Thursday, January 16, 2014

Myanmar Instrumental Show 2014 အခမဲ့ ကြည့်ရှုနိုင်

Photo: Myanmar Instrumental Show 2014 အခမဲ့ ကြည့်ရှုနိုင်
Thursday, January 16, 2014

ဂီတလောကတွင် အောင်မြင်မှု ရရှိနေသော ဂစ်တာသမား ၂၀ ဦးကျော် ပါဝင်တီးခတ်ကြမည့် Myanmar Instrumental Show 2014 ကို ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မိုင်ဒါကွင်း၌ ပထမဆုံးအကြိမ် ပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆို ဝင်ကြေး အခမဲ့ဖြင့် လာရောက် ကြည့်ရှုနိုင်ကြောင်း ယင်းပွဲကို စီစဉ်ပြုလုပ်သည့် ဂင်္ဂါ-ချယ်ရီ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဂင်္ဂါက The Voice သို့ ပြောကြားသည်။

“ဒီလိုပွဲမျိုးတွေက နိုင်ငံခြားမှာတော့ လုပ်နေကြပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ရုပ်သံလိုင်းတွေကနေ စိတ်ဝင်တစား ကြည့်ဖူးတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုပွဲမျိုးလေး လုပ်ရင် ကောင်းမလားဆိုပြီး နာမည်ကျော် ဂစ်တာသမားတွေနဲ့ တိုင်ပင်တဲ့အခါ အားလုံးကလည်း လိုလိုလားလားနဲ့ ဒီပွဲလေးမှာ အားလုံး ပါဝင်ချင်ကြတဲ့အတွက် လုပ်ဖြစ်သွားတာပါ။ အစကတော့ ပြည်ပက ဂစ်တာသမားတွေကို ဒီပွဲအတွက် ဖိတ်ခေါ်ဖို့ စဉ်းစားသေးတယ်။ အချိန်မရတာနဲ့ မခေါ်ဖြစ်တော့တာ” ဟု ယင်းပွဲနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းဖျော်ဖြေပွဲတွင် ဂီတလောကမှ နာမည်ကျော် ဂစ်တာသမား ၂၀ ဦးကျော်က လက်စွမ်းပြ တီးခတ်ကြမည် ဖြစ်ပြီး၊ အနယ်နယ် အရပ်ရပ်မှ ဝါသနာရှင်များ အနေနှင့်လည်း တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ တီးခတ်လိုပါက နံနက် ၁၀ နာရီမှစတင်ကာ နာမည်စာရင်းပေး၍ လာရောက် တီးခတ်နိုင်ကြောင်း၊ အခမဲ့ ကြည့်ရှုနိုင်သည့်ပွဲ ဖြစ်သော်လည်း ဖြစ်သလို မလုပ်ထားဘဲ စင်မြင့် ဒီဇိုင်းကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားသလို၊ မီးအလှဆင်မှု အပိုင်းတွင်လည်း ဂစ်တာသမားများ တီးခတ်မည့် သီချင်းနှင့် လိုက်ဖက်သည့် အလင်းရောင်မျိုးပေးနိုင် အောင်ကြိုးစားထားကြောင်း ဦးဂင်္ဂါက ဆိုသည်။

“ဒီပွဲမှာ ကျွန်တော်က ကျွန်တော်တီးဖူးတဲ့ သီချင်းတွေထဲက နှစ်ပုဒ်ကို နည်းနည်း Modify လုပ်ပြီးတီးမယ်။ အချိန်ကတော့ ဂစ်တာသမား တစ်ယောက်ကို ၁၅ မိနစ် သတ်မှတ်ပေးထားတဲ့အတွက် အဲဒီအချိန် အတိုင်းအတာအတွင်း ဝင်အောင်တော့ တီးရမှာပေါ့။ ဒီပွဲမျိုးက ဂီတလောကအတွက် လုပ်သင့်လုပ်ထိုက်တယ်။ ဂီတ ဝါသနာရှင်တွေလည်း စိတ်ဝင်စားမယ့် ပွဲမျိုးပါ။ ဂစ်တာသမားတွေ တီးခတ်တာကို နားထောင်ရုံသာမကဘဲ စိတ်ပါရင် ကိုယ်တိုင်လည်း တက်ပြီးတီးလို့ ရတဲ့အတွက် ဂစ်တာကို ဝါသနာပါတဲ့ ညီငယ်၊ ညီမငယ်တွေ အားလုံးကို လာကြည့်စေချင်ပါတယ်” ဟု ယင်းပွဲတွင် ပါဝင်တီးခတ်မည့် Iron Cross တီးဝိုင်းမှ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်က ပြောကြားသည်။

The Voice Weekly
ဂီတလောကတွင် အောင်မြင်မှု ရရှိနေသော ဂစ်တာသမား ၂၀ ဦးကျော် ပါဝင်တီးခတ်ကြမည့် Myanmar Instrumental Show 2014 ကို ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီတွင် ရန်ကုန်မြို့ မိုင်ဒါကွင်း၌ ပထမဆုံးအကြိမ် ပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆို ဝင်ကြေး အခမဲ့ဖြင့် လာရောက် ကြည့်ရှုနိုင်ကြောင်း ယင်းပွဲကို စီစဉ်ပြုလုပ်သည့် ဂင်္ဂါ-ချယ်ရီ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးဂင်္ဂါက The Voice သို့ ပြောကြားသည်။
“ဒီလိုပွဲမျိုးတွေက နိုင်ငံခြားမှာတော့ လုပ်နေကြပါ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ရုပ်သံ လိုင်းတွေကနေ စိတ်ဝင်တစား ကြည့်ဖူးတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလိုပွဲမျိုးလေး လုပ်ရင် ကောင်းမလား ဆိုပြီး နာမည်ကျော် ဂစ်တာသမားတွေနဲ့ တိုင်ပင်တဲ့အခါ အားလုံးကလည်း လိုလိုလားလားနဲ့ ဒီပွဲလေးမှာ အားလုံး ပါဝင်ချင်ကြတဲ့အတွက် လုပ်ဖြစ်သွားတာပါ။ အစကတော့ ပြည်ပက ဂစ်တာသမားတွေကို ဒီပွဲအတွက် ဖိတ်ခေါ်ဖို့ စဉ်းစားသေးတယ်။ အချိန်မရတာနဲ့ မခေါ်ဖြစ်တော့တာ” ဟု ယင်းပွဲနှင့် ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းဖျော်ဖြေပွဲတွင် ဂီတလောကမှ နာမည်ကျော် ဂစ်တာသမား ၂၀ ဦးကျော်က လက်စွမ်းပြ တီးခတ်ကြမည် ဖြစ်ပြီး၊ အနယ်နယ် အရပ်ရပ်မှ ဝါသနာရှင်များ အနေနှင့်လည်း တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ တီးခတ်လိုပါက နံနက် ၁၀ နာရီမှစတင်ကာ နာမည်စာရင်းပေး၍ လာရောက် တီးခတ်နိုင်ကြောင်း၊ အခမဲ့ ကြည့်ရှုနိုင်သည့်ပွဲ ဖြစ်သော်လည်း ဖြစ်သလို မလုပ်ထားဘဲ စင်မြင့် ဒီဇိုင်းကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားထားသလို၊ မီးအလှဆင်မှု အပိုင်းတွင်လည်း ဂစ်တာသမားများ တီးခတ်မည့် သီချင်းနှင့် လိုက်ဖက်သည့် အလင်းရောင်မျိုးပေးနိုင် အောင်ကြိုးစားထားကြောင်း ဦးဂင်္ဂါက ဆိုသည်။

“ဒီပွဲမှာ ကျွန်တော်က ကျွန်တော်တီးဖူးတဲ့ သီချင်းတွေထဲက နှစ်ပုဒ်ကို နည်းနည်း Modify လုပ်ပြီးတီးမယ်။ အချိန်ကတော့ ဂစ်တာသမား တစ်ယောက်ကို ၁၅ မိနစ် သတ်မှတ်ပေး ထားတဲ့အတွက် အဲဒီအချိန် အတိုင်းအတာအတွင်း ဝင်အောင်တော့ တီးရမှာပေါ့။ ဒီပွဲမျိုးက ဂီတလောကအတွက် လုပ်သင့်လုပ်ထိုက်တယ်။ ဂီတ ဝါသနာရှင်တွေလည်း စိတ်ဝင်စားမယ့် ပွဲမျိုးပါ။ ဂစ်တာသမားတွေ တီးခတ်တာကို နားထောင်ရုံသာမကဘဲ စိတ်ပါရင် ကိုယ်တိုင်လည်း တက်ပြီးတီးလို့ ရတဲ့အတွက် ဂစ်တာကို ဝါသနာပါတဲ့ ညီငယ်၊ ညီမငယ်တွေ အားလုံးကို လာကြည့်စေချင်ပါတယ်” ဟု ယင်းပွဲတွင် ပါဝင်တီးခတ်မည့် Iron Cross တီးဝိုင်းမှ လိဒ်ဂစ်တာသမား ချစ်စမ်းမောင်က ပြောကြားသည်။

No comments:

Post a Comment