Sunday, January 19, 2014

17.1.2014 to 23.1.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း


မြစ်မခမီဒီယာ တွင်ဖော်ပြထားသော ဒေါက်တာထွန်းလင်း(ဘုတလင်)၏ ၇ ရက်ဟောစာတမ်းမှ ကူးယူဖော်ပြပါသည်။

တနင်္ဂနွေ
မင်္ဂလာပါ။ ဒီတပတ် အတွင်း သင့်ကံဇာတာကောင်းနေပါမည်။ အောင်မြင်ရန် လုပ်ဆောင်မှု့တွေ ရဲရဲ လုပ်လိုက်ပါ။ တိုင်ပင်မနေပါနှင့်။ မှန်တင်ထင်လျှင်လုပ်လိုက်ပါ။ ရည်ရွယ်ချက် တွေ များနေ လျှင် တော့ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ တပြိုင်နက်တည်း လုပ်လျှင် နှောင့်နှေး နိုင်ပါတယ်။ ကွက်ကျော် မြင် တတ်သော သူ ဖြစ်၍ မမှားနိုင်ပါဘူး။ သင်စွန့်စား သင့်တာကတော့ အချစ်ရေး ၊ စီးပွားရေး ၊ အလုပ်အကိုင်တွေ ဖြစ်ပါတယ်။ ခရီးဝေးတွေ သွားဖြစ်မည်။ ရောက်ဖြစ်မည်။ သွားလျှင်

လည်း ကောင်းပါတယ်။ ရာထူးတက်ခြင်း ၊ ပြောင်းရွှေ့ရခြင်း လက်ထပ်ရခြင်း တို့ဖြစ်မည်။ လက်ဆောင်ကောင်းတစ်ခုလည်း မုချရပါလိမ့်မည်။
အကျိုးပေးဂဏန်း - ၁၊၆၊၉။
အထူးဟော - မင်္ဂလာရှိသော ကာလဖြစ်ပါသည်။
ယတြာ - တနင်္ဂနွေနေ့ နံနက်တွင် အောင်သပြေပန်းကို တန်ခိုးကြီး ဘုရားကို ကပ်လှူပါ။

တနင်္လာ
အခုတစ်မျိုး တော်ကြာတစ်မျိုး တွေ ဖြစ်တတ်၍ လူတွေကို အရမ်းမယုံ လိုက်ပါနှင့်။ ဆက်ဆံရ တာများ အခက်အခဲတွေဖြစ်တတ်သည်။ လူယုံထားပြီး စကားကို ကုန်အောင် မပြောသင့်ပါ။ သူ့လူ ကိုယ့်ဘက်သားဖြစ်တတ်တယ်။ ဆန္ဒမစောနှင့်။ အရာရာ ထစ်ငေါ့နှောင့်နှေးပြီးမှ အောင်မြင်မည်။ စွန့်စွန့်စားစားခရီးသွားရခြင်း ၊ စမ်းသပ်ခြင်း ၊ စူးစမ်းခြင်းတွေ မပြုသင့်သေးပါ။ သူများအရှုပ် ကိုယ့် အရှုပ် ဖြစ်တတ်၍ ဆင်ခြင်ပါ။ စပ်တူရှယ်ယာ တွေ မလုပ်သင့်ပါ။ ရစရာငွေတို့ နှောင့်နှေးပြီးမှ ရ မည်။ အချစ်ရေးကံကောင်းပါတယ်။ သို့သော ကတိမတည် သူကို ချစ်မိနေတာမျိုးဖြစ်တတ်တယ်။ ကျန်းမာရေးကောင်းပါတယ်။ ထိခိုက်ရှနာ အနည်းငယ်ဖြစ်တတ်တယ်။ ပညာရေးအောင်မြင်မှု့ ရ မည်။ စကားပြောဆင်ခြင်ပါ။ လုပ်ငန်းပြောင်းလဲ မှု့ဖြစ်မည်။ မိသားစု အတွက် စိတ်ချမ်းသာ ရမည်။
အကျိုးပေးဂဏန်း - ၂၊၄၊၈။
အထူးဟော - သတိလေးတော့ရှိစေချင်တယ်။
ယတြာ - တနင်္လာနေ့မှာ ဘုရားကို ကံ့ကော်ညွန့် ကပ်လှူပါ။ ဇီးသား ၊ ဇီးညွန့် (၃) ဆောင်ပါ။
အင်္ဂါ
ရှေ့ကိုဘဲ တဇွတ်ထိုး လုပ်နေသော်လည်း နောက်ကိုလည်း ပြန်လှည့်ကြည့်သင့်ပါတယ်။ အခက်အခဲ အတိုက်အခံ တွေ ကြုံနိုင်သော်လည်း ကျော်လွှားအောင်မြင် မှု့ မုချရလိမ့်မည်။ အလုပ်ကိစ္စ အားလုံးအဆင်ပြေမည်။ ခရီးဝေးယာယီ သွားရမည်။ အိမ် ၊ မြေရမည်။ ပြောင်းရွှေ့မှု့ ဖြစ်မည်။ (သို့) နေအိမ်ပြင်ရတတ်သည်။ စက် ၊ ကား ၊ ယာဉ် တစ်မျိုးမျိုး ဝင် ၊ ထွက် မယ်။ ရုတ်တရက် ခိုက်မိကိန်းမြင်၍ ဂရုစိုက်သွားလာပါ။ ထီ ၊မဲ တို့ ထိုးပါ။ ပေါက်မည်။ အချစ်ရေးမှာတော့ လိုတစ်မျိုး ၊ မလိုတစ်မျိုး ချစ်သူနှင့် ကြုံနေရတတ်သည်။ မိသားစု အရေး အဆင်ပြေမည်။ အိမ်ထောင်သည်တို့ ဖောက်ပြန်မည်။ စာမေးပွဲ ဖြေဆိုမှု့ မုချအောင်မြင်မည်။
အကျိုးပေးဂဏန်း - ၁၊၃၊၅။
အထူးဟော - ကံကောင်းမည်။
ယတြာ - အင်္ဂါနံဘုရားကို အုန်းဆွမ်းကပ်ပါ။

ဗုဒ္ဓဟူး
လွတ်လပ်မှု့ ဝါသနာပါသူတွေဖြစ်ပါတယ်။ လွတ်လပ် စွာခရီးသွားရကိန်းရှိပါတယ်။ လမ်းခရီးများ အန္တရာယ် မရှိပါ။ အလုပ်အကိုင် အဆင်ပြေပါမည်။ စာမေးပွဲဖြေဆိုမှု့ တွေ အောင်မြငမည်။ ခရီးဝေးယာယီတွေရောက်မည်။ ကျန်းမာရေးကောင်းနေမည်။ အချစ်ရေး စွဲလန်းမှု့တွေရှိနေမည်။ ချစ်သူ ၂ ဦးတွေ့ကိန်းရှိ၍ ဂရုစိုက်ဆင်ခြင်ပါ။ မဆင်ခြင်ပါက အိမ်ထောင်ကျသွားပါမည်။ ယူဖြစ်လျှင် လည်းကောင်းပါသည်။ အိမ် ၊ ခြံ ၊ မြေ ၊ စက် တို့ ဝင် ၊ ထွက် မှု့ ပြောင်းရွှေ့မှု့ ၊ ဆောက်လုပ်မှု့ တွေဖြစ်မည်။ ငွေဝင်ကိန်း ရှိပါတယ်။
အကျိုးပေးဂဏန်း - ၄၊၂၊၈။
အထူးဟော - ကံကောင်းပါတယ်။
ယတြာ - ဘုရားကို ဗုဒ္ဓဟူးနေ့တွင် ရွှေသင်္ကန်းကပ်ပါ။

ကြာသပတေး
ကျော်တော့ လှေသူကြီး ငြားတော့ လှေထိုးသားမျိုးဖြစ်ကိန်းရှိနေပါတယ်။ လူယုံမထားရ။ လူပေါင်းမှား မည်။ ကိုယ်ရေးကိုယ်တာထက် သူတပါး အတွက် စိတ်ရှုပ် ပူပန်ရတတ်တယ်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ပြန်ခေါ်မည်။ ခရီးဝေးယာယီတွေရောက်မည်။ ဝမ်းဗိုက်ရောဂါရတတ်၍ အစားဆင်ခြင်ပါ။ အလုပ်အကိုင်မှာ အတိုက်အခံတွေကြုံမည်။ ကျော်လွှား နိုင်မည်။ စီးပွားရေး ငွေကြေးရရှိမှု့ အဆင်ပြေအောင်မြင်လာမည်။
အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၂။
အထူးဟော - အောင်မြင်မည်။
ယတြာ - ကြာသပတေးနေ့ နံနက်တွင် အောင်သပြေပန်း(၁၉) ညွန့်ကို ဘုရားကို ကပ်လှူပါ။

သောကြာ
ကံကောင်းနေပြီ။ စိတ်တွေ ကြည်လင်လာမည်။ မကောင်းမှု့တွေ ဖယ်ပြီး ကောင်းသော အလုပ်နှင့် စိတ်ဓာတ်တွေပြည့်စုံလာမည်။ ခရီးဝေးယာယီမြင်ပါတယ်။ လမ်းခရီး အန္တရာယ်မရှိပါ။ ကျန်းမာရေးကောင်းနေမည်။ အလုပ်အကိုင် အဆင်ပြေနေမည် ။ စီးပွားရေး အောင်မြင်မည်။ တိုးချဲ့လုပ်ကိုင် မှု့တွေဖြစ်မည်။ စကားပြောဆင်ခြင်ပါ။ စကားရှုပ်တတ်သည်။ အတိုက်အခံတွေကျော်လွှားဖြစ်မည်။ ရည်ရွယ်ချက်များနေတယ်။ တစ်ခုပြီးတစ်ခုလုပ်ပါ။ အောင်မြင်မည်။
အကျိုးပေးဂဏန်း - ၆၊၉၊၁။
အထူးဟော - အဆင်ပြေမည်။
ယတြာ - သောကြာနေ့ တွင် သစ်သီး (၉) မျိုး ဘုရားကပ်လှူပါ။

စနေ
စိတ်မြန်နေတယ်။ ဆုံးဖြတ်ချက် မြန်နေတယ်။ အောင်မြင်မှု့ရမည်။ အလုပ်တွေများနေမည်။ လုပ်ငန်းတွေအောင်မြင်မည်။ အတိုက်အခံတွေကြုံနေမည်။ ကျော်လွှားအောင်မြင်မည်။ စကားပြောဆင်ခြင်ပါ။ ခရီးယာယီများမည်။ ဖြေဆိုမှု့အားလုံးအောင်မြင်မည်။ ဝင်ငွေ စီးပွားရေး အောင်မြင်မယ်။ အချစ်ရေးကံကော်းမယ်။ အိမ်ထောင်ရေးအ ဆင်ပြေမည်။ ကျန်းမာရေးကောင်းမယ်။ မိသားစု အရေးအဆင်ပြေမည်။ အနီး ၊ အဝေး အလုပ်တွေ အဆင်ပြေမယ်။ ကောင်းသတင်း ကျော်ကြားမယ်။
အကျိုးပေးဂဏန်း - ၇၊၀၊၂။
အထူးဟော - အားလုံးအဆင်ပြေမည်။
ယတြာ - စနေနံ ဘုရားကို စနေနေ့ နံနက်တွင် အောင်သပြေပန်း(၁၉) ညွန့် ဘုရားကို ကပ်လှူပါ။

Source: လက္ခဏာဗေဒင်ပညာ

No comments:

Post a Comment