ရိုက် ထားတဲ့ ဇာတ်ကားတွေ ကိုလည်း အဖေ ကြည့်ခွင့် မရတော့ဘူး။ ခါတိုင်း အဖေ ရှိနေရင် ဘာလေးကို ဒီလို လုပ်လိုက်၊ ဟိုလိုလုပ်လိုက် ဆိုပြီးတော့ သွန်သင် ပြသနေကြဗျ” လို့ ထိုက်စံက ဖြည့်စွက် ပြောပြပါတယ်။

ရန်ကုန် လူရွှင်တော် အသင်းရဲ့ ဒု-ဥက္ကဋ္ဌ ဟာသသရုပ်ဆောင် ပညာရှင် ခင်လှိုင်ကတော့ ဟာသ ပညာ ရှင် မော့စ် နဲ့ ပတ်သက်တဲ့ အမှတ်တရတွေ၊ တွေ့ တိုင်း အတူရောက် ခဲ့ဖူးတဲ့ နေရာတွေ ကို ပြန်ရောက်တိုင်း အမြဲ လွမ်းဆွတ် သတိရနေတယ် လို့ပြောပါတယ်။

“အဲဒါအတွက် လည်း လူရွှင် တော် အသင်းကနေ ဦးဆောင်ပြီး တော့ ကိုမော့စ် တစ်နှစ်ပြည့် အလွမ်း ပြေဟာသ ပဒေသာကပွဲကြီး လုပ်ဖို့ လည်း စီစဉ် ထားပြီးနေပါပြီ။ အမှန် ဆိုရင် ဒီပွဲကြီးကို ကိုမော့စ် တစ်နှစ် ပြည့်မယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့ မှာပဲ လုပ်မလို့ပါ။ ဒါပေမဲ့ ပွဲရက်တွေ က ကျပ်နေပါတယ်။ အဲဒါကြောင့် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကို ပြည်သူ့ ရင်ပြင်မှာ လုပ်ပါမယ်။ စပွန်ဆာ ပေါ်မူတည်ပြီးတော့ Free show ဖြစ်ရင် ဖြစ်မယ်။ လက်မှတ်ရောင်းဖြစ် ရင်လည်း ရောင်းဖြစ်မယ်။ သိပ် မသေချာသေးပါဘူး” လို့ ဟာသပညာ ရှင် ခင်လှိုင် က ပြောပြပါတယ်။

လက်မှတ်နဲ့ ရောင်းချဖြစ်ခဲ့မယ် ဆိုခဲ့ရင်လည်း ရရှိလာမယ့် အမြတ်အစွန်း ငွေကြေး များကို လူရွှင်တော် သက်ကြီး တွေ အတွက် ပြန်လည် လှူဒါန်းမယ့် အပြင် လူရွှင်တော် သက်ကြီးရွာ အတွက် ကိုလည်း လှူဒါန်း သွားမှာဖြစ်တယ်လို့ ဟာသပညာရှင် ခင်လှိုင်က ဆက်လက် ပြောပြပေးခဲ့ပါတယ်။

No comments:

Post a Comment