Thursday, January 23, 2014

နိုင်ငံတော်အတွက် အကျိုးပြုမယ်လို့ ယူဆတဲ့ အမျိုးသား နိုင်ငံရေး အမြင်နဲ့ပဲ အမြဲကြည့်ပါတယ်။

နိုင်ငံသားမဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို စဉ်းစားဆွေးနွေး သင့်တယ်လို့ ယူဆတဲ့ ဥပဒေတစ်ရပ်ဖြစ်လို့ ထောက်ခံခြင်း
 ဖြစ်ပါတယ်။
ကျွန်တော်တို့ အနေနဲ့ ထောက်ခံ ကန့်ကွက် ရာမှာ လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်း မကြည့်ဘဲ နိုင်ငံတော်အတွက် အကျိုးပြု

မယ်လို့ ယူဆတဲ့ အမျိုးသား နိုင်ငံရေး အမြင်နဲ့ပဲ
အမြဲကြည့်ပါတယ်။
အခုဆုံးဖြတ် တာကလည်း ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုတာ မဟုတ်သေးပါဘူး။ဆွေးနွေး စဉ်းစားဖို့ ဆုံးဖြတ်တာပါ။ ဆွေးနွေးတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေကို နားထောင်ရပါဦးမယ်။ လိုအပ်ရင်လည်း ပါဝင်ဆွေးနွေးသင့်ရင် ဆွေးနွေးရမှာပါ။

ဗိုလ်မှူးချုပ် ကျော်ဦးလွင် (တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်)

Photo : ၂၀၁၃ သြဂုတ်လ ၂၃ ရက်က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေး တွင် နိုင် ငံ သား မဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက် ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျန် လွှတ်တော် ကိုယ်စားလှယ် အချို့က ထောက်ခံကြောင်း မတ်တတ်ရပ် ဆန္ဒပြုကြစဉ်

Photo Credit : News Eleven

နိုင်ငံသား မဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၌ လက်ခံဆွေးနွေးရန် ၂၀၁၃ သြဂုတ် ၂၆ ရက်က ကျင်းပသော လွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အားလုံးက ထောက်ခံခဲ့ပြီး ထောက်ခံမဲ ၁၀၇ မဲ ရရှိကာ သတ်မှတ်ချက်ထက် ကျော်လွန်သဖြင့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် လွှတ်တော်၌ ဆုံးဖြတ်ခဲ့သည်။

No comments:

Post a Comment